Friday, February 7, 2014

၃၈ မီနီဘတ်စ်နှင့် ၅၉ မီနီဘတ်စ်အသစ်များ လိုင်းဆွဲရန်အသင့်ရှိနေ

ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာနယ်နိမိတ်အတွင်း ပြေးဆွဲ လျက်ရှိနေသော ဟိုင်းလပ်ယာဉ်များ ကို ဖေဖော်ဝါရီ ၁၅ ရက်အထိသာ လိုင်းပြေးဆွဲခွင့်ပြုမည် ဖြစ်ကြောင်း သက်ဆိုင်ရာက အသိပေးကြေညာ ထားပြီဖြစ်သည်။
အမှန်တကယ်ဆိုရပါမူ ဟိုင်းလပ် ယာဉ်များသည် ကုန်တင်ယာဉ်အဖြစ် သာ အသုံးပြုသင့်သောယာဉ်ငယ် များဖြစ်ပေသည်။ ပို့ဆောင်ရေးကဏ္ဍ လိုအပ်ချက်အရ ဖြည့်ဆည်းအသုံးပြု နေရခြင်းသာ ဖြစ်ပေသည်။

ဗဟန်းမြို့နယ် အုတ်လမ်းမှတ် တိုင်မှ ကြည့်မြင်တိုင်မြို့နယ်အတွင်း ရှိ ကျောင်းသို့ နေ့စဉ်ဟိုင်းလပ်ကား ဖြင့် ကျောင်းသွားကျောင်းပြန်ရသည့် အထက်တန်းပြ ဆရာမတစ်ဦးက ''ဟိုင်းလပ်ဆိုတာ မစီးမဖြစ်လို့သာ စီးနေရတာ၊ မိန်းကလေးတွေအနေနဲ့ အလွန်ပဲဣနြေ္ဒမဲ့ပါတယ်၊ ဒီကြားထဲ တစ်စီးနဲ့တစ်စီး အပြိုင်မောင်းပြီဟေ့ ဆို အတော့်ကို ကြောက်စရာကောင်း တာ ဘုရားတ စီးရတယ်'' ဟု ဆိုပါ သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆွဲနေသော ဟိုင်းလပ်ယာဉ်လိုင်း ပေါင်း ၄၆ လိုင်းရှိပြီး ပြေးဆွဲနေသော အစီးရေအားဖြင့် ၈ဝဝ ကျော်ရှိနေ ကြောင်း၊ မထသ(ဗဟို)မှ သိရသည်။ ယာဉ်ပိုင်ရှင်များ၏ အခက်အခဲကြောင့် လိုင်းများတွင် အစီးရေ ၇ဝ ကျော်သာ အစားထိုးပြောင်းလဲနိုင်သေးကြောင်း သိရသည်။
မထသ(ရန်ကုန်တိုင်းဒေသကြီး)စီမံမှုအောက်သို့ ၃၈ သီးသန့် (ဟိုင်း လပ်)ယာဉ်များအစား ၃၈ မီနီဘတ်စ် လိုင်းအသစ်အဖြစ် ကိုရီးယားနိုင်ငံ ထုတ် ဟွန်ဒိုင်းအမျိုးအစား မီနီဘတ်စ် များဖြင့် ပြေးဆွဲရန် ယာဉ်ပိုင်ရှင်များ က ခွင့်ပြုမိန့် တောင်းခံထားကြောင်း မထသ တိုင်းရုံး/စီမံရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ခရီးစဉ်အားဖြင့် သုဝဏ္ဏ ပြည်ထောင်စုတံတားအနီး ဂိတ်ရင်းမှ အသွားတွင် သံသုမာလမ်း၊ အထက် ပုဇွန်တောင်လမ်း၊ အောက်ပုဇွန် တောင်လမ်း၊ ရာဇာဓိရာဇ်လမ်း၊ ကမ်းနားလမ်း၊ သိမ်ဖြူလမ်း၊ ကုန်သည် လမ်း၊ ရွှေတိဂုံဘုရားလမ်း၊ အနော် ရထာလမ်း၊ အောင်ရတနာလမ်း (သခင်မြပန်းခြံ) ဗဟိုလမ်း(ဗဟိုအမျိုး သမီးဆေးရုံ)အထိ၊ အပြန်လမ်းတွင် ဗဟိုလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဆူးလေဘုရားလမ်း၊ ကမ်းနားလမ်း၊ ရာဇာဓိရာဇ်လမ်းမှ လာလမ်းအတိုင်း သုဝဏ္ဏပြည်ထောင်စုတံတားအနီးထိ ပြေးဆွဲမည်ဖြစ်ပြီး ယာဉ်စီးခအားဖြင့် ငွေကျပ် ၅ဝ၊ ၁ဝဝ ပိုင်းဖြတ်ခရီး စဉ်ဖြစ်ပြီး ခရီးစဉ်အစအဆုံး ငွေကျပ် ၂ဝဝ ဖြစ်သည်။

မီနီဘတ်စ် ဝယ်ယူ၍ ပြေးဆွဲခွင့် တင်ထားသည့် ယာဉ်ပိုင်ရှင်တစ်ဦးက ''အခုဆို ၃၈ သီးသန့်(ဟိုင်းလပ်) ယာဉ်ငါးစီးအစား မီနီဘတ်စ်တွေနဲ့ ပြောင်းလဲပြေးဆွဲဖို့ မထသကိုတင်ပြ ထားပါတယ်၊ ကားတွေလဲအဆင် သင့်ပါပဲ၊ CNG ရသေးရင်တောင် စက်သုံးဆီနဲ့ ပြေးဆွဲသွားဦးမှာပါ၊ ပိုကောင်းတာကတော့ အခုအပ်မယ့် ဟိုင်းလပ်က CNG မီနီဘတ်စ်မှာ တိုက်ရိုက်ပြောင်းလဲတပ်ဆင်ခွင့် ပေး နိုင်ရင်အမြန်ဆုံးအဆင်ပြေသွားနိုင် ပါတယ်''ဟု ဆိုလာပါသည်။

ထို့အပြင် လေအေးစက်တပ် မီနီဘတ်စ် ၅၉ လိုင်းအသစ်တစ်ခု ပြေးဆွဲနိုင်ရန်အတွက်ကိုလည်း ယာဉ် ပိုင်ရှင်များက မထသ(ရန်ကုန်တိုင်း ဒေသကြီး)သို့ တင်ပြထားသည်ဟု လည်း သိရသည်။
ခရီးစဉ်များအဖြစ် ဗဟိုအမျိုး သမီးဆေးရုံအနီး ဂိတ်ရင်းမှ အသွား တွင် ဗဟိုလမ်း၊ အောက်ကြည့်မြင်တိုင် လမ်း၊ ဗားကရာလမ်း၊ (မြေနီကုန်း) ဓမ္မစေတီလမ်း၊ ရွှေဂုံလမ်း-အနောက် ရွှေဂုံတိုင်လမ်း၊ အာဇာနည်လမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ဗိုလ်ချုပ်အောင် ဆန်းလမ်း၊ ဆူးလေဘုရားလမ်း၊ ကုန်သည်လမ်း၊ (လမ်း၃ဝ)ဂိတ်များ အထိ၊ အပြန်တွင် ကုန်သည်လမ်း၊ ရွှေတိဂုံဘုရားလမ်းမှ လာလမ်းအတိုင်း ဗဟိုအမျိုးသမီးဆေးရုံဂိတ်ရင်းအထိ ဖြစ်ပြီး ပုံသေယာဉ်စီးခ ငွေကျပ် ၂ဝဝ ဖြစ်မည်ဖြစ်သည်။

အောက်ကြည့်မြင်တိုင် လမ်းမ ပေါ်ရှိ အမှတ်(၃)ယာဉ်ငယ်လိုင်း ဂိတ်အနီးတွင် မီနီဘတ်စ်အသစ်များ တန်းစီရပ်ထားသည်ကို တွေ့ရ သည်။ ကားဘေးမှန်တွင် ''သင့်လုံခြုံ ရေးအတွက် CCTV တပ်ဆင်ထား သည်'' ဟု စာတန်းလေးတပ်ထား သည်။ အပြန်လမ်းတွင် မထသတိုင်း ရုံးမှဆောင်ပုဒ်လေးတစ်ခုကိုပြန်လည် မြင်ယောင်မိလိုက်သည်။ ''မြန်မြန် ဆန်ဆန် ထိထိရောက်ရောက်၊ သယ်ယူပို့ဆောင်ရေး''ဟူ၍ ဖြစ်သည်။

တင်ဝင်းလေး(ကြည့်မြင်တိုင်)

No comments:

Post a Comment