Friday, August 15, 2014

ဓမ္မစေတီခေါင်းလောင်းပေါ်ရှိသင်္ဘောပျက်ကို ဖယ်ရှားနေကြောင်း ဆယ်ယူရေးအဖွဲ့ပြော

ရေအောက်တွင်နစ်မြုပ်နေသော 
 ဓမ္မစေတီခေါင်းလောင်း ဆယ်ယူနေ
သည်မှာ ငါးရက်ရှိပြီဖြစ်သော်လည်း
 ခေါင်းလောင်းပေါ်တွင် ဖုံးအုပ်နေသော 
သင်္ဘောပျက်တစ်စီးကို ဖယ်ရှားနေသည့်အဆင့်သာ ရှိသေးကြောင်း ခေါင်းလောင်းဆယ်ယူရေး
အဖွဲ့ထံမှ သတင်းရရှိသည်။
ဓမ္မစေတီခေါင်းလောင်းကြီး အပေါ်တွင် သင်္ဘောပျက်တစ်စီး ကဖုံးအုပ်လျက် ရှိနေသော ကြောင့်ယင်းသင်္ဘောကိုဖယ်ရှား နေသည့်အချိန်ဖြစ်နေ ပြီး ရေ အောက် တွင် ခေါင်းလောင်း  အမှန် တကယ်တွေ့ရှိပြီလားဆိုသည့် မေးခွန်း နှင့်ပတ်သက်၍ ဆယ်ယူရေး အ ဖွဲ့က နောက်မှသတင်းထုတ်ပြန်မည်ဖြစ်၍ ပြောကြားခဲ့ခြင်းမရှိချေ။
ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူရေးလုပ်ငန်းကို ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်းနှင့် ရန်ကုန် မြစ်ဆုံစည်းရာ  မြစ်ဝတွင် အမှတ်အသားပြုစည်းဝိုင်းတားကာ ရေငုပ်သမားများနှင့်အလှည့်ကျ လုပ်ဆောင်နေခြင်းဖြစ်သည်။ ရန်ကုန်မြစ်ဝတွင် သုံးထပ်သင်္ဘောတစ်စီးက ကျောက်ချရပ်နားထားပြီးယင်းအနီးတွင် စက်လှေငယ်တစ်စီးက ထပ်မံရပ်နားထားကာ ပရိတ်ရွတ်ခြင်း၊ စောင့်ကြည့်ခြင်းများကို  အဆက်မပြတ်ပြုလုပ်လျက်ရှိသည်။
 ‘‘အသေးစိတ်အချက် အလက်ကို ရေးမှတ်ထားပါတယ်။အခုချိန်မှာတော့ ပြောပြလို့မရ သေးပါဘူး။ မကြာမီသတင်းထုတ် ပြန်သွားမှာပါ’’ဟု ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့ ဦးဆောင်သူ ဦးစံလင်း က ပြောသည်။
ဆလုံရေငုပ်သမား ၁၀ ဦး၊ ဆယ်ယူရေးအဖွဲ့တွင် လူဦးရေ ၇၀ စုစုပေါင်း လူပေါင်း ၈၀ ဖြင့် ဆယ် ယူနေကြပြီး တစ်ရက်လျှင် ရေထချိန်မနက်၊ ညနေတစ်ကြိမ် စီငုပ်ပြီး ရေစီးကြမ်းသည့်နေ့တွင် တစ်နေ့တစ်ကြိမ်သာ ငုပ်နိုင်ခဲ့ သည်ဟု သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့က ခွင့်ပြုချက်ပေးသည်နှင့် ဓမ္မစေတီခေါင်းလောင်းဆယ် ယူ ရေးလုပ်ငန်း ကို ဩဂုတ် ၉ ရက် က စတင်ခဲ့ပြီး သုံးရက်ရှိပြီဖြစ် ကြောင်း ဦးစံလင်းက ပြော သည်။
သင်္ဘောနှစ်စီးဖြင့် ဆယ်ယူ မည်ဖြစ်ပြီး  တစ်ရက်ဆယ်ယူ စရိတ်သည် ကျပ်သိန်း ၂၀၀ နီးပါးရှိ သည်ဟုဆိုသည်။
‘‘ခေါင်းလောင်းရဲ့အပေါ်မှာ ဂျပန်ခေတ်တုန်းက နစ်မြုပ်ခဲ့တဲ့ သံထည်နဲ့လုပ်ထားတဲ့ သင်္ဘော တစ်စီးရှိတယ်။ အဲဒီအောက်မှာမှ ခေါင်းလောင်းရှိတယ်။ အဲဒီသင်္ဘောကိုဖယ်နိုင်မှသာ ခေါင်း  လောင်းကိုဆယ်လို့ရမယ်။ ခေါင်း လောင်းကြီးရဲ့အပေါ်မှာ  ပုစွန် တုပ်ကွေးအကွင်းမရှိတော့ဘူး။ ခေါင်းလောင်းက အောက်ကို ၄၅ ဒီဂရီစောင်းပြီး အဝက အပေါ်မှာ ရှိနေတယ်။ ရေစီးကြမ်းတဲ့အချိန် က ဆယ်လို့အကောင်းဆုံးအချိန် ဖြစ်လို့ အဲဒီအချိန်ရွေး လိုက်တာ ပါ’’ဟု ဦးစံလင်းက ရှင်းပြသည်။
ဓမ္မစေတီခေါင်းလောင်းရှာ ဖွေရေးနှင့် ဆယ်ယူရေးလုပ်ငန်း များကို  အထက်ပါပုဂ္ဂိုလ်က ၁၉၉၇ ခုနှစ်ကတည်းကပြုလုပ်ခဲ့ ပြီး ၁၉၉၈ ခုနှစ်တွင် ခေါင်း လောင်းတည်ရှိရာနေရာကို တွေ့ရှိခဲ့ သည် ဟု ဆိုသည်။
ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်ပြီး ၁၉၈၉ ခုနှစ်ခန့်တွင် စာနယ်ဇင်းမီဒီယာများက စတင်ဖော်ပြ ခဲ့ပြီးနောက် ခွင့်ပြုချက်ဖြင့် ဆယ်ယူရန်အကြိမ်ကြိမ်ကြိုးပမ်းခဲ့သည် ယခုသမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်းဆယ်ယူရန် ခွင့်ပြုချက်ရရှိရေးအတွက် ပြည် တွင်း၊ ပြည် ပစိတ်ဝင်စားသူများက ထပ်မံကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။
ပင်လယ်အောက်တွင် နစ်မြုပ်နေသော ရှေးဟောင်းပစ္စည်းများကို ရှာဖွေသည့်စင်ကာပူ အခြေစိုက် အဖွဲ့အစည်းတစ်ခုသည် ၂၀၁၂ ခုနှစ်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ဆက်သွယ်ခဲ့ပြီး ဆယ်ယူ ရာ တွင် ဂျီပီအက်စ်စနစ် ဖြင့် နည်းပညာကူညီမည်ဟုဆိုခဲ့ သော်လည်း အစီအစဉ်မဖြစ်ခဲ့ပေ။
ကမ်းစပ်မှ မှုန်ပျပျသာမြင်ရ သည့် ရန်ကုန်မြစ်ရေပြင်တွင် ရပ် တန့်နေသော သင်္ဘောတစ်စီးကို လက်ညှိုးထိုးပြနေသည့် ကလေး တစ်သိုက်ဖြစ်သည်။ ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူ သည့် နေရာဖြစ်ပြီး ယင်းနေရာသို့ သမ္ဗန်စက်လှေဖြင့် လိုက်ပို့ပေးမည်ဖြစ်ကာ အနီးကပ်လေ့ လာ၍ရကြောင်း (၁၀) နှစ်အရွယ် ကလေးငယ်က ရှင်းပြသည်။
လူတစ်ဦး တစ်ထောင်နှုန်း ဖြင့် လိုက်ပါပို့ဆောင်ပေးကြောင်း၊ လိုက်ပါသူများ အသက်အန္တရာယ် အတွက် ပူပင်ရန်မလိုကြောင်း  ကလေးငယ်များက လာသမျှ လူ တွေကို ရှင်းပြနေသည်။
နှစ်ပေါင်း ၄၀၀ ကျော်က တည်းက ရေထဲတွင် နစ်မြုပ်နေ သည်ဟု ယူဆရသော ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူမှုကို ကြည့်ရှုရန် ပြည်သူများသည် သာကေ တ ရှုခင်းသာ ကစားကွင်းအနီးရှိ ကုမ္ပဏီတစ်ခု၏ ဂိတ်ဝင်ပေါက်မှ ၀င်ရောက်လာသော လူအုပ်စုမှာ နေ့စဉ် လူရာချီရှိပြီး သက်ကြီး ပိုင်းအရွယ်များ၊ လူငယ်များ၊ အ မျိုးသမီးများ၊ ကိုယ်ပိုင်ကားဖြင့် လာရောက် လေ့လာသူများစ သည်ဖြင့် ရှိသည်။
လာရောက်ကြည့်ရှုသော အချို့လူများမှာ လှေမစီးရဲသော ကြောင့် ကမ်းစပ်မှနေ၍ မြစ်လယ် ရှိ သင်္ဘောနေရာကို မှန်ပြောင်းဖြင့်ကြည့်သည်။ အချို့ကမူ သမ္ဗန်စက်လှေဖြင့် သွားရောက် ကြည့်ရှုသူများ၏ ပြန်လည်ပြောပြချက်ကို စောင့်၍ နားထောင်ကြသည်။
သွားရောက် ကြည့်ရှုလိုသူ များသည် စက်လှေကို နှစ်မျိုး ရွေးချယ်နိုင်ပြီး တစ်ဦးလျှင် ငွေ ကျပ် တစ်ထောင်ဖြင့် ပြေးဆွဲနေ ရာမှ ယခု ငွေကျပ် ၂၀၀ ဖြင့် လိုက်သည့် ငါးဖမ်းလှေများနှင့် အသက်ကယ်အင်္ကျီပါသည့် လူ ဆယ်ယောက်ဆံ့ စက်လှေကြီးဖြင့် တစ်ဦးလျှင် ၅၀၀ ကျပ်နှုန်းဖြင့် အ ပြိုင်အဆိုင် ပြေးဆွဲနေသည်။
‘‘ဒီနေ့နဲ့ဆို လေးရက်ရှိပြီ။ ဆယ်နေတာပဲ။ သင်္ဘောတော့ တွေ့သွားပြီ။ ခေါင်းလောင်းကြီး က သင်္ဘောအောက်မှာ ရှိတယ်’’ ဟု ဆယ်ယူသည့် နေရာသို့ လိုက် ပို့ပေးသည့် လှေသမ္ဗန်သမား များက လှေပေါ်ရှိ ဧည့်သည်များ ကို ရှင်းပြနေသည်။
ဓမ္မစေတီခေါင်းလောင်းကြီး စတင်ဆယ်ယူသည့် ပထမနေ့ တွင် သမ္ဗန်သုံးစီးဖြင့် စတင်ပို့ ဆောင်ခဲ့ရာမှ သွားရောက်ကြည့် ရှုလိုသူ တစ်နေ့တခြား များလာ ၍ သမ္ဗန်လှေအစီး ၃၀ ခန့်ထိ တိုးချဲ့ပြေးဆွဲလျက်ရှိသည်။
ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူသည့် အချိန်နှင့်တိုက် ဆိုင်၍ ငါးဖမ်းလှေသမားများမှာ ငါးမဖမ်းတော့ဘဲ လာကြည့်သူ များကို စက်လှေဖြင့် လိုက်ပို့သည့် အလုပ်ပြောင်းလုပ်လာကြခြင်း ဖြစ်သည်။
သမ္ဗန်စက်လှေစတင်ထွက် ခွာပြီး ၁၀ မိနစ်ခန့်အကြာတွင် သာသနာ့အလံ လွှင့်ထူထားကာ သင်္ဘောတစ်ဝိုက်တွင် ငှက်ပျော ရွက်များ ချည်နှောင်ထားသော သုံးထပ်သင်္ဘောတစ်စီးကို ရေ လယ်တွင် တွေ့ရမည်ဖြစ်သည်။ သင်္ဘောပေါ်ရှိ အဖြူရောင်ဝတ် ဆင်ထားသော လူများက သမ္ဗန် စက်လှေဖြင့် လာရောက်ကြည့်ရှု သူများကို လက်ပြနှုတ်ဆက်ကြ သည်။ သမ္ဗန်ပေါ်မှ လာရောက် ကြည့်ရှုသူ လူအများကလည်း ပြန်လည်လက်ပြ နှုတ်ဆက်ကြ သည်။
ယင်းသင်္ဘောပေါ်တွင် သာ သနာ့အလံ၊ ငှက်ပျောပွဲ၊ အုန်းပွဲ တို့ဖြင့် ကန်တော့ပွဲများပေး၍ အ စီအရင်များထားရှိထားကြောင်း သင်္ဘောပေါ်သို့ လူစိမ်းလုံးဝ အ တက်မခံကြောင်းလည်း သိရ သည်။
ထိုသင်္ဘော အကျော်တွင် ဓမ္မစေတီ ခေါင်းလောင်းရှိသည် ဟု ယူဆရသော နေရာ၌ လုပ်ငန်းခွင်ဝင်မည့် သင်္ဘောတစ်စီးကို ထပ်မံတွေ့ရှိရသည်။ ယင်းသင်္ဘောဘေးပတ်လည်တွင် ရေပေါ်တွင် ပေါ်နေသော လိမ္မော်ရောင် ဗော်ယာများ တွေ့ရသည်။
‘‘ခေါင်းလောင်းကြီးရယ်၊ ခုနစ်ပေမြင့်တဲ့ ဘုရားနှစ်ဆူ၊ ရတ နာသေတ္တာ ခုနစ်လုံးရှိသေးတယ်။ စာအုပ်ထဲမှာ အဲဒီလို ရေးထား တယ်’’ ဟု လာရောက်ကြည့်ရှုသူ တစ်ဦးက ဆိုသည်။
သမ္ဗန်စက်လှေဖြင့် ရန်ကုန် မြစ်အတွင်း မိနစ် ၃၀ ခန့်ထိ စီးရ ပြီး ယင်းနေရာတစ်ဝိုက်တွင် ရေ စီးသန်သော ရန်ကုန်မြစ်ရေ၏ လှိုင်းလုံးကြီးများ ပုတ်ခတ်နေ သည်ကို တွေ့ရသည်။
‘‘ဘာမှ ထွေထွေထူးထူး မ တွေ့ဘူး။ သင်္ဘောနဲ့ ဗောတွေပဲ တွေ့တယ်’’ ဟု သံလျင်မြို့တွင် နေထိုင်သည့် ကိုရဲနိုင်က ခေါင်း လောင်းဆယ်ယူရာသို့ သွား ရောက်ပြီး သမ္ဗန်လှေပေါ်မှ အ ဆင်းတွင် ပြောသည်။
နေ့စဉ် နံနက် ၈ နာရီမှ ည နေ ၆ နာရီအထိ လာရောက်ကြည့် ရှုသူများကို ပို့ဆောင်ပေးနေရပြီး သမ္ဗန်လှေတစ်စီးလျှင် ၀င်ငွေ ကျပ်တစ်သောင်းခွဲကျော် ရရှိနေကြောင်း သမ္ဗန်သမားများထံမှ သိရသည်။
‘‘အစတစ်စလောက် ပေါ် ထွက်လာလိုက်၊ ရန်ကုန်တစ် တိုင်းလုံးက လူတွေ ဒီနားမှာ စုပြုံ ပြီးကြိတ်ကြိတ်တိုးမှာ။ ခေါင်း လောင်းကို အုပ်နေတဲ့ သင်္ဘော ကြီးအစကို ဆွဲဖယ်လို့ရပြီဆိုရင် လူတွေဒီထက်တောင် လာကြည့် ဦးမှာ။ အခု ဘာမှမတွေ့သေး တာတောင် လာကြည့်တာ’’ ဟု လေးရက်ဆက်တိုက် ကမ်းတွင် လာကြည့်သူတစ်ဦးက မှတ်ချက် ပြုသည်။
ယခု သမ္ဗန်စက်လှေများမှာ ငါးဖမ်းလှေနှင့် ဒလဘက်မှ လာ ရောက်ပြေးဆွဲနေသည့် လူ ၁၀ ယောက်ဆံ့ စက်လှေများဖြစ်ပြီး လာရောက်ကြည့်ရှုသူ များပြား လာသဖြင့် စနစ်တကျနှင့် အရေး ပေါ်ဆောင်ရွက်နိုင်ရန် သက်ဆိုင် ရာက ကြီးကြပ်ဆောင်ရွက်သင့် ကြောင်း လာရောက်ကြည့်ရှုသူ အချို့က မှတ်ချက်ပေးသည်။
‘‘စလုပ်တည်းက လာကြည့် တာ။ လှေနဲ့တော့မသွားဘူး။ အန္တ ရာယ်များလို့’’ ဟု မြစ်ကမ်းနား တွင် ရပ်ကြည့်နေသည့် ဒေါပုံမြို့ နယ်မှ အသက် (၃၀) အရွယ် အ မျိုးသားက ဆိုသည်။
ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ပုဇွန် တောင်ချောင်းတို့ဆုံရာ ရန်ကုန် မြစ်တွင် အမှတ်အသားပြုလုပ်ပြီး ဒီရေတက်ချိန်တိုင်း ဆလုံလူမျိုး ရေလုပ်သား ၁၀ ဦးနှင့် သြဂုတ် ၉ ရက် မှစတင်၍ ခေါင်းလောင်း ကြီးကို ရေငုပ်ရှာဖွေလျက်ရှိရာ သြဂုတ်လ ၁၂ ရက်အထိ ခေါင်း လောင်းကြီးအပေါ်ရှိ သင်္ဘော ကို တွေ့ရပြီး ကြိုးချည်မှတ်သား ထားပြီဖြစ်ကြောင်း ခေါင်း လောင်းဆယ်ယူရေးအဖွဲ့က ပြောကြားထားသည်။
တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ်ခန့် ရေငုပ်ရှာဖွေကြပြီး သြဂုတ် ၁၂ ရက်တွင် တစ် ကြိမ်သာ ရေငုပ်နိုင်ခဲ့ကြောင်း ခေါင်းလောင်းဆယ်ယူရေးအဖွဲ့ ခေါင်းဆောင် ဦးဝင်းမြင့်က မီဒီ ယာတစ်ခုအား ဖြေကြားထား သည်။
‘‘မနေ့က တွေ့တာ။ ခု သင်္ဘောမြုပ်ကိုတွေ့တယ်လို့ ယူ ဆတဲ့ ဒီနားဧရိယာ၊ သင်္ဘော မြုပ် တာကို ကြိုးချည်ထားပြီးပြီ။ ရေ ငုပ်သမားတွေက ဆလုံလူမျိုး တွေ။ ဘာကိရိယာမှမပါဘူး။ ဒီ တိုင်းငုပ်တာ။ လူတစ်ယောက်ကို တစ်ခါငုပ်ရင် ၁၅ မိနစ်လောက် ငုပ်တယ်။ ရေငုပ်သမား ၁၀ ယောက်လောက်ရှိတယ်။ ရေငြိမ် တဲ့အချိန် ငုပ်ရတာ။ ရေကျတဲ့အ ချိန်ပေါ့။ ရေတအားစီးရင် လုပ် လို့မရဘူး’’ ဟု ရေလုပ်သား ဦးစံ လွင်က ဆိုသည်။
ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူသူ ဦးစံလင်းသည် ၁၉၉၇ခုနှစ်မှစတင်၍ ခုနစ်ကြိမ် ခန့်အထိယင်းခေါင်းလောင်းကြီး ဆယ်ယူရရှိရေး ကြိုးပမ်းခဲ့ပြီး အောင်မြင်မှု မရရှိခဲ့ပေ။
ဓမ္မစေတီခေါင်းလောင်းကြီး တူးဖော်သည့် ကုန်ကျစရိတ်မှာ မြန်မာကျပ်ငွေ သိန်း ၂၀၀၀ ခန့် အထိ ရှိမည်ဟု ခန့်မှန်းထားသည်။
ဓမ္မစေတီမင်းက ရွှေတိဂုံ စေတီတော်သို့ လှူဒါန်းရန် ခေါင်း လောင်းကြီးကို သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။ ကြေး၊ ရွှေ၊ ငွေနှင့် သံ ဖြူစုစုပေါင်း တန် ၂၉၀ ကျော် အ သုံးပြုထားပြီး ကမ္ဘာပေါ်တွင် အ လေးချိန် အများဆုံးအဖြစ် မှတ် တမ်းဝင်ခဲ့သော ၁၁၆ မက်ထရစ် တန်ရှိသည့် ၂၀၀၀ ပြည့်နှစ်က သွန်းလုပ်သော တရုတ်နိုင်ငံမှ ကံ ကောင်းခြင်းခေါင်းလောင်း (Bell of Good Luck) ၏ အလေးချိန် ထက် နှစ်ဆရှိသည်။

No comments:

Post a Comment