Thursday, February 6, 2014

iPhone 5C ပေါက်ကွဲ ကျောင်းသူ တစ်ဦး ဒဏ်ရာ ရရှိ

iPhone 5C ပေါက်ကွဲ ကျောင်းသူ တစ်ဦး ဒဏ်ရာ ရရှိ
ဝါရှင်တန် ဖေဖော်ဝါရီ ၂
အမေရိကန် ပြည်ထောင်စု မိန်းပြည်နယ်မှ ကျောင်းသူ တစ်ဦးသည်  စာသင်ကျောင်း အတွင်းသို့
ဝင်ရောက်လာစဉ် သူမ၏ ကျောပိုးအိတ်အတွင်းမှ  iPhone 5C မှာ ပေါက်ကွဲ ခဲ့သဖြင့် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အသက် ၁၄ နှစ်အရွယ်ရှိ အဆိုပါ ကျောင်းသူ၏ ကျောပိုးအိတ် အတွင်းမှ iPhone 5C မှာ  တငွေ့ငွေ့ လောင်ကျွမ်းခဲ့သဖြင့် သူမ၏ နောက်ကျောဘက်နှင့် ပေါင်တို့တွင် မီးလောင်ကျွမ်း ခံခဲ့ ရသည်။ 
သူမ၏   အခန်းဖော်များမှာ ပေါက်ကွဲသည့်အသံကို  ကြားခဲ့ရ ပြီး သူမ၏ကျောပိုးအိတ်အတွင်းမှ မီးခိုးများ ထွက်နေသည်ကိုတွေ့ရ၍ သူမ၏ အဝတ်အစားများကို ချွတ်ပေးရာတွင် ဝိုင်းဝန်း၍ အကူအညီ ပေး ခဲ့ကြကြောင်း  ကန်နီ အန့်ခ် အလယ်တန်းကျောင်းမှ ကျောင်းအုပ်ကြီးဖြစ်သူ ဂျက်ဖ်ရော့ထ်မန်း က Morning Sentinel သို့ ပြော ကြားခဲ့သည်။
၎င်းကျောင်းသူ မိန်းကလေး၏ မိခင်မှာ သူမအား လွန်ခဲ့သည့် နှစ်လခန့်က iPhone 5C ဖုန်းတစ်လုံးကို ဝယ်ပေးခဲ့ခြင်းဖြစ်ပြီး  ဖုန်းပေါက်ကွဲသည်ဆိုသော သတင်းကို ကြားရသည့်အခါ ထိတ်လန့်တုန် လှုပ်သွားခဲ့ကြောင်း၊ ယခုအခါ မီးလောင်ကျွမ်းခံရသည့်  အဆိုပါ ကျောင်းသူမှာ ဆေးရုံတွင် ဆေးဝါး ကုသမှု ခံယူပြီးဖြစ်သဖြင့် အခြေ အနေပြန်လည် ကောင်းမွန်သွားပြီ ဖြစ်ကြောင်း သိရသည်။
iPhone အမျိုးအစားများသည် အားသွင်းရာတွင် အပူချိန်များပါက မီးလောင်မှုကို ဖြစ်ပွားစေတတ်ပြီး ယခုအကြိမ် မီးလောင်မှုကို အတိအကျ မသိရှိရသေးဟု  သိရသည်။

No comments:

Post a Comment