Wednesday, September 23, 2015

ပြောရဲတဲ့ မီဒီယာရှိရင် လေးစားမယ် Sep 15, 2015

- တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး အတွက် NCA လက်မှတ်ထိုးရန် အစိုးရ အနေနဲ့တတ်နိုင် သလောက် လိုက်လျောတာကိုတွေ့ရ တယ်။ ကိုးကန့်ကို ဖုန်ကြားရှင်ဘက်ကနေ ၀င်တိုက်ပေးတဲ့AA ၊ TNLA နဲ့ ကေအိုင်အေ တပ်မဟာ(၄)ကိုလက်မခံဘူးဆို ပြီး
တင်းခံနေရာကနေ TNLA ရော ပါဝင်ခွင့်ပေးပြီး AA ကို လည်းကေအိုင်အေ အဖွဲ့အောက်ကလက်မှတ်ထိုးရင် လက်ခံ မယ် ဆိုတဲ့အထိ အစိုးရက လိုက်လျောပေး ထားတယ်။ ဖုန်ကြားရှင် ဦးဆောင်တဲ့ MNDAA အဖွဲ့ကိုတော့လက်နက်ချ ရမယ်၊လက်နက်ချမှ
လက်ခံမယ်ဆိုတဲ့ အတိုင်းအတာဖြစ်တယ်။ဒါဟာ MNDAA က နိုင်ငံတော်အချုပ်အခြာကို ထိပါး တိုက်ခိုက်တဲ့အတွက် ဖြစ်တယ်။ဒီတော့ ဒီလို လျော့ပေးပြီးတော့ သမ္မတကြီး ဦးသိန်းစိန် က စက်တင်ဘာ၂၉ မှာ လက်မှတ်ထိုးဖို့ တိုက်တွန်းတယ်။ဒါကို ကေအိုင်အို က အင်ဘန်လ က အောက်တိုဘာ ပထမအပတ်လောက်တော့ လျော့ပေးပါလို့တောင်းဆိုတယ်။
သမ္မတ ကလည်း လိုက်လျောခဲ့တယ်။ အခု သူတို့ဝပ်ကျင်းပြန်ရောက်တော့သမ္မတဖိတ်ခေါ်တဲ့ NCA ငြိမ်းချမ်းရေးကို လက်မှတ်မထိုးနိုင်ပါဘူးလို့ ပြောင်ပြောင်တင်းတင်းပဲ ကတိဖျက်တယ်။အဓိက က MNDAA မပါလို့ပဲ။ယခင်က UNFC ကို MNDAA ၀င်ခွင့်ပေးခဲ့တုန်း ကလည်း KIO အနေနဲ့ အတော်လေး ရလိုက်တယ်။အခုလည်း ဘယ်လောက်ရထား တယ်မသိဘူး။ MNDAA မပါရင်လက်မှတ်မထိုးဘူးဆိုတဲ့ ပုံစံ။ အဲ့တော့ ငြိမ်းချမ်းရေးလက်မှတ်မထိုးတာ ဘယ်သူတွေလဲ ၊ ကတိပျက်နေတာ ဖျက်နေတာ ဘယ်သူတွေလဲဆိုတာရေးရဲတဲ့ မီဒီယာတွေ ရှိရင်လေးစားချင်ပါတယ်။
- နောက်တစ်ခုက မဲဆွယ်ကာလမဟုတ်ပဲ မဲဆွယ်တဲ့ကိစ္စ။ဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ် ကာ လမှ မဟုတ်ပဲ "ကျွန်မပါတီကိုပဲ မဲပေးပါ" "လူကိုမကြည့်ပဲ ပါတီကိုကြည့်ပြီး မဲပေးပါ"ရယ်လို့ ဒိုက်ဦး ဘက်ကို သွားတဲ့အခါရောအခြားနယ်တွေမှာပါ ပြောခဲ့တာ အသံဖိုင်တွေတောင်ရှိပါတယ်။ မဲဆွယ်ကာလမဟုတ်ပဲ မဲဆွယ်နေပါတယ်လို့ ဘယ်မီဒီယာပြောရဲခဲ့ပါသလဲ။ အခုနောက်တစ်ခါ လာပြန်ပြီဟေ့ဆိုသလို အစိုးရမဖွဲ့နိုင်တဲ့ တသီးပုဂ္ဂလတွေကို မဲမပေးဖို့အတွက် ဒေါ်အောင်ဆန်း စုကြည်က ပြောလိုက်ပြန်ပါတယ်။လူ့အခွင့်အရေးကို အစဉ်တစိုက်အလေးထားသူ၊ လက်ရှိ တရားဥပဒေစိုးမိုးရေးကော်မရှင် ဥက္ကဌ တစ်ဦးအနေနဲ့ ဥပဒေချိုးဖောက်ပြီး လူ့အခွင့်အရေးကို ဒဲ့ ချိုးဖောက်တဲ့ စကားကို ပြောဆိုနေပါတယ်။ဒါဟာ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ၊ ပြစ်မှုဥပဒေနဲ့ ငြိတယ်
…COC(code of conduct)ကို ချိုးဖောက်ရာ ရောက်ပါတယ်။ တစ်သီးပုဂ္ဂလအကုန်လုံးက ကန့်ကွက်လို့ရတယ် တရားစွဲလို့ရပါတယ်…။ဒါတွေကို ဘယ်မီဒီယာပြောရဲပါသလဲ။
ပြောရဲတဲ့ မီဒီယာ ရှိရင် လေးစားချင်ပါတယ်။
မပြောရဲရင်တော့ မီဒီယာ မလုပ်ပဲ NLD လော်ဘီ၊ သူပုန်လော်ဘီလို့သာနာမည်ပြောင်းလိုက်ကြပါ
တော့ခင်ဗျာ..

USM

No comments:

Post a Comment