Tuesday, October 7, 2014

နိုင်ငံဖွံ့ဖြိုးရေးမေးခွန်းများ တပ်ကိုယ်စားလှယ်များမှ အများဆုံးမေး

ဓာတ်ပုံ-တပ်မတော်သားကိုယ်စားလှယ်များအားတွေ့ရစဉ်
7.10.2014
နိုင်ငံတော်၏ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် သက်ဆိုင်သောမေး ခွန်းများကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များ က လွှတ်တော် အစည်းအဝေးနှစ်ရပ်လုံး တွင်အများဆုံးမေးခဲ့ကြောင်းသိရသည်။ 
နိုင်ငံတော်၏ အနာဂတ်စီမံ ကိန်းများ၊ ဝန်ကြီးဌာနများ၏ စီမံ ကိန်းများနှင့်သက်ဆိုင်သော ယေ ဘုယျမေး ခွန်းများကို တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် များက ဒသမအကြိမ် လွှတ်တော် အစည်းအဝေးများမှစ ၍ ခပ်စိပ် စိပ်မေးမြန်းခဲ့ခြင်းဖြစ်သည်။
တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော် တွင်းပုံစံပြောင်းလဲလာခြင်းမှာ လွှတ်တော် တွင်း ရှိ တပ် မတော် သားကိုယ်စားလှယ် ၂၅ ရာခိုင် နှုန်းသည် နိုင်ငံနှင့် ပြည်သူလူထု အတွက် အတိုင်း အတာတစ်ခု အထိ အကျိုးသက်ရောက်မှုရှိ သည်ကို ပြလို၍ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသူများ  က သုံး သပ်သည်။
လွှတ်တော်သက်တမ်း ၃ နှစ်တာကာလအတွင်း ကျင်းပခဲ့ သော လွှတ်တော်အစည်းအဝေး နဝမအကြိမ် အထိ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်ရှိ တပ်လွှတ်တော်ကိုယ် စားလှယ်များတိတ်ဆိတ် စွာ ပင် နေခဲ့ကြသည်။သို့သော်  နိုင်ငံဖွံ့ဖြိုးရေး ၊ အမျိုးသားအကျိုးစီးပွား နှင့်ပတ်သတ်လာလျှင် ပြတ် သားရဲရင့်စွာ ရပ်တည်ခဲ့ကြသည်။
အမျိုးသားလွှတ်တော်ဒသမ ပုံမှန်အစည်းအဝေးကျင်းပချိန်မှ စ၍ တပ်မတော်သားလွှတ်တော် ကိုယ်စား လှယ် များကနေ့စဉ်မေး ခွန်းတစ်ခုစီမေးမြန်းလာကြခြင်း ဖြစ်ပြီး ပြည်သူ့လွှတ်တော်တွင် မူ (၁၁)ကြိမ်မြောက် အစည်း အဝေးမှစ၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကမေးခွန်းများ မေြး မန်းလာခြင်းဖြစ် သည်။

ယခင်ကတည်းက တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ်များကို မေးခွန်းမမေးမြန်းရ ဟု ကန့်သတ်ထားခြင်းမျိုးလည်း မရှိခဲ့ဘဲ ယခုမှ မေးမြန်းနိုင်သည် ဟု ခွင့်ပြုပေးလိုက်ခြင်းမျိုးလည်း မဟုတ်ကြောင်း ပြည်သူ့လွှတ် တော်မှ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်ဗိုလ်မှူးကြီး ဉာဏ်နိုင်က ပြောသည်။

လွှတ်တော်စတင်ကျင်းပစဉ် မှစ၍ ပြည်ထဲရေးဝန်ကြီးဌာနမှ တင်သွင်းသော ရပ်ကွက်/ကျေး ရွာအုပ်ချုပ်ရေးမှူး ဥပဒေအပေါ် တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်များက ပါဝင်ဆွေးနွေးမှု များမှစ၍ လွှတ်တော်ကိုယ်စား လှယ်တာဝန်မှရုပ်သိမ်းခြင်းဆိုင် ရာ ဥပဒေအပေါ် ဆွေးနွေးရာတွင် လည်း ရွေးကောက်ခံကိုယ်စား လှယ်များနှင့်ဆန့်ကျင်၍ တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးခဲ့သည်။

သိသာထင်ရှားမှု အရှိဆုံး အဖြစ် အချိုးကျကိုယ်စားပြုစနစ် ပြောင်းလဲကျင့်သုံးမည့်အဆိုကို လည်း အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဘက်မှနေ၍ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် များက ထောက်ခံဆွေးနွေးခဲ့ကြ ခြင်းပင်ဖြစ်သည်။

ယင်းအချက်ကလည်း အတိုက်အခံနိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများက ထောက်ပြနေသော
ရွေးကောက်ခံမဟုတ် သော လွှတ်တော်ကိုယ်စားလှယ် များမရှိသင့်ဆိုသည့်အချက်ကို တန်ပြန်ထိန်းညှိလိုခြင်းဖြစ်နိုင် သည်ဟု နိုင်ငံရေးစောင့်ကြည့် လေ့လာသူ တစ်ဦးဖြစ်သည့် ဒေါက်တာရန်မျိုးသိမ်းက ၎င်း၏ ယူဆချက်ကို ပြောသည်။

ပထမအကြိမ်မှ ဆဋ္ဌမ အကြိမ်ထိ လွှတ်တော်အစည်း အဝေးကာလအတွင်း မေးခွန်းမေး
မြန်းခဲ့ဖူးခြင်းမတွေ့ရသည့် တပ် မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၇၄ ဦးရှိပြီး အလားတူတပ်မတော်သား အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ၈၁ ဦးရှိသည်ဟုလည်း လွှတ် တော်စောင့်ကြည့်လေ့လာရေး အစီရင်ခံစာတွင် ထည့်သွင်းထား သည်။

ယခုကဲ့သို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အတွင်း တက်ကြွလာမှုကို
ရွေးကောက်ခံ၊ လွှတ်တော်ကိုယ်စားလှယ်များကလည်း ကြိုဆိုလိုက်ပြီး မည်သို့မျှဆွေးနွေးခြင်းမရှိဘဲ ထိုင်နေသည် ထက်စာလျှင် အပြုသဘောဆောင်၍ ကြိုဆိုရမည်ဟု ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

No comments:

Post a Comment