Wednesday, February 5, 2014

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ ..... ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးရဲ့အဆိုကို.... ပြန်လည် ဖြေကြား

မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာမှာ ရွာသူ၊
 ရွာသားအချို့နှင့် ကြိုတင်စီစဉ်ထားခြင်းမရှိပဲနှင့်
ရှောင်တခင် တွေ့ဆုံခဲ့တဲ့နေရာမှာ ပြောကြားခဲ့
တဲ့.ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောစကားနှင့်
ပတ်သက်ပြီး..ဝေဖန်မှုတွေထွက်ပေါ်နေတာ ကျွန်တော်တို့အားလုံး သိကြောင်းမပြောသင့် 
စကားလုံးတွေ လွန်လွန်ကျုးကျုးပါတာ မှန်ပါတယ် ....

ဒါပေမယ့်လည်းသူရဲ့ရည်ရွယ်ချက် ကျေးရွာလူထု လိုအပ်ချက်အတွက် အကူညီပေးဖို့ဖြစ်တယ်လို့ ယူဆနိုင်ကြောင်းဘာဖြစ်လို့လည်းဆိုရင်လမ်းဘေး လက်ဘက်ရည် ဆိုင်တစ်ဆိုင်ကလူ ၁၅ ယောက်လောက်က ထွက်ပြီးတော့ ပြည်ထောင်စုဝန်ကြိးရဲ့ ကားကို တားတာဖြစ်ကြောင်း ....
ပြည်ထောင်စုဝန်ကြီး က ကျေနပ်စွာရပ်ပေးပြီး ဘယ်ကလဲ...ဘာလိုလဲ ....ဘာလုပ်ပေးရမလဲ မေးကြောင်း စတဲ့ စကားများကိုလည်း ကြားကြမှာဖြစ်ပါတယ်...

အကူအညီ မပေးချင်လို့ရှိရင် ကားတောင် ရပ်ပေးစရာမလိုပါဘူးစကား ပြောဆိုကြတော့လည်း ရင်းရင်းနှီးနှီး ပြောဆိုကြတာဖြစ်ကြောင်း ဒီဒေသမှာ ၅ နှစ်လောက် တာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့တဲ့ လူတစ်ယောက်ရဲ့ စိတ်ခံစားမှု ဖြစ်ကြောင်း ၅ နှစ်လောက်တာဝန်ထမ်းခဲ့တဲ့အတွက်ရွှေမျိုးအရင်းခြာလို သဘောထားတာဖြစ်ကြောင်း ၊ပြောဆိုတဲ့အခါမှာလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုကြောင်း၊
ပြောရင်းဆိုရင်း သူရဲ့ကိုယ်ပိုင်ခံစားချက်ကိုလွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်အရ ထုတ်ဖော်ပြောဆို မိခဲ့တယ်လို့ ဒီလိုယူဆမယ် ဆိုရင် ယူဆလို့ ရနိုင်တဲ့ အနေအထားရှိပါတယ်....

ညွန်ချုပ်တစ်ယောက်ကို ကျနော် တို့ထားခဲ့တယ်ပြီးတဲ့အခါကျတော့ ကျေးရွာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်ဖို့အတွက်ကျောင်းသားတွေအတွက် စားပွဲ ကုလားထိုင် အစုံ ၃၀ လုပ်ပေးခဲ့တယ်...
ဒီအချက်တွေကို ကျနော်တို့ ထည့်သွင်း စဉ်းစားသင့်တယ်လို့ ကျနော်အနေနဲ့ တင်ပြလိုပါတယ်....

ပလုံးတုံတုန်း ရွာသားတွေနဲ့ တွေ့တဲ့ အခါမှာလည်းရွှာသားတွေက ၀န်ကြီးနဲ့ တွေ့ဖို့လာခေါ်ကြပါတယ် ....
အဲလိုတွေ့ဆုံတဲ့ အခါမှာလည်း စကားအသုံးအနှုန်း လွှဲမှားမှုတွေ ပါသွားခဲ့ပါတယ်။ပါသွားနိုင်ပါတယ်။
ကျနော်တို့ကတော့ သေသေချာချာ မသိရပါဘူး။အဲဒီရွာမှာ သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလတုန်း က ...
နယ်မြေခံအရာရှိကြီးတစ်ယောက်အနေနဲ့ ရွာသားတွေနဲ့ အတူ လက်တွဲပြီးတော့ သဲသောင်တွေနဲ့ ပင်လယ်ဝကို ဖြတ်ပြီးတော့ ဒီပုလုံးတုန်းနဲ့ ကော့သောင်းဆက်သွယ်တဲ့ တံတားကိုထိုးဖို့ စွန့်စွန့်စားစား လုပ်ခဲ့တာဖြစ်ပါတယ် အဲ့တာ ကိုယ်ထူကိုယ်ထ တံတားဖြစ်ပါတယ်အဲ့လို မိုင်နဲ့ချီပြီးရှည်တဲ့ ဒီလိုလုပ်ငန်းတစ်ခုကို ကျေးရွာလူထု နှင့် အချိန်ယူပြီးတော့ ဒီလို ရင်းရင်းနှီးနှီး လက်တွဲပြီးတော့ ....
လုပ်လာခဲ့တဲ့ လူတစ်ယောက် ဖြစ်ပါတယ် ....

ဒါတွေရဲ့အကျိုးဆက်ကို ကြည့်မယ်ဆိုလို့ရှိရင် အဲ့ဒီရွာရဲ့ဆိပ်ကမ်းဟာသာတောင့်သာယာဖြစ်နေတဲ့အပြင် ဦးအုန်းမြင့်တာဝန်ယူတဲ့ ၀န်ကြီးဌာနဟာလည်း ဒီပုလုံးတုံတုန်းကျေးရွာ တံတားချင်းကပ်လမ်းတွက် ....
ဒီလိုအပ်တဲ့ လမ်းခင်းပေးဖို့ ဒီ ဘတ်ဂျက်ကို ဒီလွှတ်တော်မှာ တင်ပြထားပြီး ဖြစ်တာလည်း ထည့်သွင်းစဉ်းစားရပါမယ် ...ဒီတံတားတင် မကပါဘူး ....ကျေးရွာ မီးလင်းရေးအတွက် ....
ဆိုလာမီးတွေတပ်ဆင်ပေးဖို့အတွက်ပါ တင်ပြခဲ့တာဖြစ်ပါတယ် ...

အဲ့တော့ ရွာသူ၊ ရွာသားတွေအပေါ်မှာ ...ဦးအုန်းမြင့် ထားရှိတဲ့စေတနာကိုလည်း လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေနဲ့မှန်းဆကြည့် လို့ တွေ့ နိုင်ကြောင်း တင်ပြလိုပါတယ် ...

ဖြစ်စဉ်နှစ်ရပ်စလုံးမှာ ဦးအုန်းမြင့်ဟာ သဘောရိုးနဲ့ပြောခဲ့တာလားဒါမှမဟုတ် ကောက်ကျစ်သောအကြံနဲ့
စေတနာမသန့်ဘဲနဲ့ ပြောခဲ့သလား ဆိုတဲ့အချက်ဟာ ဒီကိစ္စမှာ အရေးတကြီးထည့်သွင်း စဉ်းစားရမယ့်အချက်ဖြစ်ပါတယ် ...

အဲ့တော့ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ဒီကိစ္စကို လေ့လာသုံးသပ်တဲ့နေရာမှာ ဖြစ်နိုင်သမျှ တရားမျှတမှု ရှိနိုင်ဖို့ အတွက်ကျွန်တော်တို့က အပေါ်ယံကလေး လေ့လာသုံးသပ် မလုပ်ချင်ပါဘူး ...

နောက်ခံအကြောင်း တရားတွေ နောက်ဖြစ်စဉ်ပေါ်ပေါက်တဲ့ ပတ်ဝန်းကျင် အခြေအနေတွေ နောက်ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေနောက် နယ်မြေခံလူထု ပင်ရင်း စိတ်နေသဘောထားတွေ ဒါတွေကိုပါ ထည့်သွင်းစဉ်းစားပြီးတော့ ပြည့်ပြည့်စုံစုံ လေ့လာသုံးသပ်ဖို့ လိုအပ်ပါတယ်

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရအနေနဲ့ .အထူးအလေးထားပြီးတော့မှစဉ်းစားဆောင်ရွက်နေ
တာဖြစ်ပါတယ် ကျွန်တော်တို့ စောစောတုန်းက တင်ပြခဲ့သလိုပဲ ဒီကိစ္စဟာ အပေါ်ရံကြော စဉ်းစားရမယ့် ကိစ္စမဟုတ်ပဲနဲ့ ...သူ့ရဲ့နောက်ခံအကြောင်းတရားတွေ ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ ...ထို့အတူ ဒေသမှာ
ပြောခဲ့တဲ့သူတွေရဲ့ စိတ်နေသဘောထားတွေ ....ဒါတွေကိုပါ ကျွန်တော်တို့လေ့လာသုံးသပ်ဖို့ လိုအပ်ပါတယ် ...ဒါမှလည်းပဲ ကျွန်တော်တို့ အဖြေမှန်နဲ့ နီးစပ်မှာဖြစ်ပါတယ် ဒါမှလည်းပဲ ကျွန်တော်တို့ဟာ ပိုပြီးတော့ အမျှော်အမြင်ရှိရာ ကျ မှာဖြစ်ပါတယ် ....

ရုတ်တရက် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုကို မူတည်ပြီးတော့ ကျွန်တော်တို့ ဆုံးဖြတ်ကြမယ်ဆိုရင် ....
အဆုံးဖြတ်တွေဟာ မှန်မယ်လို့ ကျွန်တော်တို့ မပြောနိုင်ပါဘူးဒါကြောင့်မိုလို့ ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ်သက်ပြီးအချိန်အနည်းငယ် လိုချင်ပါတယ်လို့ တင်ပြခြင်းဖြစ်ပါတယ် လေးစားပါတယ် .....။

(ဦးအောင်ကြည် ၊ ပြည်ထောင်စု ၀န်ကြီး )

No comments:

Post a Comment