Wednesday, August 20, 2014

ထက်ထက်မိုးဦး ရဲ့ အတွေ့အကြုံစကား

From : .. popular
၂ဝ၁၃ ခုနှစ် အတွက် အကယ်ဒမီ စာရင်းဝင်
 နောက်ဆုံး အဆင့် ဇာတ်ကား၆ကားကို
 သြဂုတ် ၁၃ ရက်နေ့ မှ ၁၅ ရက်နေ့ အတွင်း
 အကဲဖြတ် ကြည့်ရှုခဲ့ရသည့် ဒုတိယ အဆင့် 
စိစစ် အကဲဖြတ် အဖွဲ့ ဝင် တစ်ဦး ဖြစ်သူ 
အကယ်ဒမီ ထက်ထက်မိုးဦး က မြန်မာ 
တစ်နိုင်ငံလုံးမှ ပရိသတ် များနှစ်စဉ် စိတ်ဝင်
တစား ရင်ခုန် စောင့် ကြည့် ကြလေ့ ရှိသည့် 
အကယ်ဒမီ ဆုရှင်များကို ရွေးချယ် ဂုဏ်ပြု 
ချီးမြှင်နိုင်ရန် ကြည့်ရှု အကဲဖြတ်ရသည့် 
အဖွဲ့တွင် ရုပ်ရှင်၊ဂီတ၊ စာပေ စာနယ်ဇင်း 
အနုပညာ ရပ်ဝန်း အသီးသီး က ပညာရှင် များနှင့် အတူ တကွ ပါဝင်ခွင့် ရခြင်းအတွက်
ဝမ်းမြောက် ပျော်ရွှင် ရကြောင်း၊ အကယ်ဒမီ စာရင်းဝင် ဇာတ်ကားများကို ကြည့်ရှု့ရင်း ကိုယ်တိုင် လည်း ပညာ ရကြောင်း၊ သရုပ်ဆောင်သည့် အခါမှာ ကိုယ့်လိုအပ်ချက်တွေ ကို ဖြည့်ဆည်းသွားနိုင် မှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး က ပထမဦးဆုံး တာဝန် ယူဆောင်ရွက် ရသည့် အကယ်ဒမီ ပွဲဖြစ်သည့် အတွက်လည်း ဂုဏ်ယူကြောင်း ပေါ်ပြူလာ ဂျာနယ်၏ ဆက်သွယ် မေးမြန်းချက်ကို ဖြေကြားခဲ့ပြီး “ထက်ထက် တို့ ငယ်ငယ်က ဒါရိုက်တာ ဦးသန်းဖေလေး ဇာတ်ကားတွေ ကားဆက်ရင် တည်းဖြတ်ခန်း အထိ လိုက်ပြီး ကြည့်ခဲ့ရတယ်။ အဲဒီလို ကြည့်တဲ့ အခါမှာ ကိုယ်သရုပ်ဆောင်တဲ့ အခန်း နဲ့ တစ်ဖက်က သရုပ်ဆောင်တဲ့ အခန်း ဘယ်လို ချိတ်ဆက်မယ် ဆိုတဲ့ ပညာရပ်တွေကို ဆရာက သင်ပေးတယ်။ အဲဒီအခါမှာ ကိုယ်က ဘယ်လို သရုပ်ဆောင် ရမယ်ဆို တာကို ပိုသိလာတယ်။ အခုခေတ် လူငယ် တွေကိုလည်း အဲဒီလိုမျိုး လေ့လာစေ ချင်ပါတယ်”ဟု လူငယ် မျိုးဆက်သစ် ရုပ်ရှင်အနုပညာရှင် များအတွက် တိုက်တွန်း စကား ပြောကြားပေးခဲ့သည်။

No comments:

Post a Comment