Tuesday, July 14, 2015

သစ္စာဖောက်.... စာရေးသူ Oppositeye myanmar at 3:01 PM စာပေအမျိုးအစား အတွေးအမြင်

၁၉၄၈ မှာ ပြည်တွင်းစစ် စခဲ့တယ် …
ဒီ စစ်ဟာ ….
အခုအချိန်အထိ လက်စမသတ်ခဲ့ဘူး …

MPC မှာ မှတ်တမ်းတင်ထားတဲ့  …
လက်ရှိ ရှိနေတဲ့  အဖွဲ့ အစည်းပေါင်း …
၇၆ ဖွဲ့  တိတိ ရှိတယ် …
ဒီအထဲမှာ ဌာနေပြည်သူ့ စစ် နဲ့  …
BGF နယ်ခြားစောင့်တပ်တွေ မပါဝင်ဘူး…

ဒီအဖွဲ့ တွေဟာ ..
တစ်ဖွဲ့ နဲ့ တစ်ဖွဲ့  တည့်လိုက် မတည့်လိုက် …နှစ်နဲ့ ချီ တိုက်ပွဲတွေ ဖြစ်လိုက် …ခဏနေ စစ်ပြေငြိမ်းလိုက် …သူ့ နယ်မြေ ကိုယ့်နယ်မြေ ….မကြာခဏ ပြသနာတက်လိုက် …
ခဏနေ ထပစ်ကြ ခတ်ကြ လုပ်လိုက် …ဒီလို အဖွဲ့ တွေ ဖြစ်တယ် …

ဒီအဖွဲ့ တွေထဲက တစ်ချို့ ဟာ ...စတင်ဖွဲ့ စည်းကာစမှာ …
နိုင်ငံရေး ခံယူချက် ယုံကြည်ချက်ကြောင့် စခဲ့ပေမယ့် …
နှစ်ပေါင်းအတော်ကြာမြင့်လာချိန်မှာ …မူလရည်ရွယ်ချက်ဟာ …နာမည်ခံသက်သက်လောက်ပဲ …
ကျန်ခဲ့ တော့တာကိုလဲ တွေ့ ရတယ် …

ဒီအဖွဲ့ တွေ အားလုံးပေါင်းရင် …လက်နက်ကိုင် အင်အားဟာ ...သိန်းဂဏန်းကျော်တယ် …
ကမ္ဘာ့ အင်အားအများဆုံး …တပ်မတော်မဟုတ်သော ...လက်နက်ကိုင်အဖွဲ့ အစည်းတွေပေါ့ ...

ဒီအဖွဲ့ တွေ နဲ့  ....အဓိက ရင်ဆိုင်နေရတာကတော့ …တပ်မတော်ပါပဲ ….

တပ်မတော် ဟာ …နိုင်ငံရေး ပြသနာအချို့  နဲ့  …ဒီအဖွဲ့ တွေကို လက်ခံထားတဲ့  …
အိမ်နီးချင်းနိုင်ငံတွေကြောင့် …ပြည်တွင်းစစ်ကို အဆုံးမသတ်နိုင်ခဲ့ဘူး ….

၂၀၁၀ခုနှစ်မှာ …နိုင်ငံရေးအခင်းအကျင်း စပြောင်းတယ် …အသွင်ကူးပြောင်းရေး အစိုးရပေါ်လာတယ် …တပ်ဟာ စစ်တန်းလျားကို ပြန်ဖို့  …စတင်ပြင်ဆင်တယ် …

အတိုက်အခံ အုပ်စုတွေ ..ထ လက်ခမောင်းခတ်ကြတယ် …
သူတို့ လုပ်လိုက်လို့  …ဒီလိုအခြေအနေ ဖြစ်လာတာလို့ ကြွေးကြော်ကြတယ် …
နိုင်ငံတကာ ရဲ့ ဖိအားပေးမှုနဲ့  …တော်လှန်ရေးကြီးရဲ့  အဟုန်ကို …စစ်အစိုးရ အလျော့ပေးလိုက်ရပြီလို့ …အထင်ရောက်ကြတယ် ….

တပ်မတော်ရဲ့  …စစ်တန်းလျားကို ….တစ်ဆင့်ခြင်း ပြန်ရေး အစီအစဉ်ကို …
လုံးဝ လက်မခံနိုင် …အခုဖယ် …အခုလွှဲ …အခုအပ် စီမံကိန်းကို …
အားကြိုးမာန်တက် အကောင်အထည်ဖော်လာကြတယ် …

တပ်မတော် အနေနဲ့ ကတော့ …ပြည်တွင်းစစ် မပြီးသေးတာမို့  …
လက်နက်ကိုင် အင်အား သိန်းကျော် ရှိနေသေးတာမို့  …
ဒီ လက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့  …ဖင်ပုတ်ခေါင်းပုတ်နေနေတဲ့ အမတ်တွေ …
လွှတ်တော်ထဲ ၀င်လာကြတာမို့  ….နိုင်ငံရေးမှာ အတိုင်းအတာ တစ်ခုအထိ …
သူတို့ ပါဖို့ လိုသေးတယ် ...လွှတ်တော်ထဲမှာ တစ်မတ်သားရှိနေဖို့  ...လိုသေးတယ်လို့ ယူဆတယ် …

လစ်ဘရယ်ဝါဒကို ဦးစားပေးလွန်းတဲ့  …အတိုက်အခံပါတီကြီးရဲ့ မူဝါဒကြောင့် …
အမျိုးသားရေး နဲ့ အမျိုးသား အကျိုးစီးပွား ကို ….အတိုင်းအတာ တစ်ခုအထိ ထိခိုက်လာမှာကိုလဲ …
စိုးရိမ်ကြတယ် ….

ဒါကြောင့် အခု လက်ရှိအခြေအနေမှာ …၅၉ စလုံးနဲ့  ၄၃၆ ကို …
ပြင်လို့ မဖြစ်သေးဘူးလို့  ….သူတို့  ယူဆခဲ့တယ် ….

တစ်ခါတစ်လေမှာ …တစ်ချို့ ကိစ္စတွေဟာ …အတော် အသည်းနာဖို့ ကောင်းတယ် …

တစ်ချို့ တစ်ချို့ သော သူတွေဟာ …ကိုယ် အာဏာရချင်တဲ့ အတွက် …ကိုယ့် အလိုဆန္ဒတစ်ခု အတွက် …တပ်မတော်ကြီး ကို ချနင်းပြစ်ရက်ကြတယ် …

ခြေဥပြင်ဖို့  ဖွဲ့ ထားတဲ့  ပြင်ဆင်ရေးကော်မတီထဲက …တပ်မတော်သား ကိုယ်စားလှယ်တွေကို …
ဘာအကြောင်းပြချက်မှ မပေး ….အလွတ် ထုတ်ပြစ်လိုက်တယ် …

အပေးအယူလုပ်ထားတဲ့  …နိုင်ငံရေးပါတီ တစ်ခုရဲ့ အလိုအတိုင်း ….ခြေဥကို ပြင်ဆင်ပေးဖို့  …
တပ်မတော်သား ကိုယ်စားလှယ်အားလုံးကို ...သီးသန့်  ခေါ်ပြောတယ် …

တပ်မတော်သားကိုယ်စားလှယ်တွေက …သတိဆွဲ အလေးပြုပြီး …
ဒါတော့ မဖြစ်နိုင်ပါဘူး အဘလို့  …ပြန်ပြောခဲ့ချိန်မှာ ….မဲ့ ပြုံးလေး တစ်ချက်ပြုံး ရင်း ….
ဒါဆို မတ်တပ်ရပ် မဲပေးကြတာပေါ့လို့ ဆိုကာ …တပ်မတော်ကို ထိုးကျွေးဖို့ လုပ်ဆောင်ခဲ့တယ် …

တစ်ဆက်ထဲမှာပဲ …အဲဒီနေ့ မှာ မီဒီယာတွေကို …လွှတ်တော်တွင်း ၀င်ရောက်ရိုက်ကူးခွင့်ပေးဖို့  …
စီမံခန့် ခွဲ ခဲ့တယ် ….

တပ်မတော်အနေနဲ့  …ဒီပုဒ်မတွေကို ပြင်ဆင်မပေးနိုင်ဘူးဆိုတာ သိရက်နဲ့  …
မပြင်ရင် မင်းတို့  သောက်ဆဲခံလိုက်ပေါ့ ဆိုတဲ့  …အကွက်ကို ဖန်တီးပေးခဲ့တယ် ….

တပ်မတော်သား ကိုယ်စားလှယ်တွေဟာ …သူတို့ ထင်မှတ်မထားတဲ့  ဖြစ်ရပ်တွေကြောင့် …
အံ့ အားသင့်ပြီး ကျက်သေသေနေကြတယ် …

န၀တ…
နအဖ…
စစ်အစိုးရ အဆက်ဆက်….
တပ်မတော် အပေါ် …ပြည်သူတွေ အထင်လွဲ အမြင်လွဲ ဖြစ်စေမယ့်  …
ကိစ္စအတော်များများမှာ တာဝန်ရှိခဲ့တဲ့  ….

ဒီနေ့ တပ်မတော်ကြီး အနေနဲ့  …သူတို့ လုပ်ရပ်တွေကြောင့်ပဲ …လူမုန်းခံ အဆဲခံ အဆိုခံနေကြရတဲ့  …အခြေအနေ အချိန်အခါမျိုးမှာ ….

သူ ဒီလိုမျိုး …. ဒီစကားမျိုး …မျက်နှာပြောင်တိုက် ပြောထွက်တယ် ဆိုတာ …
ဟုတ်နိုင်ပါမလား … ???ဖြစ်နိုင်ပါမလား …. ???

နောက်ဆုံးမှာ တစ်ယောက်က …ခံပြင်းနာကျည်းစွာနဲ့  ထ သတင်းပို့ တယ် …
ဒီအတိုင်းဆို …အဲဒီနေ့ ကျွန်တော်တို့ အားလုံးမတက် ….သပိတ်မှောက်ပါမယ် အဘ …

အခန်းထဲက လေထုဟာ …ခဏ အေးစက်သွားတယ် …
ခဏကြာတော့မှ ….အရာရာဟာ ပုံမှန်ပြန်ဖြစ်သွားတယ် …

နောက်နေ့ မှာ …လျို့ ဝှက်မဲပေး စနစ်နဲ့  ပဲ မဲခွဲတယ် …
သို့ သော် …အားလုံး မှန်းဆထားတဲ့ အတိုင်းပဲ ….ပြင်မရမှန်းသိသိ နဲ့  …
ဒီအခြေအနေကို ဖန်တီးပေးပြီး …တပ်မတော်ကို ထိုးကျွေးပြစ်ခဲ့တယ် …

အဲဒီနေ့ ည က …တပ်မတော်သား ကိုယ်စားလှယ်တစ်ချို့  …
တောက်ခေါက်ကြတယ် …တစ်ချို့  က သက်ပြင်းရှည်ကြီးတွေ ချတယ် …
တစ်ချို့ ကတော့ …နူတ်ခမ်းကို တင်းတင်းကိုက်ကြတယ် …
ဒါပေမယ့်လဲ ….အရာရာဟာ လူမသိသူမသိ ….တိတ်ဆိတ် ငြိမ်သက်စွာနဲ့ ပါပဲ …

ဒီ ဖြစ်ကြောင်းကုန်စင်ကို ကြားရချိန်မှာ …ကျွန်တော်ကိုယ်တိုင်လဲ ….တုန်တုန်လှုပ်လှုပ် မျက်ရည်ကျရတယ် ….

စစ်အစိုးရလက်ထက် …တပ်မတော်အပေါ် အမှီပြု …အဆီကိုစား အသားကိုမြို ….
တပ်ကို လူမုန်းစေတဲ့  ကိစ္စတွေ အားလုံးရဲ့  …တာဝန်ရှိသူတွေထဲက တစ်ဦးဟာ ….
တပ်မတော်ကိုပဲ ပြန်ချနင်းထိုးကျွေးခဲ့တယ် ….

နောက်ဆုံးမှာတော့ …နိုင်ငံရေး အားပြိုင်မှုကြောင့် ...စစ်တပ်က အထုတ်ခံရတဲ့  …
ထမင်းနပ်မမှန် ဗိုလ်ကြီးပြုတ်တစ်ယောက်ဟာ …တုန်တုန်ရီရီ နဲ့  တောက်တစ်ချက်ခေါက်ပြီး ….
နာနာကျည်းကျည်း အသံထွက်ရေရွတ် မိတယ် …

“ သစ္စာဖောက် …. “

အဲဒီနေ့ က ….
ညဟာ …
နာကျင်စွာနဲ့  ...
ထိခိုက်တုန်လှုပ်နေတော့တယ် ….. ။ ။
----------------
ရဲမိုး

No comments:

Post a Comment