Monday, February 3, 2014

တိုင်းဖျက် ပြည်ဖျက်ဂျာနယ်တွေ

အလဲပင်းဂျာနယ်၊ ခတ်ချဉ်ချဉ်ခေါ်ရရင် အီးလည်ပင်းနဲ့ ချေးဦးဏှောက် ချာနယ်ပေါ့၊ ဒီမောင်တွေလို့ ခေါ်ဝေါ်ချင်တာ ဒါပေမယ့် ဒီကောင်တွေ
လို့ပဲ တန်ရာတန်ကြေး ခေါ်မယ်။
ဒီကောင်တွေ တော်တော်မဟုတ်ဘူး၊ ပဲ့တယ် ချေးပေ
လွန်း အားကြီးတယ်။ စတေ့တပ်တစ်ခုက ရလိုက်တဲ့
ပုံလေးကို ကြည့်ပါတော့၊ ဟော့သလိုရေးထားတာ-
"ခေတ်ဟောင်းက အိမ်သာ ကလောင်ရှင်များ သည်
ပင်လျင် ယခုခေတ်၌ Facebook ကလောင်ရှင်များအဖြစ် ဘဝများ တိုးတက် ပြောင်းလဲလာ"..တဲ့ဗျ။
Facebook ပေါ်မှာ ဒီကောင်တွေထက် သီလ/သမာဓိ/
ပညာနဲ့ အတွေ့အကြုံပြည့်ဝ ဆားဗစ်ရင့်နေတဲ့ စာရေးဆရာတွေ ထုနဲ့ဒေးပါဗျာ၊ ဒီကောင်တွေက အဖေလို့တောင် မှ ခေါ် သင့်သေး၊ ကျနော်တို့ ဒီဆရာတွေ ရေးသား ဖော်ပြ တာတွေကို လေ့လာမှတ်သားနေတာပါ။
စာနယ်ဇင်းသမားဆိုတာ ပျံကျရပ်ကွက်ထဲက အရက်သမား ဖဲသမား ကြာကူလီ အပေ အတေကောင်တွေအလား ရပ်ကွက်ထဲ အားနာ ရကောင်းမှန်းမသိ၊ မိမဆုံးမသားလို ရမ်းကား စော် ကားနေလို့ မရဘူး၊ စာနယ်ဇင်း လွတ်လပ်ခွင့်ဆိုတာ စော်ကားချင် ရမ်းကားချင်တိုင်း စော်ကား ရမ်း ကားဘို့ ပေးထားတာ မဟုတ်ဘူး။
ဒီလို အကြောင်းမဲ့ စော်ကားဘို့ နေနေသာ မိမိထုတ်ဝေ ဖော်ပြချက်သည် သဒ္ဒါနည်းကျအောင်၊ စာ လုံးပေါင်း သတ်ပုံ သတ်ညွှန်း မှန်ကန်အောင်၊ ဝါကျတစ်ခုမှာ ပုဒ်ထားမှန်ကန် အောင်တောင် အတော် ဂရုစိုက်ရမယ်၊ မှားရင် အဓိပ္ပါယ် တစ်မျိုးထွက်မယ်။
စတုတ္ထမဏ္ဍိုင်ဆိုတာ ပြည်သူလူထုအတွက် အစိုးရအတွက် နားမျက်စေ့တွေပါ၊ အစိုးရကို တည့် မတ်ပေးဘို့၊ အစိုးရနဲ့ ပြည်သူကြား ပေါင်းကူးပေးဘို့၊ ပြည်သူလူထုရဲ့ အသိပညာဗဟုသုတနဲ့အကျင့် စာရိတ္တတွေကို မြှင့်တင်ပေးဘို့ပါ၊ အနှစ်ချုပ်ကတော့ ကလောင်တစ်လက်နဲ့ ပြည်သူလူထုကို အလုပ် အကြွေးပြုဘို့ပါပဲ။
စာနယ်ဇင်း ကျင့်ဝတ် ( ၁၅) ချက်ရှိရာမှာ-
( ၈) အများပြည်သူ အကျိုးစီးပွားအတွက် ရေးသင့် ရေးထိုက်သည်မှအပ လူပုဂ္ဂိုလ် လူတစ်ဦး တစ်ယောက်၊ သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာ ထိခိုက်စေသော အရေး အသား ၊နိုင်ငံ သား တစ်ဦး၏ အခွင့်အရေးကို ထိခိုက်စေသော အရေးအသားများ ရှောင်ကျဉ်ရမည်။
( ၁၅) အများပြည်သူ၏ ကိုယ်ကျင့်တရားကို ထိခိုက်ပျက်ပြား စေမည့် ရေးသားဖော်ပြချက်များ၊ ညစ်ညမ်းမှုများနှင့် ပတ်သက်၍ မည်သည့်သတင်း ဓာတ်ပုံ ဆောင်းပါးမျှ ပုံနှိပ် ထုတ်ဝေခြင်းမပြုရ..
လို့ ဖော်ပြထားပါတယ်။
ဒီတော့ဗျာ ဒီကောင်တွေ မီဒီယာအဖြစ် ရပ်တည်နေတာဟာ စာနယ်ဇင်း ကျင့်ဝတ်လည်း ဂရုစိုက် ရကောင်းမှန်း မသိ ( ဖတ်တောင် ဖတ်ရဲ့လား မသိ)၊ဘယ်သူ့မှလည်း သောက်ဂရု စိုက်ရကောင်းမှန်း မသိ ဖြစ်နေတော့ကာ၊ မီဒီယာပေါ်မှာ ခွေးရူး/ကျွဲရိုင်း/နွားရိုင်းများပမာ တိုင်းဖျက်ပြည်ဖျက် ဖြစ်နေ ပါပြီလို့...အရပ်ကရို့ရေ။ —

ခင်မောင်ထွေး

No comments:

Post a Comment