Saturday, February 1, 2014

မန်းရတနာပုံ လေကြောင်းလိုင်းသစ်မှ ဝယ်ယူထားသည့် turbo-prop လေယာဉ် ဆိုက်ရောက်

မန်းရတနာပုံ လေကြောင်းလိုင်းသစ်မှ ဝယ်ယူထားသည့် turbo-prop လေယာဉ် ဆိုက်ရောက်
ရန်ကုန် ဇန်နဝါရီ  ၃၁
မန်းရတနာပုံ လေကြောင်းလိုင်းသစ်မှ ဝယ်ယူထားသည့် ပြင်သစ်နိုင်ငံ Avions de Transport Regional ကုမ္ပဏီမှ ထုတ်လုပ်သည့်ခေတ်အမီဆုံး turbo-prop အမျိုးအစား လေယာဉ်  သည် ယနေ့ညနေ ၃ နာရီ ၃၈ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာကြောင်း
သိရသည်။အဆိုပါ လေယာဉ်သည် မန်းရတနာပုံ လေကြောင်းလိုင်းသစ်မှ ဝယ်ယူထားသည့် ATR 72-600 လေယာဉ် သစ်ကြီး နှစ်စင်းအနက် MSN 1127 (XY-AJP) လေယာဉ်သစ်ဖြစ်ပြီး ခရီးသည် ၇ဝ ဆံ့ကြောင်းနှင့် ဖေဖော်ဝါရီ ၂၇ ရက်တွင် ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုံ၊ တာချီလိတ်နှင့် မြစ်ကြီး နားမြို့များသို့ ခရီးစဉ် စတင် ပျံသန်း ပြေးဆွဲမည် ဖြစ်သည်။
ယင်းအပြင် မန်းရတနာ လေကြောင်းလိုင်းမှ ပြည်တွင်း ပုံမှန်ခရီးစဉ်များ ပျံသန်းမည့် အပြင် ပြည် တွင်းနှင့် ဒေသတွင်းစင်းလုံးငှားခရီးများပျံသန်းပြေးဆွဲမည် ဖြစ်ကြောင်း၊ဒုတိ ယမြောက် လေယာဉ် ATR 72-600 MSN (1137) (XY-AJP) လေယာဉ်သစ်သည် ၂ဝ၁၄ ခုနှစ် မတ်လ တွင် ရောက်ရှိ လာ မည် ဖြစ်ပြီး မြန်မာနိုင်ငံ အတွင်းရှိ အခြားမြို့များသို့ တိုးချဲ့ပျံသန်းသွား မည် ဖြစ်ကြောင်း သိရ သည်။
ဇာနည်မောင်

No comments:

Post a Comment