Wednesday, October 8, 2014

B4 ရဟတ်ယာဉ်ပေါ်ပါ ထိုင်းလေယာဉ်မှူးကို တွေ့ပြီး၊ မြန်မာလေယာဉ်မှူး လည်း တောထဲရှိ ဂူတစ်ခုတွင်ရှိနေ

B4 ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ထိုင်းလေယာဉ်မှူး Mr. Chat Chawal ကို အောက်တိုဘာ ၈ရက် နံနက်တွင် ပြန်လည်တွေ့ ရှိပြီဖြစ်ပြီး မြန်မာလေယာဉ်မှူး ဦးအောင်မြတ်တိုးကိုနှင့်လည်း GPS အရ တောအုပ်ထဲက ဂူတစ်ခုတွင် ရှိကြောင်း ထူးဖောင်ဒေးရှင်း ၏ ပြန်ကြားရေး တာဝန်ခံ ကိုဘိုထွန်းက မဇ္ဈိမကို ပြောသည်။
"မြန်မာလေယာဉ်မှုကလည်း တွေ့နေပြီ။ သူကမျက်လုံးဒဏ်ရာရထားတဲ့ မျက်လုံး မကောင်းတော့ လမ်းမလျှောက်နိုင်ဘူး။  ထိုင်းကပ္ပတိန်က ဒဏ်ရာကပြဿနာရှိ တယ်။ ကျန်တစ်ယောက် အခုပဲ တောနင်း ကယ်ဆယ်ရေးဆင်နေတယ်" ဟု ယင်းကဆိုသည်။
ထိုင်းလေယာဉ်မှူးကို လန်ဆာထုကျေးရွာသို့ ဒေသခံ ရဝမ်လူမျိုးများ၏ အကူအညီဖြင့် ခေါ်ဆောင် လာ ပြီဖြစ်ပြီး ယင်းရွာတွင် ခေတ္တနားမည်ဖြစ် ကာ ကချင်ပြည်နယ် ပူတာအိုမြို့တွင်ဆေးသကုရန် SOS Medical အဖွဲ့မှ ဆရာများက အသင့်ရှိနေသည်ဟု ထူးဖောင်ဒေးရှင်းက ထုတ်ပြန် ထားသည်။
ပျောက်ဆုံးသွားသည့် ရဟတ်ယာဉ်ပေါ်တွင် လေယာဉ်မှူး နှစ်ဦး အပါအဝင် ဦးတေဇ၏ ကိုယ်ရေး လက်ထောက် ရွှေရင်တော်ကြီးတို့ ပါသွားခဲ့ပြီး ရွှေ ရင်တော်ကြီးကို အောက်တိုဘာ ၇ရက်တွင် ပြန်လည် လန်ဆာထုရွာတွင် တွေ့ရှိခဲ့သည်။ သို့သော် ပျောက်ဆုံးရဟတ်ယာဉ်နှင့် ပတ်သက်၍ တွေ့ရှိသည်၊ မတွေ့ရှိသည် ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။
"လေယာဉ်ပျက်ကျတာ ဟုတ်၊မဟုတ်ဆိုတာတော့ မထုတ်ပြန်နိုင်သေး ဘူး။ လေယာဉ်ထက် လူက အရေးကြီးဆုံးပဲ’’ ဟု ထူးဖောင်ဒေးရှင်း ၏ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက်က အောက်တိုဘာ ၇ရက် ညနေက မဇ္ဈိမကို ပြောထားသည်။

B4 ရဟတ်ယာဉ်မှာ ခါကာဘိုရာဇီတောင်တွင် ပျောက်နေသည့် တောင်တက် သမားနှစ်ဦးကို ရှာဖွေသည့်အဖွဲ့အား ရိက္ခာသွားပို့ရင်း စက်တင်ဘာ ၂၇ရက်တွင် အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။


Mizzima - News in Burmese

No comments:

Post a Comment