Monday, February 3, 2014

၂၀၁၄ အတွင်း လက်ရွေးစင်အသင်းများ နိုင်ငံတကာပွဲ(၁၉)ပွဲကစားရန်ရှိ

၂၀၁၄ ခုနှစ် ဘောလုံးရာသီအတွင်းတွင် မြန်မာ့လက်ရွေးစင်အမျိုးသား၊ အမျိုးသမီး ဘောလုံး အ သင်း များနှင့် လူငယ်လက်ရွေးစင် ဘောလုံးအသင်းများအနေဖြင့် နိုင်ငံတကာပြိုင်ပွဲပေါင်း ၁၉ ပွဲအ ထိ ၀င် ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းအနေဖြင့် 2014 AFC Challenge Cup ပြိုင်ပွဲ၊ 2014 AFF Suzuki Cup ပြိုင်ပွဲများကို ၀င်ရောက်ယှဉ်ပြိုင်ရန်ရှိပြီး အမျိုးသမီးလက်ရွေးစင်အသင်းက 2014
AFC Women’s Championship ပြိုင်ပွဲ၊ ၂၀၁၄ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲများကို ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ လက်ရွေးစင်ဘောလုံးအသင်းများ ၀င်ရောက်ယှဉ်ပြိုင်မည့် အခြားပွဲစဉ်များမှာ အာဆီယံ ယူ-၁၆ (အမျိုးသား) ပြိုင်ပွဲ၊ အာဆီယံယူ-၁၉ (အမျိုးသား)ပြိုင်ပွဲ၊ ၂၀၁၄ အာဆီယံဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲ၊ အာရှယူ-၁၆ချန်ပီယံရှစ် (အမျိုးသား) ပြိုင်ပွဲ၊ အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာရှယူ-၁၆ အမျိုး သမီးချန်ပီယံ ရှစ်ခြေစစ်ပွဲ၊ အာရှယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ခြေစစ်ပွဲ၊ အာရှဖူဆယ် ချန်ပီယံရှစ် ခြေ စစ်ပွဲ၊ အာရှယူ-၂၂ ချန်ပီယံရှစ် ခြေစစ်ပွဲ၊ ဂျပန်-အာဆီယံ ယူ-၁၄ ဖိတ်ခေါ်ပြိုင်ပွဲတို့ ဖြစ်ကြသည်။
အဆိုပါ နိုင်ငံတကာပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်မည့် လက်ရွေးစင်ဘောလုံးအသင်းများအတွက် ဂျပန် နည်းပြ ကုမာဒါ (အမျိုးသမီးလက်ရွေးစင်အသင်း)၊ ဂျပန် နည်းပြတာရှီးမား (ယူ-၁၄ အမျိုး သား လူငယ် အသင်း)၊ ဘူဂေးရီးယားနည်းပြ ရူဒီမင်ကော့ဗ်စကီး (ယူ-၁၆ အမျိုးသား လူငယ်အ သင်း)၊ ဂျာမနီလူမျိုး နည်းပြ ဖရိုင်းဒရစ်ခ်ျ (ယူ-၁၉ အမျိုးသားလူငယ်အသင်း) စသည့် နိုင်ငံခြား သား နည်းပြများကို ငှားရမ်း ထားပြီး မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းအတွက်လည်း ဆားဘီး ယားလူမျိုး နည်းပြအေဗရာမိုဗစ် နှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။မြန်မာ့လက်ရွေးစင် အမျိုး သမီးအသင်းအနေဖြင့်လည်း ၂၀၁၄ အာရှအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် အဆင့်(၄) ရရှိပါ က၂၀၁၅ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။Written by  ရဲရင့်ဌေး

No comments:

Post a Comment