Saturday, August 2, 2014

ဒေါက်တာထွန်းလွင်မှ Eleven Media သို့ သတိပေးစာ


Friday, July 25, 2014 Myanmar Express Group 1 comment
From : .. https://www.facebook.com/MyanmarMediaWatch

ကျွန်တော့ရဲ့ website, facebook တို့မှာဖေါ်ပြထားတဲ့ Post တွေ ဟာ ကျွန်တော်ကိုယ်တိုင် (ကိုယ်တိုင်)အချိန်ကုန် လူပန်း ခံပြီး ဖန်တီးထားတဲ့ ကိုယ်ပိုင် Post တွေဖြစ်ပါတယ်။ ကျွန်တော် သူတစ်ပါးဟာကို ကိုးကားရင်

လည်း Reference, Source တို့ကိုအမြဲဖေါ်ပြပေးပါတယ်။
ကျွန်တော့ တင်ပြချက်တွေဟာ Public လုပ်ထားတဲ့အတွက် မည်သူမဆိုကြည့်နိုင်၊ ဖတ်နိုင်၊ မှတ်နိုင်ပါတယ်။ ပရဟိတ ဒါန လို့ သဘောထားပါတယ်။ အဲ အကိုးအကားအဖြစ် သုံးမယ်၊ဖေါ်ပြ မယ်၊ ပုံနှိပ်မယ်ဆိုရင်တော့ ဒေါက်တာထွန်းလွင် (MCCW) ဆိုပြီးဖေါ်ပြပေး ဖို့လည်း မေတ္တာရပ် ခံထားခဲ့တာ အားလုံး အသိဖြစ်ပါတယ်။
မနေ့ကထွက်တဲ့ နာမည်ကြီး အရွယ်ကြီးကြီးနဲ့ အလွန်လက်သံပြောင်ပေတယ်လို့ နာမည်ကြီး လှတဲ့ ဂျာနယ်ကြီးတစ်စောင်က ကျွန်တော့ facebook ကျွန်တော်ကိုယ်တိုင် (ကိုယ်တိုင်)ဖန်တီး ထားတဲ့ Post တစ်ခုကို ခပ်တည်တည်နဲ့ မျက်နှာဖုံးတင်ပြီး သုံးထားပေမယ့် စောစောက ကျွန်တော်မေတ္တ္တာရပ်ခံထားသလို Source Reference တစ်ခုမှ မပါဘဲ ခပ်တည်တည်ကြီးသုံး ထား တာ ကတော့ ဂျာနယ်ကြီးတစ်စောင်ဖြစ်ပါလျက်နဲ့ ကျင့်ဝတ်ကို နားမလည်တာလား၊ သူတစ်ပါး ကိုတော့ ဝေဖန်တတ်သလောက် ကိုယ့်ကိုယ်ကိုတော့ မဝေဖန်တတ်ဘူးလား ဆိုတာကိုတွေး မိတော့ .....
ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။
မောင်ထွန်းလွင်(မိုးလေ၀သ)




No comments:

Post a Comment