Thursday, August 21, 2014

ရွှေသမင် ဘယ်ကထွက် မင်းသမီးတာကထွက်


အခုတလော ဖေစ့်ဘွခ်မှာ screen shot အတုတွေ ပြန့်နေပါတယ်။ ဦးရဲထွဋ်၊ ဘူးလက်လှဆွေ တို့ အပါအဝင် မနေ့ကဆိုရင်ဖြင့် ဆရာတော် ဦးဝီရသူရဲ့ အမေးအဖြေအင်တာဗျူးကဲ့သို့ အတုပြုလုပ်ထားတဲ့ ဖြေကြားချက်တွေ အများကြီးပြန့်နှံ့နေတာတွေ့မြင်မိပါတယ်။ ဝန်ကြီးဦးရဲထွဋ်ကတော့သူပြောတာမဟုတ်ဘဲ အတုတွေသာဖြစ်ကြောင်း ပြန်ရှင်းထားတာ ဖတ်ရပါတယ်။အစကတော့သန္တာကိုယ်တိုင်လည်းအစစ်လို့တောင် ထင်မိပါတယ်။ ကိုယ်လို အစစ်ထင်တဲ့သူေ တွ ဘယ်နှစ်ယောက်များ ရှိနေလိမ့်ဦးမလည်း။ အတုကိုမှ ပီပီပြင်ပြင် အသေး စိတ်လုပ်ထား တာပါ။ Like ထားတာတွေများဆိုရင် အဘ ဥက္ကာကိုကို တို့ Ye Moeတို့တောင်ထည့်ပေး ထားလိုက်သေးတယ်။ အချိန်ကုန်ခံပြီးတော့ကို စနစ်တကျလုပ်ထားတာပါ။
=
ဒါဆို ဒါတွေကို ဘယ်သူလုပ်နေလဲ။ ဘယ်က ဖြန့်နေသလဲ??????
=
ဘယ်သူလုပ်တယ်တော့ သန္တာလဲ မသိပါဘူး။ ဘယ်က ဖြန့်နေသလဲ ဆိုတာကိုတော့ သိခဲ့ပါ ပြီ။ ဒေါ် အေးမြမြမျိုး ဆိုတဲ့ အမျိုးသမီးရဲ့ အကောင့်မှာ အောက်ပုံထဲက စခရင်ေ ရှာ့နှစ်ခု ကို တင်ထားတာတွေ့ပါတယ် ။ ရှဲလုပ်ထားတာမဟုတ်ပါ။ Upload လုပ်ပြီး တင်ထားတာပါ။ (အခုထိ တင်ထားပါတယ်။ အခုလေးတင် ရိုက်ခဲ့တာပါhttps://www.facebook.com/aye.mya.391/photos) ။ သူ့ရဲ့ ပရိုဖိုင်ကိုကြည့်လိုက်တော့။ NLD အနောက်ပိုင်း ခရိုင်မှာ လုပ်တယ်လို့ သိရပါတယ်။ တင်ထားတဲ့ပုံတွေထဲမှာလဲ ပါတီကလုပ်တဲ့ အစည်းအဝေးပွဲတွေ ဟောပြောပွဲတွေမှာ ပါဝင်ခဲ့ ဖူး တဲ့ပုံတွေတင်ထားတာ အများကြီးတွေ့ရပါတယ်။
=

ဒါဆို မန္တလေး အသုဘ ဖိတ်စာ အတုကကော????
=
ဒါတွေကို ဒေါ်အောင်ဆန်းစုကြည် သိနေလား????
=
သန္တာတို့အနေနဲ့ စဉ်းစားစရာတွေ ပေါ်လာပြီ။ ရွှေသမင် ဘယ်ကထွက် မင်းကြီး တာကထွက် လို့ပြောနေကြသူတွေ....... စာချိုးပြောင်းဆိုရပါတော့ မယ်။ ရွှေ သမင်  ဘယ်ကထွက် မင်းသမီးတာကထွက်.....
=
ဆိုရှယ်မီဒီယာတွေမှာ သတင်းအတုဖြန့်တာမျိုးတွေ နေ့စဉ်နဲ့အမျှတွေ့ဖူးပေမယ့် ဒါမျိုးကကာယကံရှင်တွေရဲ့ဓါတ်ပုံပါတဲ့ ဖစ့်ဘွတ်ပါဆင်နယ်ပရိုဖိုင်ကိုယူပြီး ကာယကံရှင်ကိုယ်တိုင် သူ့ဖေစ့်ဘွတ်စတေးတက်ကနေ တကယ်ရေးသားတာသည့်နှင့်တူအောင် အတုပြု လုပ်ရေး သားထားတာဖြစ်ပါတယ်။ ဒီလိုပုံစံနဲ့ သတင်းအတုဖြန့်ခြင်း၊ ဝါဒဖြန့်ြ ခင်းမျိုးကို၊ အစိုးရအပါအဝင် တခြားဘယ်ပါတီဝင်ကမှ လုပ်တောင်တာ မတွေ့ဖူးပါ။ ဒါပထမဆုံြး ဖစ်ပါ။
=
ဇာတ်လိုက်က ဇာတ်ကွက် ဗီလိန် ဖြစ်နေသလား???
=
အဲဒီတော့ NLD လို ဒီမိုကရေစီအိုင်ကွန်၊ လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းေ ဆာင်၊ဒေါ်အောင်ဆန်းစုကြည်ဥက္ကဌပြုတဲ့ပါတီကြီးကဘာကြောင့်များဒီလို အောက်တန်းကျ တဲ့ စခရင်ရှော့အတုတွေ လုပ်ပြီး ပြည်သူကြား၊ ဆိုရှယ်နက်ဝက် ကြားကို ဖြန့်နေပါသလဲ။ ဒါ အပုတ်ချတယ် ဆိုတာထက်ကို ကျော်လွန်သွားပါတယ်။ ဒါလီဆယ်ယုတ်မာ တယ်လို့ ဆိုနိုင်တဲ့ မရိုးမသား ပြုကျင့်မှုပါ။ NLD လို ပါတီကြီးက ဒါမျိုးတွေလုပ်နေတယ်ဆိုတာ မယုံနိုင်ေ အာင်ပါပဲ။ သန္တာတို့ထင်ထားတဲ့ ဇာတ်လိုက်က ဇာတ်ကွက် ဗီလိန် ဖြစ်နေပါတယ်။ သန္တာတို့ြ ပည်သူတွေမျှော်လင့်ထားတဲ့ အတိုက်အခံဆိုတာ ဒီလို လီဆယ်ဝါဒဖြန့်တဲ့ အတိုက်အခံမျိုးမဟုတ်ပါ။ ကျန်တဲ့စွမ်းဆောင်ရည်ဘာမှမရှိရင်တောင်မှရိုးသားမှုလေးတော့ရှိစေချင်ပါတယ်။ရိုးသားမှုလေး ကိုတော့ မျှော်လင့်မိပါတယ်။ ရိုးသားမှုရှိစေချင်ပါတယ်။ နောက်ပြီး အစိုးရအဖွဲ့နဲ့ အတိုက်အခံပါတီကို တိုက်ခိုက်တာမှ နိုင်ငံရေးမဟုတ်ပါ၊ ဒီမိုကရေစီအရေးမဟုတ်ပါ။ ဒီလောက်နဲ့ မရပါ။မဟာဗျူဟာကျကျနှင့် အဆင့်အတန်းရှိရှိသာ ဝေဖန်သင့်၊ ယှဉ်ပြိုင်သင့်တယ်လို့ ပြော ပါရစေရှင်။
From: သန္တာညိုညို

No comments:

Post a Comment