Tuesday, February 4, 2014

သမ္မတအရည်အချင်းပြဋ္ဌာန်းချက် ပုဒ်မ ၅၉(စ) ထောက်ခံပွဲ မန္တလေးတွင် ပြုလုပ်မည်

မြန်မာအမျိုးသားကွန်ယက်မှ ဦးစီး၍ 
မန္တလေးတိုင်းဒေသကြီး အောင်မြေ
သာဇံမြို့နယ်၁၉လမ်းနန်းရှေ့ ဘောလုံး
ကွင်းတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥ
ပဒေပါ သမ္မတအရည်အချင်းပြဋ္ဌာန်းချက် 
ပုဒ်မ ၅၉(စ) ထောက်ခံပွဲ ကို ဖေဖော်ဝါရီ
 ၁၁ ရက် နေ့လည် ၂ နာရီမှ ၆ နာရီ
အထိ ကျင်းပပြုလုပ်ရန် ခွင့်ပြု
ချက်တင် ထားကြောင်း သိရှိ ရပါသည်။
အဆိုပါ ထောက်ခံပွဲကို ဖေဖော်ဝါရီ ၂ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားက စားကွင်းတွင် နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသော ပြည်သူလူထု ထောင်နှင့်ချီကာ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
သမ္မတအရည်အချင်းပြဋ္ဌာန်းချက် ၅၉(စ)ထောက်ခံပွဲနှင့်ပတ်သက်၍`` ရန်ကုန်မှာလုပ်တုန်းက ပြည် သူ လူထုရဲ့ ထောက်ခံမှုကို အများကြီး ရရှိခဲ့ပါတယ်၊ အခု ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ပြုလုပ် မယ့် ထောက်ခံပွဲကိုလည်း မန္တလေးနယ်ခံတွေကတက်ဖို့ အားပါနေကြပါတယ်၊ 
ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ လုပ်တာဖြစ်တဲ့အတွက် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်´´ ဟု မြန်မာအမျိုးသားကွန်ယက်မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသွားခဲ့ပါသည်။

မြင့်အောင် (မန္တလေး)

No comments:

Post a Comment