Thursday, February 6, 2014

ပရိသတ်များအတွက် ထူးခြားစေမည့် ကမ္ဘာ မှားသူများ

ပရိသတ်များအတွက် ထူးခြားစေမည့် ကမ္ဘာ မှားသူများ
ရန်ကုန်   ဖေဖော်ဝါရီ   ၃
ကုန်းဘောင်ခေတ် မြို့စား ဒိဗ္ဗ၏ သမီးတော်ကို မင်းအရာရှိက လက်ထပ်ပြီး
နေပြည်တော်သို့ ပြန်ခေါ်ရန် ပြင်ဆင်နေစဉ် မြို့စားသမီးတော်က လက်မခံဘဲ ဆေးဆရာ စီစဉ်ပေးသော နားကပ်တစ်ဖက်ကို ပန်ပြီး ကျန် တစ်ဖက်ကို အစေခံအား ပန်ခိုင်းလိုက်ရာ မြို့စားသမီး၏ စိတ်က အစေခံ၏
ရုပ်ထဲသို့ ရောက်သွားပြီး အစေခံ၏ စိတ်က မြို့စားသမီး၏ ရုပ်ထဲသို့ ရောက်သွားရာ မင်းအရာရှိက မြို့စားသမီးရုပ်နှင့် အစေခံကို ခေါ်သွား လေတော့သည်။
မိုးယွန်းမှီနှင့် ပိုးရတီတို့သည် တက္ကသိုလ် ကျောင်းသူများ ဖြစ်ကြကာ မိုးယွန်းမှီက ပျော်ပျော် နေတတ်၍ နောက်ပြောင်တတ်သူ ဖြစ်ကာ မိုးယွန်းမှီ၏ ချစ်သူ မင်းစည်သူမှာလည်း မိုးယွန်းမှီကို အသက်မက ချစ်သော သူဖြစ်သည်။ ဒီဇာတ်ကားမှာ ထူးခြားသူက ညွန့်တင်၊ ညွန့်တင်မှာ ဓားပြတစ်ယောက် ဖြစ်သည်။
တစ်နေ့ မိုးယွန်းမှီတို့ ဘုရားသွားရာက ရှေးဟောင်းပစ္စည်းဆိုင်သို့ အရောက် ရှေးဟောင်းဆိုင်တွင် နားကပ် တစ်ဖက်ကိုတွေ့ပြီး ရောင်းရန်ပြောရာမှ ဆိုင်ရှင်က မရောင်းသဖြင့် မိုးယွန်းမှီက နားကပ်ကို ခိုးသွားလေ တော့သည်။ ကားပေါ် ရောက်သောအခါ  နားကပ်ကို ပန်ကြည့်လိုက်သည်။ မိုးယွန်းမှီတို့ ပြန်လာရင်း  လမ်းတွင် ကားဆီပြတ်၍ ဝင်ထည့်ရာ ဆီဆိုင်တွင် ညွန့်တင် ဓားပြတိုက်ပြီး အထွက် မိုးယွန်းမှီတို့နှင့် ဆုံပြီး ဆီ ထည့်ပေးရ လေတော့သည်။ မိုးယွန်းမှီတို့က ဆီထည့်ပြီး ကားခမပေးဘဲ ထွက်ပြေးသွားသော အခါ  မိုးယွန်းမှီ နားကပ်တစ်ဖက် ပြုတ်ကျခဲ့ရာတွင် ညွန့်တင်က ကောက်ရပြီး ယူသွားကာ ယင်းနားကပ် တစ်ဖက်ကို ပန်ကြည့်ရင်း အိပ်ပျော်သွားပြီး မိုးယွန်းမှီ တစ်ယောက်လည်း ညဘက် ရောက်သော အခါ အိပ်ပျော် သွားလေသည်။
ပရိသတ်ကြီးရေ မိုးယွန်းမှီနဲ့ ညွန့်တင်တို့ နားကပ် တစ်ယောက်တစ်ဖက်စီ ဝတ်ထားမိပြီး အိပ်ရာနိုးလာတဲ့ အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဆိုတာကို ဒါရိုက်တာ မျိုးထူး စိတ်ကူးပုံဖော်ထားပြီး ကျော်ရဲအောင်၊ နေရဲ၊  နန်းဆုရတီစိုး၊ ချမ်းမီမီကိုတို့ အဓိကပါဝင် သရုပ်ဆောင် ထားကြပြီး ထူးခြားသည့် ရသများနှင့် တင်ဆက် ရိုက်ကူးထားခြင်း ဖြစ်ကြောင်း သိရသည်။
Aသူ

No comments:

Post a Comment