Monday, February 3, 2014

သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တိုင်းရင်းသားမီဒီယာများ အမေးအဖြေ

=========================
နေပြည်တော် ဖေဖော်ဝါရီ ၂
=========================
ပြည်ထောင်စုလွှတ်တော်နာယက

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တိုင်းရင်းသားမီဒီယာများ ဇန်နဝါရီ ၃၁

ရက်တွင် ပြည်သူ့လွှတ်တော်၌တွေ့ဆုံ၍ မေးမြန်းချက်များမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

မေး။ အစိုးရငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းမှာ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲဖို့ကြိုးစား နေတယ်။ အဲဒီစာချုပ်မူကြမ်းရေး ဆွဲဖို့လဲ လိုင်ဇာမှာဆွေးနွေးခဲ့တယ်။ နောက်ဆုံး KNU နယ်မြေ လေးဝါး အထိဆက်ဆွေးနွေးကြတယ်။ မနေ့ က ချင်းမိုင်မှာ အစိုးရနဲ့ NCCT ခေါင်းဆောင်တွေနဲ့ပေါ့။ အဓိက ပြဿနာက အစိုးရဘက်က အပစ် အခတ်ရပ်ပြီးမှ နိုင်ငံရေးဆွေးနွေး ချင်တယ်။ တိုင်းရင်းသားတွေက လေးဝါးမှာတော့ နိုင်ငံရေးဆွေးနွေး ဖို့အာမခံချက်တွေပါမှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး မယ်ဆိုပြီး စာထဲမှာ ထည့်ရေးထား တာတွေ့ရတယ်ခင်ဗျာ။ အဲဒီအပေါ် မှာ အန်တီရော၊ ဥက္ကဋ္ဌကြီးရောရဲ့ သဘောထားလေးသိပါရစေခင်ဗျာ။ နောက်တစ်ခါ ပြည်တွင်းငြိမ်းချမ်း ရေးနဲ့ပတ်သက်ပြီး သဘောထား မှတ်ချက်ပေးစေချင်ပါတယ်။

သူရဦးရွှေမန်း
=========
ဖြေ။ ငြိမ်းချမ်းရေးက အလို အပ်ဆုံးအရာလို့ မြန်မာနိုင်ငံနဲ့ပတ် သက်ပြီး လောလောဆယ်ပြောရ မယ်။ မိမိတို့လွှတ်တော်ထဲမှာလဲ ငြိမ်းချမ်းရေးအတွက် ဦးတည်ပြီး ဆောင်ရွက်နေတာတွေရှိတယ်။ ခုနကမေးတဲ့မေးခွန်းမှာက အပစ် အခတ်ရပ်စဲရေးပြီးမှ ငြိမ်းချမ်းရေး ဆွေးနွေးမယ်။ အစိုးရကပြော တယ်။ တိုင်းရင်းသားအဖွဲ့အစည်း တွေက ငြိမ်းချမ်းရေးဆွေးနွေးပြီးမှ အပစ်အခတ်ရပ်စဲမယ်ဆိုတဲ့အတွက် အယူအဆချင်းက ပြောင်းပြန်ဖြစ် နေတယ်လို့ ပြောလို့ရတယ်။ သမိုင်းကြောင်းလဲပြန်ကြည့်ရမယ်။ လက်ရှိအခြေအနေလဲပြန်ကြည့် ရမယ်။ မြန်မာနိုင်ငံမှာကျင့်သုံး နေတဲ့ဥပဒေလဲကြည့်ရမယ်။ တခြား နိုင်ငံတွေမှာ ပြည်တွင်းစစ်ချုပ်ငြိမ်း အောင် ဘယ်လိုလုပ်နေသလဲဆို တာလဲ ပြန်ကြည့်ရမယ်။ ဒီအပေါ် မူတည်ပြီးမှ အဖြေမှန်တစ်ခုရမယ် ထင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
=============
ဖြေ။ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆိုတာ ဆက်တော့ ဆက်နေတာ၊ဒါကိုခွဲပြီး စဉ်းစားလို့ မရဘူးထင်တယ်။ အပစ်အခတ် ရပ်စဲရေးဆိုတာ ခဏလေးနဲ့ပြိုကွဲ သွားနိုင်တယ်။ တကယ်စဉ်းစားရင် အပစ်အခတ်ရပ်စဲရေးက ကျည် တစ်တောင့်ထွက်သွားတာနဲ့ ပြိုကွဲ သွားနိုင်တယ်။ အပစ်အခတ်ရပ်စဲ ရေးကို သဘောတူညီချက်တွေနဲ့ ခိုင်ခံ့အောင်လုပ်ဖို့ လိုတာပေါ့။ အပစ်အခတ်ရပ်စဲရေးမရှိရင်လဲ ငြိမ်း ချမ်းရေးရဖို့မဖြစ်နိုင်ဘူး။ ဒီနှစ်ခု ကတော့ နှစ်ခုစလုံးရှိရမှာပဲ။ စနိုင်တဲ့ ဟာနဲ့စပြီး ဖြစ်နိုင်သမျှဖြစ်အောင် လုပ်တာကတော့ အကောင်းဆုံး ပဲလို့ထင်တယ်လေ။ အခုအချိန်မှာ ဆက်ကြိုးစားနေကြတော့ မပါတဲ့ လူတွေကပြောတယ်ဆိုတဲ့စွပ်စွဲ ချက်တွေဖြစ်လာမှာလဲ စိုးပါတယ်။
သူရဦးရွှေမန်း
ဖြေ။ အဲဒီတော့ အပစ်အခတ် မရပ်စဲဘဲနဲ့ ငြိမ်းချမ်းရေးဆွေးနွေး တာဖြစ်နိုင် မဖြစ်နိုင် ပြန်စဉ်းစားဖို့ လိုတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက် လို့ မိမိတို့ကငြိမ်းချမ်းရေးဖော်ဆောင် ရေးဗဟိုကော်မတီအဖွဲ့ဝင်ဖြစ်တယ်။
ဗဟိုကော်မတီက မူဝါဒတွေ ပေးတယ်။ လုပ်ငန်းကော်မတီက လုပ်ငန်းဖော်ဆောင်တယ်။လုပ်ငန်း ကော်မတီရဲ့ဥက္ကဋ္ဌကဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယ ဥက္ကဋ္ဌသုံးယောက်ကဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ သူတို့က လုပ်ငန်းကိုလက်တွေ့အကောင် အထည်ဖော်မယ့်အဖွဲ့။ စဉ်းစား ကြည့်ပါ။ အပစ်အခတ်မရပ်စဲဘဲနဲ့ ငြိမ်းချမ်းရေးလုပ်လို့ ရနိုင်မလား၊ ပြီးတဲ့အခါ ငြိမ်းချမ်းရေးလုပ်နေ ရင်းနဲ့ အပစ်အခတ်ရပ်စဲမလား စဉ်းစားကြည့်ရင်ရနိုင်ပါတယ်။

မေး။ တိုင်းရင်းသားတွေနဲ့ငြိမ်း ချမ်းရေးကိုအောင်မြင်အောင်လုပ် နေသလို လွှတ်တော်ထဲမှာလဲ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လုပ်နေပါတယ်။ လက်ရှိအခြေခံ ဥပဒေအခန်း(၇)မှာပါတဲ့ တပ် မတော်အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဖက်ဒရယ်စနစ်ကို သွားတဲ့အခါ၊ ဖက်ဒရယ်တပ်မတော်ကိုသွားတဲ့ အခါ ကိုက်ညီမှုရှိပါ့မလား။ ဘယ် လိုအချက်တွေပါဝင်သင့်ပါသလဲ။

သူရဦးရွှေမန်း
========
ဖြေ။ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ တပ်မတော်က ပါဝင်နေတယ်။ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က အစဉ် တစိုက်ပါဝင်တယ်ဆိုတဲ့သဘောနဲ့ ဆက်စပ်ပါတယ်။ ဒါနဲ့ ဖက်ဒရယ် တပ်မတော်နဲ့မပတ်သက်ပါဘူး။ ဖက်ဒရယ်တပ်မတော်ဆိုတာ ဖက် ဒရယ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ ဖွဲ့စည်း ထားတဲ့တပ်မတော်ကိုပဲ ဆိုလိုပါ တယ်။ တချို့သောတိုင်းရင်းသား တွေက ဘယ်တော့များမြန်မာမှာ United State of Myanmar ဖြစ် မလဲလို့မေးတယ်။
ဘာလို့မေးလဲဆို တော့ United State of Myanmar လို့ရေးမှ ဖက်ဒရယ်ကျင့်သုံးတဲ့ နိုင်ငံလို့ယူဆလို့ပါလို့ ဖြေတယ်။ အဲဒီလိုဆိုရင်တော့ မဟုတ်ဘူး။ အမေရိကန်က United State of America ၊ မြန်မာနိုင်ငံက Union. Union နဲ့ United State ကို ဗိုလ်ချုပ်အောင်ဆန်းဖြေထားတာ ရှိတယ်။ စာနဲ့အရ၊ စကားနဲ့အရသုံး တာပါ။ အဓိပ္ပာယ်ကအတူတူပါပဲ။ Union of Myanmar နဲ့ United State of Myanmar ကစကားအရ မတူပေမယ့် အဓိပ္ပာယ်က အတူ တူပဲဖြစ်ပါတယ်။ အမေရိကားမှာပဲ သူတို့ဆီမှာရှိတဲ့ ဘူတာရုံကြီး Union လို့ခေါ်တယ်။ သူတို့နိုင်ငံရဲ့ တပ်မတော်ကို Union Army လို့ သုံးတယ်။

ဒေါ်အောင်ဆန်းစုကြည်
==============
ဖြေ။ အဲဒီမေးခွန်းရဲ့အဖြေက တော့ ဥက္ကဋ္ဌကြီးပြောတဲ့အဓိပ္ပာယ် နဲ့တူပါတယ်။ အသုံးအနှုန်းပါပဲ။ အသုံးအနှုန်းနဲ့ပတ်သက်လို့ အခု ကတည်းက စိတ်ဝမ်းမကွဲစေချင် ဘူး။ခုနတုန်းကပြောသလို Union လား၊ United လား၊ အန်တီအနေနဲ့ Union ဆိုတဲ့စကားလုံးကို သိပ် သဘောကျတယ်။ Union ဆိုတာ အင်မတန်လှတယ်။ အင်္ဂလိပ်ဘာ သာစကားမှာ Union of Soul လို့ ပြောလေ့ရှိတယ်။ စိတ်ချင်း၊ သဘောချင်း၊ ဝိညာဉ်ချင်းပေါင်း စပ်ထားတာ။ Union ကို United ထက် ပိုပြီးကြိုက်တယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ ပြည်သူအများ က ဆုံးဖြတ်ရမှာပဲ။ ကိုယ့်နိုင်ငံကို ဘယ်လိုနာမည်နဲ့ခေါ်ဆိုချင်လဲဆို တာပါ။

No comments:

Post a Comment