Monday, February 10, 2014

မြန်မာဖက်ရှင်သီတင်းပတ် စတင်၊ မြန်မာမော်ဒယ်လောက ဝါးမြိုခံရနိုင်ဟု ဂျွန်လွင် သတိပေး

နိုင်ငံရေးစီးပွားရေးပွင့်လင်းလာချိန်မှာ
အနောက်နိုင်ငံတွေက မြန်မာပြည်ရဲ့
ဖက်ရှင်နဲ့ မော်ဒယ်လောအပေါ်  စိတ်ဝင်စားမှု မြင့်တက်လာနေပေမယ့် ပြည်
တွင်းက ဖက်ရှင်မော်ဒယ်လောကရဲ့ အားထုတ်မှုကတော့ ကျဆင်းနေတာကြောင့် ဝါးမြိုခြင်းခံရမယ်လို့ ဂျွန်လွင်က ဖေဖော်ဝါရီ ၇ရက်နေ့မှာ သတိပေးလိုက်ပါပြီ။
နိုင်ငံတကာ မော်ဒယ်နဲ့ဖက်ရှင်တွေ
ထိုးဖောက်ဝင်ရောက်လာတဲ့အခါ
 ပြည်တွင်းက မော်ဒယ်နဲ့ဖက်ရှင်လောက ဟာကိုယ့်ပရော်ဖက်ရှင်နယ်အပေါ်အလေး
အနက်မရှိကြဘူးလို့Star and Models 
ဂျွန်လွင် က မြန်မာ ဖက်ရှင်  သီတင်းပတ်မှာ ပြောဆိုခဲ့ပါတယ်။
ရန်ကုန်မြို့ Junction Square မှာ ကျင်းပတဲ့ Myanmar Fashion Week ကို၃ရက်ကြာကျင်းပနေပြီး ဥရော ပ နိုင်ငံပေါင်းစုံက မော်ဒယ် ၆ယောက် နဲ့အတူ မြန်မာမော်ဒယ်တွေ ပူးတွဲတင် ဆက်တာဖြစ်ပြီး နိုင်ငံတကာ နဲ့ပြည်တွင်း ကို နှိုင်း ယှဉ် ကြည့်နိုင်စေဖို့လို့ ဆိုပါတယ်။
မြန်မာဖက်ရှင်သီတင်းပတ် ဖွင့်ပွဲကို ပရိသတ် ၂ထောင်ကျော်တက်ရောက်အားပေး ခဲ့ကြပြီး ပြည် တွင်းပြည်ပ ကုမ္ပဏီတွေ ပံ့ပိုးပေးခဲ့ကြသလို လူငယ်တွေရဲ့ နှစ်သက်အားပေးမှုကိုလည်း အများ ဆုံး ရရှိခဲ့ကြပါတယ်။
FROM-KAMAYUT MEDIA

No comments:

Post a Comment