Wednesday, February 19, 2014

မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည်မှာ သုံးနှစ်သက်တမ်းသာ ရှိသေးသဖြင့် ရင့်ကျက်မှုမရှိသေးဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပြောကြား

မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည်မှာ သုံးနှစ်သက်
တမ်းသာ ရှိသေးသဖြင့် ရင့်ကျက်မှု
မရှိသေးဟု တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး 
မင်းအောင်လှိုင်က အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး H.E Prof.
Dr. Purnomo Yusgiantoro နှင့်တွေ့ ဆုံစဉ် ပြောကြားခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အင်ဒိုနီရှား ကာကွယ်ရေးဝန်ကြီးသည် ဖေဖော်ဝါရီ ၁၇

ရက်က အင်ဒိုနီးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် လက်ရှိအာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေမှု၊ အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များဆိုင်ရာ အစည်းအဝေးနှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတို့ကို လက်ခံကျင်းပမည်ဖြစ်၍ ဂုဏ်ယူသည်ဟု အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အင်ဒိုနီးရှားနိုင်ငံ၏
နိုင်ငံရေးဖြစ်စဉ်များကို စိတ်ဝင်စားကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်ကို ပြောလိုကြောင်း၊ တစ်ပါတီစနစ် ကျင့်သုံးနေမှုကို ပြည်သူလူထုမှ ၁၉၈၈ ခုနှစ်တွင် ပါတီစုံစနစ်သို့ တောင်းဆိုခဲ့ကြောင်း၊ တစ်ချိန်တည်း ပြည်တွင်းပြည်ပ အန္တရာယ်များနှင့်လည်း ရင်ဆိုင်လာရပြီး တည်ဆဲအစိုးရမှ မည်သို့မျှ ထိန်းသိမ်းဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် မလွှဲမရှောင်သာဘဲ တပ်မတော်မှ နိုင်ငံတော်၏ တာဝန်ကို ယူခဲ့ရကြောင်း၊ ပါတီစုံစနစ် ကူးပြောင်းရေးအတွက် တပ်မတော်မှ စနစ်တကျ ကူးပြောင်းပေးခဲ့ပြီး အဆင့်ဆင့်တိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်မှစတင်၍ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့ရာ သုံးနှစ်သက်တမ်းသာ ရှိသေးသဖြင့် ရင့်ကျက်မှုမရှိသေးကြောင်း
ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှု ချုပ်ငြိမ်းရေးအတွက် အစိုးရနှင့် တပ်မတော်သည် စိတ်ရှည်သည်းခံပြီး အောင်မြင်စေရန် ကြိုးစားဆောင်ရွက်နေကြောင်း၊ နိုင်ငံကို ချစ်မြတ်နိုးသူတိုင်း တိုးတက်လိုသည့် စိတ်ဆန္ဒရှိကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ၏ အတွေ့အကြုံများသည်လည်း မိမိတို့အတွက် အထောက်အကူရမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

EMG

No comments:

Post a Comment