Wednesday, September 2, 2015

မင်္ဂလာတောင်ညွန့် NLD ပါတီတွင်းရန်ပွဲ ၉ ဦး ဆေးရုံတင်ထားရ

သြဂုတ်လ၂၉ရက်စနေနေ့က မင်္ဂလာတောင်ညွန့်မြိုနယ်ရှိNLD ပါတီဝင် အချင်းချင်း အကြီးအကျယ် ရန်ဖြစ်ခဲ့ခြင်းကြောင့် ပါတီဝင်အချို့ ဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် NLD အမတ် ဒေါ်ဖြူဖြူသင်းအား ထောက်ခံသည့် ရက်ကွက် ၆ ခုမှ ပါတီဝင်များနှင့် မထောက်ခံသည့် ရက်ကွက် ၁၄ ခုမှ ပါတီဝင်အချင်းချင်း စကားများရန်ဖြစ်ရာမှ အုပ်စုဖွဲ့ ရိုက်နှက်ကြခြင်းဖြစ်ပြီး ၉ ဦးဆေးရုံတင်ထားရကာ ၂ ဦးမှာ ဦးခေါင်းထိထားပြီး စိုးရိမ်ဖွယ်ရှိကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရက်ကွက်ပေါင်း ၂၀ ရှိသော်လည်း ရက်ကွက် ၄ ခုက တစ်ဖက်
၁၄ ခုက တစ်ဖက် NLD ပါတီဝင်အချင်းချင်း ပြဿနာဖြစ်လေ့ရှိကြောင်း ဒေသခံတစ်ဦးမှ ဆိုသည်။
အခင်းဖြစ်ပွားမှုတွင် ပါဝင်ခဲ့သူများအား မင်္ဂလာတောင်ညွန့်ရဲစခန်းတွင် (ပ)၇၄၆ /၂၀၁၅ နှင့် အမှုဖွင့်ထားပြီး မင်္ဂလာတောင်ညွန့်ရဲစခန်း မှူး ဒု ရဲမှူး ဦးသန်းဦး၊ ဖုန်း 095281566 နှင့် စခန်းဖုန်း -01291034 အား ဖုန်ဆက်မေးမြန်းနိုင်ကြောင်း မင်္ဂလာတောင်ညွန့် NLD မှ တာဝန်ရှိသူ တစ်ဦးမှ ဆိုသည်။

“စကားများရင်း ရိုက်ကြတာပါ.. အတိအကျသိချင်ရင်တော့ ရဲစခန်းကိုပဲဖုန်းဆက်ကြပါ.. ပြောခွင့်မရှိလို့ပါ” ဟု မြို့နယ် NLD EC တစ်ဦးမှဆိုသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ အဓိက တာဝန်ရှိသူ ဒေါ်ဖြူဖြူသင်းနှင့် NLD ဗဟိုအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခဲ့ခြင်းမရှိခဲ့ချေ။

ဒေါ်ဖြူဖြူသင်းအနေဖြင့် လက်ရှိ ပါတီအား ဦးဆောင်နိုင်စွမ်းမရှိခြင်းကြောင့် မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ NLD ပါတီဝင် ၈၀ရာနှုန်းကျော်က မကျေနပ်သော်လည်း ဒေါ်ဖြူဖြူသင်းမှာ တိုင်း NLD နှင့် NLD ဗဟို နှင့် နီးစပ်ခြင်းကြောင့် ဒုတိယအကြိမ် ပြန်လည်ရွေးချယ်ခံခဲ့ရသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပါတီဝင်များမှ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့တွင် မင်္ဂလာတောင် ညွှန့်မြို့နယ်၉၃လမ်းရှိNLD ပါတီဝင်တစ်ဦး၏နေအိမ်၌ သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ကာ ဒေါ်ဖြူဖြူသင်း သည် မင်္ဂလာတောင်ညွှန်မြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သက်တမ်းကာလ အတွင်း  မြို့နယ် ၏ လိုအပ်ချက်များ၊ တင်ပြမှုများကို ဖိအားပေးလုပ်ဆောင်မှုမရှိကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်လျှင် လည်း ရပ်ကွက် ပေါင်း၂၀ရှိသည့်အနက် ရပ်ကွက်ပေါင်း ၆ ရပ်ကွက်သာ အဓိကထားလုပ်ဆောင်ပေးသည့် အတွက် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ပြည်သူများ၊ NLD ရပ်ကျေး၊ အလုပ်အမှုဆောင်နှင့် မြို့နယ်အောင်နိုင်ရေးများမှ၎င်းအားကန့်ကွက်ကြောင်း၊မြို့နယ်ECတွဲဘက်အတွင်းရေးမှူး မြို့နယ်အောင်နိုင်ရေး ဘဏ္ဍာရေးမှူး ဦးဌေးမြင့်မှ ပြောဆိုထားသည်။

No comments:

Post a Comment