Monday, September 28, 2015

ကျွန်တော် တို့ မှတ်ဥာဏ်မနည်းသေးပါဘူး ဒေါ်အောင်ဆန်းစုကြည်

လူဆိုတာ ကောင်းသည်ဖြစ်စေ ၊ ဆိုးသည်ဖြစ်စေ အတိတ်နဲ့ သမိုင်းကြောင်းနဲ့နေထိုင်တာမျိုးဖြစ်
တယ်။ဒီတော့ အကြောင်းအရာ တစ်ခုခုဖြစ်လာရင် ယခုဘာလုပ်နေလဲ ၊ ယခင်ဘာလုပ်ခဲ့လဲ ဆိုတာ
မျိုးကို ဆန်းစစ်ကြတာဖြစ်တယ်။ဥပမာအနီးစပ်
ဆုံးပြောရရင် အလုပ်တစ်ခု လျှောက်တော့ မယ်ဆိုရင်တောင် ယခင်ကပစ်မှုကျူးလွန်ဘူးလား ၊ ရပ်ကွက်မှာအော့ကြောလန်သူလား ၊ အကျင့်စာရိတ္တကောင်းရဲ့လား ဆိုတာမျိုးနဲ့ အလုပ်ခန့်မယ့်အလုပ်ရှင်က ဆန်းစစ်ကြရ တာပဲ။ဒီလူသည် အပြောတစ်မျိုး အလုပ်တစ်မျိုးလား၊ လိမ်လည်တတ်တဲ့လူလား ၊အပြောချိုချိုနဲ့ နောက်ကျောဓားနဲ့ ထိုးမယ့်သူလား ၊ သူ့လူကိုယ့်ဘက်သားလူလား၊ သူဟာယခင်က ကိုယ့်အကြောင်းဘာမကောင်းပြောဖူးလဲ၊ ကိုယ့်အပေါ် (ကိုယ့်ကုမ္မဏီအပေါ်)ဘယ်လိုသဘောထားရှိခဲ့ဖူးလဲဆိုတာ ဆန်းစစ်ကြရတာပဲမဟုတ်လား။ ဒီအချက်တွေ အပေါ် အခြေခံဆုံးဖြတ်ပြီးမှသာလျှင် ဒီလူအပေါ်ယုံသင့် ၊ မယုံသင့် ၊ အလုပ်ခန့်သင့် မခန့်သင့် စဉ်းစား လက်ခံကြတာအရှိ တရားတစ်ခုပဲဖြစ်တယ်။

၂၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးတဲ့ Video Clip မှာ"အဖွဲ့ချုပ်နဲ့ တပ်မတော် အကြား သံသယတွေ ဖယ်ရှားပြီး ပြည်ထောင်စုအရေး၊ ဒီမိုကရေစီအရေးအတွက် အပြန်အလှန် ယုံကြည်လေးစားစွာ ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ပြောင်းလဲရေး
မှာလည်း နိုင်ငံရဲ့ တည်ငြိမ်မှု၊ ပြည်သူတွေရဲ့ နှလုံးစိတ်ဝမ်း အေးချမ်းမှုတို့ကို မထိခိုက်စေဘဲ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီစွာ အတူလုပ်ဆောင်ချင်ပါတယ်" လို့ ထုတ်ပြောတာကိုတွေ့ရပါတယ်။ဒီလို စိတ်ထဲပါသည်ဖြစ်
စေ၊ မပါသည်ဖြစ်စေ ထုတ်ပြောတာကိုတော့ ပြောတယ်လို့ပဲ မှတ်ရပါလိမ့်မယ်။သို့သော် ကျွန်တော်တို့က စဉ်းစားရမှာသည် အနှီဒေါ်အောင်ဆန်းစုကြည်သည် တကယ်ပဲ စိတ်ရင်းအခံဖြင့်ပြောလေသလား၊ သို့တည်းမဟုတ် မဲလိုချင်၍ပြောလေသည်လား ဆိုတာ ကို စဉ်းစားရမှာပဲဖြစ်ပါတယ်။ဒီလို ဆိုရင် ယခင်ရွေးကောက်ပွဲမဲဆွယ်ကာလမတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ တပ်မတော်အပေါ် သဘောထားကို နည်းနည်းလေးစောကြောကြည့်ကြပါစို့။ခပ်ဝေးဝေးတော့ ပြေးမကြည့်တော့ပါ။ သိပ်မကြာခင်ကမှ ဖြစ်ပျက်ခဲ့တဲ့ လောက်ကိုင် ဖြစ်စဉ်အကြောင်းဆို အားလုံးလည်း သိတန်ကောင်းပါရဲ့။

တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို ထိခိုက်လာတဲ့ ကိုးကန့်ဒေသမှာ စစ်တွေဖြစ်လို့၊ ကျူးကျော်သူတွေကို တိုက်ခိုက်ရင်း တပ်မတော်သားတွေအများအပြားကျဆုံးခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မရောက်တဲ့အပြင် ၀မ်းနည်းကြောင်း စကားတစ်ခွန်းစာတစ်စောင်တောင်
 ထုတ်ပြန်ဖော်ပြမှု မရှိခဲ့ဘူး။KIA သူပုန်ကျောင်းကို တပ်မတော်က လက်နက်ကြီးနဲ့ပစ်ခတ်လိုက်တာကြောင့် KIAသူပုန် တွေ ဆယ်ဂဏန်းကျသွားတဲ့အပေါ် ၀မ်းနည်းကြောင်းသ၀ဏ်လွှာ စာတွေပိုလို့။အရှေ့မြောက်ဒေသမှာ ကျဆုံးစစ်သည်တွေအတွက် အုတ်ဂူဖြူဖြူလေးတွေတန်စီခဲ့တယ်။ဒီ အုတ်ဂူဖြူဖြူလေးတွေထဲမှာ နေကြသူတွေဟာ တိုင်းပြည်ရဲ့ ရန်စွယ်ကို ကာကွယ်ပေးခဲ့သူ
တွေပါ။ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် တစ်ချက်လေး အရောက်မသွားခဲ့ဘူး။မျှော်လင့်နေခဲ့တာ
လားလို့တော့ မမေးပါနဲ့။လာဖို့ကိုတော့ မမျှော်လင့်ပါဘူး။တစ်ကယ်ဆို တပ်မတော်နဲ့ ပူပေါင်းဆောင်ရွက်
လိုသူတစ်ယောက်အနေနဲ့ အဖွဲ့အစည်းအနေနဲ့ ၀မ်းနည်းကြောင်းလေးတော့ပြောဖို့/ပြဖို့ကောင်းတာပေါ့။ Diplomacy အရပဲ ဖြစ်ဖြစ်ပေါ့။ဒါပေမယ့် မျက်နှာပြောင်တိုက်တယ်ပဲပြောရမလား ။
အချိန်ကိုက်ပြီး ....ဒုတိယကမ္ဘာစစ်က မဟာမိတ်စစ်င်္သချိုင်းကို ...မျက်နှာပြောင်တိုက် ပန်းစည်းချခဲ့သေးတယ်။


ဒီစကားတွေကို မုန်းလို့ပြောတာလည်း မဟုတ်သလို၊ ချစ်လို့ပြောတာလဲမဟုတ်ဘူး။ထုတ်မပြောဖြစ်ပေမယ့် ရင်ထဲမှာ အားလုံး မှတ်မိတယ် ဆိုတာ သိစေချင်ယုံပါပဲ။တချိန်လုံး စစ်ခွေးရယ်တစ်ဖုံ ၊ စစ်ကမ်း
မရှိတဲ့စစ်တပ် မရှိတာပဲ ကောင်းဦးမယ်၊ စစ်တပ်ကို ဂုဏ်သိက္ခာရှိစေချင်တယ် ဆိုတာမျိုးတွေ တိုက်ခိုက်
တွန်းတိုက်ခဲ့တဲ့ ပါတီက ၊ တိုက်ခိုက် ခဲ့သူက ရွေးကောက်ပွဲ မဲလိုချင်တော့မှ ကျွန်မတို့က တပ်မတော်နဲ့ အကြား သံသယတွေ ဖယ်ရှား ဘာညာ ဘာညာဆိုတာနဲ့ကျွန်တော်တို့ဆီက မဲရမယ်လို့ မျှော်မှန်း
ထားလေသလား။ဒါဆိုရင်တော့ ၀မ်းနည်းပါတယ် ဒေါ်အောင်ဆန်းစုကြည် ။ မျှော်လင့်မနေပါနဲ့တော့။ ကျွန်တော်တို့ အဲ့ဒီလောက်တုံး အ ပြီး မှတ်ဥာဏ်နည်းဖို့ ပါရမီ မပါခဲ့ပါဘူး။

USM

No comments:

Post a Comment