Wednesday, February 5, 2014

ဒေါ်ခင်ဝိုင်းကြည်ကို ပါတီမှ မထုတ်ပယ်ဟု ထုတ်ပြန်

ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သော 
ပုဒ်မ ၅၉ အသိပညာပေး 
 ဟောပြောပွဲ၌ အမျိုးသား
လွှတ်တော် ကိုယ် စားလှယ်
 ဒေါ်ခင်ဝိုင်းကြည်က ဒေါ်အောင်ဆန်း
စုကြည်အား မဲမထည့်၊ သူရဦးရွှေမန်း
အား မဲထည့်မည်ဟု ပြောဆိုခဲ့သည့်
အတွက် ပါတီမှထုတ်ပယ်ခံရသည်ဟု အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသောသတင်းကို ဒေါ်ခင် ၀ိုင်းကြည်နှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဥက္ကဋ္ဌ၊ ဦးခင်မောင်ဆွေတို့က မဟုတ်မှန် ကြောင်း ငြင်းဆိုသည်။

ဦးခင်မောင်ဆွေက “ကျွန်တော်မပြောဘူး။ ဒီမိုကရေစီခေတ်မှာ လွှတ်တော် ကိုယ်စားလှယ်
တစ်ယောက်ရဲ့အသံကို ကန့်သတ်ချုပ်ချယ်ပြီး ထုတ်ပယ်ရမယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး။ ဘယ်သူ့ကိုမဲထည့်မယ်ဆိုတာ သူရဲ့ ဆုံးဖြတ်ပိုင်ခွင့်ပါ။ အန်ဒီအက်ဖ်ပါတီိဆိုတာ မူပေါ်မှာပဲ ရပ်ပါတယ်။ လူပေါ်မှာ မရပ်ပါဘူး”ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဖေဖော်ဝါရီ ၄ ရက် နေ့စွဲဖြင့် ထုတ် ပြန်ခဲ့သည့် ကြေညာချက်တွင် ထိုနေ့ နေ့လယ်က အင်တာနက်ဖေ့ဘုတ်ပေါ်၌ ပါတီဥက္ကဋ္ဌ ဦးခင်မောင် ဆွေနှင့် ဒေါ်ခင်ဝိုင်းကြည်တို့၏ ပြောကြားချက်များဟုဆိုကာ ဓာတ်ပုံများနှင့် ဖော်ပြခဲ့သည့်အတွက် ပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့က သက်ဆိုင်သူနှစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့သည်ဟု ဆိုသည်။

ဗိုလ်စိန်မှန်ကွင်း ဟောပြောပွဲတွင် ဒေါ်ခင်ဝိုင်းကြည်က ပုဂ္ဂလိကလွတ်လပ်ခွင့်အရ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းမှာ အင်န်ဒီအက်ဖ်ပါတီနှင့် သက်ဆိုင်ခြင်းမရှိဟု ပါတီထုတ်ပြန်ချက်တွင် ပါရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment