Wednesday, September 23, 2015

ဖဲကြိုးဝါလှုပ်ရှားမှု ပျဉ်းမနား NLD အီးစီ ဦးဆောင်၊ စစ်တပ်ဆန့်ကျင်ရေးအရောင်ကန်ပိန်းများ ကျယ်ပြန့်လာစေရန် NLD ပါတီက စီစဉ်နေ

တရားလွှတ်တော်သို့ တပ်မတော်မှ အရာရှိများ ရောက်ရှိလာမှုကို ကန့်ကွက် သည်ဆိုပြီး ဖဲကြိုးဝါတပ်ဆင် လှုပ်ရှားမှုကို ဦးဆောင်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်မှာ ပျဉ်းမနားမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အလုပ်အမှုဆောင်တစ်ဦးဖြစ် သည်ဟု သိရှိရသည်။ကျန်းမာရေးဝန်ကြီးဌာန သို့ တပ်မတော်အရာရှိများ ပြောင်းရွေ့ရောက်ရှိမှုအား ကန့်ကွက်ခဲ့သည့် ဖဲကြိုးနက် လှုပ်ရှားမှုကို ဦးဆောင်သူ ဒေါက်တာ မြတ်ဝဏ္ဏစိုးမှာ NDF ပါတီမှ NLD ပါတီသို့ ပြောင်းရွေ့သွားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုး၏ အကိုဖြစ်ပြီး ဖဲကြိုးလှုပ်ရှားမှုများမှာ ၂၀၁၅ ရွေးကောက်ပွဲနှင့် အချိန်ကိုက်ပြီး NLD ၏ အစီအစဉ်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး အခြားဝန်ကြီးဌာနများတွင် လည်း ဖဲကြိုးလှုပ်ရှားမှုများဆောင်ရွက်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

တရားလွှတ်တော်သို့ ပြောင်းရွေ့ရောက်ရှိလာသည့် တပ်မတော်အရာရှိအားလုံးမှာလည်း LLB နှင့် LLM ဘွဲ့ရများသာဖြစ်ပြီး တပ်မတော်အရာရှိများ တရားလွှတ်တော်သို့ပြောင်းရွှေ့မှုမှာ တရားရေး ဝန်ထမ်း အားလုံး၏ ၀.၁ ရာခိုင်နှုန်းပင်မရှိကြောင်း၊ ဖဲကြိုးဝါ လှုပ်ရှားမှုတွင် ပါဝင်သူများမှာ အစိုးရဝန်ထမ်းမဟုတ်သည့် အလွတ်တန်းရှေ့နေများဖြစ်ပြီး တပ်မတော်သားဟောင်းများအပါ
အဝင် ရှေ့နေလိုင်စင်ရထားသူတိုင်း ရှေ့နေလိုက်ခွင့်ရှိသဖြင့် ၄င်းတို့ လှုပ်ရှားမှုမှာ အဓိပ္ပါယ်မရှိပဲ နိုင်ငံရေးအကွက်သာဖြစ်ကြောင်း တရားလွှတ်တော်ချုပ်မှ အရာထမ်းတစ်ဦးက
ဝေဖန် ပြောကြား ခဲ့သည်။

ဖဲကြိုးဝါလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အလုပ်သင်ရှေ့နေတစ်ဦးက ၄င်းတို့ဆရာ ဦးခင်မောင်ဇော်က ဖဲကြိုးဝါ တပ်ဆင်ကြမည်ဆို၍သာ တပ်ဆင်ရခြင်းဖြစ်ကြောင်း၊ တပ်မတော်မှတရားရေးဌာနသို့ အရာရှိများ မည်မျှ ပြောင်းရွေ့ရောက်ရှိသည်၊ ၄င်းတို့သည် တရားစီရင်ရေးစနစ်ကို မည်သို့ထိ ခိုက်စေသည်ကိုမူ နားလည်ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် စစ်တပ်ဆန့်ကျင်ရေးစိတ်ဓါတ်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် လာစေရန် NLD ပါတီဝင်များက စီစဉ်ဆောင်ရွက်လျက်ရှိသည့် သတင်းများလည်း ထွက်ပေါ်လျက် ရှိသည်။

ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စစ်တပ်မုန်းတီးရေးလှုပ်ရှားမှုများ ဖြစ်ပေါ်လာစေရန် စီစဉ် ဆောင်ရွက် နေခြင်းသည် NLD ပါတီအတွက် ကြီးမားသော စွန့်စား မှု ဖြစ်ကြောင်း၊ အခန့်မသင့်လျှင် အရှိန် မထိန်းနိုင်ဘဲ ရွေးကောက်ပွဲကိုပင် ပျက်ပြားသွားနိုင်ကြောင်း၊ ရွေးကောက် ပွဲ မသေချာမရေရာသည့် အနေအထားမျိုး ဖြစ်လာလျှင် NLD ပါတီအတွက်သာမက မည်သူမှ အကျိုးမရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးနိုင်က သုံးသပ်ပြောကြားသည်။

No comments:

Post a Comment