Wednesday, September 2, 2015

စတုတ္ထမဏ္ဍိုင်ကို ပဉ္စမမဏ္ဍိုင်က ပြန်ထိန်းကျောင်းရတော့မလား

စက်တင်ဘာလ ၁ ရက်၊ ၂၀၁၅
ပြီးခဲ့တဲ့အပတ်က မြန်မာပြည်ရဲ့ မီဒီယာတွေအပေါ် အမှန်အတိုင်းရှုမြင်မိတာလေးတစ်ခု
ထောက်ပြရေးမိ ပါတယ်။ ကြိုဆိုသူ ရှိသလို အနာပေါ်တုတ်ကျသွားတဲ့ မီဒီယာသမားလက်ဝေခံ တချို့ကတော့ ကက်ကက်လန် ပြန်ပြီး ရန်တွေ့ခဲ့ကြပါတယ်။

မြန်မာပြည်မီဒီယာသမားတချို့ ဘက်လိုက်လွန်းတယ်။ အမှန်တရားကို ရှုမြင်နိုင်မှု အားနည်း လွန်းတယ်။ သတင်းအခြေ အမြစ်တစ်ခုကို ပုဂ္ဂိုလ်ရေးခံစားချက်နဲ့ ယှဉ်တွဲပြီးရေးကြတယ်။ တစ်ဖက်ကို အတင်းဖိနင်းပြီး တစ်ဖက်ကိုကျတော့ အတင်း လိုက်ဖာပေးနေရတဲ့ မီဒီယာသမားတွေ ကို မီဒီယာသူငယ်နာမစင်သူများလို့ ရေးခဲ့ပါတယ်။
ခေတ်ကြီးက ပြောင်းသင့်သလောက် ပြောင်းနေပြီဆိုတာကို လက်ခံနိုင်ရပါမယ်။ မီဒီယာလွတ်လပ်ခွင့်ဆိုတာ အာဏာရှင် လက်အောက်မှာ တစ်သက်လုံးမြိုသိပ်လာခဲ့ရသမျှ  ကို ပေါက်ကွဲဖို့အတွက် အသုံးချစရာမဟုတ်ပါဘူး။ မြန်မာ့နိုင်ငံရေးနဲ့ မီဒီယာရောယှက်မှုမှာ “ငါနဲ့မတူ ငါ့ရန်သူ” စနစ်က အသားကျနေခဲ့ပါပြီ။ မဏ္ဍိုင်သုံးရပ်ကို ထိန်းကျောင်းဖို့ စတုတ္ထမဏ္ဍိုင် ဆိုပြီးဖြစ်လာတာပါ။ အခုက စတုတ္ထမဏ္ဍိုင်ကြီကို ထိန်းကျောင်းဖို့ ပဉ္စမ မဏ္ဍိုင်ဖြစ်တဲ့ ပြည်သူတွေပဲ တာဝန်ယူရတော့မလို ဖြစ်နေပါပြီ။ သတင်းအမှန်တွေကို ထိန်ချန်ထားသရွေ့ စတုတ္ထမဏ္ဍိုင်ရဲ့ ဂုဏ်ဒြပ်ဟာ သိမ်ငယ်နေရဦးမှာပါပဲ။
ပါတီစုံဒီမိုကရေစီဆိုပြီး ခေါင်းစဉ်တပ်၊ အစိုးရသစ်တက်လာ၊ အတိုက်အခံပေါ်လာ၊ နိုင်ငံရေး တီးဝိုင်းကြီးသံစုံမြည်လာ အောင် မီဒီယာတွေက အလယ်တည့်တည့်က ရှုမြင်သုံးသပ်ပေးရမယ်။

မီဒီယာတွေက တစ်ဖက်စောင်းနင်းဖြစ်လာပြီဆို အင်မတန် အန္တရာယ်ကြီးပါတယ်။ အစိုးရ၊အတိုက်အခံ၊ တပ်မတော်နဲ့ပြည်သူတွေကြားမှာ မီဒီယာရဲ့ သမာသမတ်ကျမှုကို ပြဖို့ အချိန်ရောက်ပါပြီ။ အပြောင်းအလဲကိုလိုချင်ရင် လမ်းကြောင်းကို အမှန်အတိုင်း ရှုမြင်ဖို့လိုပါတယ်။ အစိုးရတစ်ရပ်၊ အဖွဲ့အစည်းတစ်ခု၊လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်စတဲ့ ရည်ညွှန်းချက်တွေကို ထောက်ငဲ့ပြီး ရေးသားဖော်ပြ ဘက်လိုက်နေ သမျှ မီဒီယာအခန်းကဏ္ဍက သေးသိမ်နိမ့်ကျနေဦးမှာပါ။

မင်းသန့်နိုင်

No comments:

Post a Comment