Tuesday, July 14, 2015

မီးလောင်ရာလေပင့်လုပ်နေတဲ့ KNDO ခေါင်းဆောင်

ကရင်ပြည်နယ်၊မြ၀တီ-ကော့ကရိတ်-
သင်္ကန်း ညီနောင်အာရှလမ်းမသစ်မှာ အစိုးရ တပ် နဲ့ KKO တို့ တိုက်ပွဲတွေ ဖြစ်နေတာ ယနေ့အချိန်ထိ ဆွေးနွေးညှိနှိုင်းနေရဆဲဖြစ် ပါတယ်။ တိုက်ပွဲဖြစ်ပွားရတဲ့အဓိက အကြောင်း ရင်း ကတော့ KKO အဖွဲ့ က စောဆန်းအောင် ရဲ့ မဆင်မခြင်လုပ် ရပ်ကြောင့်လို့ ပြောနိုင် ပါတယ်။ အာရှလမ်းမသစ်မှာ တိုင်းမှုး ယာဉ်တန်း ဖြတ်သွားဖို့ ရှိတဲ့အတွက် အစိုးရ
တပ်တွေက လမ်းလုံခြုံရေးယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် KKO အဖွဲ့က လမ်းမပေါ်မှာဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်တာတွေ လုပ်နေတဲ့အတွက် အမြင်မသင့်လို့ ဖယ်ခိုင်းတာ ဖြစ်ပါတယ်။ ပြီးတော့ တိုင်းမှူးယာဉ်တန်း လုံခြုံရေးယူမယ့် အစိုးရ တပ်တွေနဲ့ KKO အဖွဲ့တို့ကြား မှားယွင်းပစ်ခတ်မှုတွေ ဖြစ်မှာစိုးရိမ်ပြီး လမ်းလုံခြုံရေး စည်းကမ်း အရ KKO က ဖယ်ကိုဖယ်ပေးရမှာဖြစ်ပါတယ်။ ဒါကိုဖယ်မပေးဘဲ ရန်စတိုက်ခိုက်တဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါ တယ်။
အဲဒီဖြစ်စဉ်ဟာ KKO ခေါင်းဆောင်စောလားဘွယ် မရှိတဲ့အချိန်ဖြစ်တာကြောင့် ဝေဖန်မှုတွေ လည်း ခံနေရပါတယ်။ KKO ခေါင်းဆောင်နေရာကို ခဏတာဝန်ယူထားတဲ့ စောမိုရှေးဟာ လက်အောက်ငယ်သားတွေကို မကိုင်တွယ်နိုင်ဘူးလို့ ပြောနေကြပါတယ်။ စော ဆန်းအောင် လိုစုန်းပြူးတစ်ကောင်ကို လုပ်ပိုင်ခွင့်ပေးထားတာကိုက မဟာအမှားပါ။ အခုလည်း သူပြဿနာရှာလို့ ဒီတိုက်ပွဲတွေ ဖြစ်ခဲ့ရတာ။ စောလားဘွယ်ကတော့ လည်ချောင်းကင်ဆာနဲ့ စင်ကာပူမှာ ဆေးကု သ နေတာတောင် တိုက်ပွဲတွေအဆုံးသတ်ဖို့ အစိုးရတပ် ခေါင်းဆောင် တွေကို ဖုန်းနဲ့ဆက် သွယ်ညှိနှိုင်းနေတယ်လို့ သိရပါ တယ်။ ရရှိပြီးသားငြိမ်းချမ်းရေးကို အပျက်အစီး မခံနိုင်တဲ့ ခေါင်းဆောင် တစ်ယောက်ရဲ့ မှန်ကန်တဲ့လုပ်ရပ်လို့ မြင်ပါတယ်။

ဒါပေမယ့် အစိုးရတပ်နဲ့ KKO တို့ တိုက်ပွဲဖြစ်နေတာကို စောလားဘွယ်လို သဘောမထားဘဲ တိုက်ပွဲတွေ ဆက်ဖြစ် အောင်လှုံ့ဆော်နေတဲ့ မီးလောင်ရာလေပင့်ခေါင်းဆောင်တစ်ယောက်ရှိနေပါတယ်။ သူကတော့ လက်ရှိ KNDO ခေါင်း ဆောင် နယ်ဒါးမြဖြစ်ပါတယ်။ ကရင်သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နယ်ဒါးမြက ကရင်တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေစုပေါင်းပြီး အစိုးရတပ်ကို တုံ့ပြန်တိုက်ခိုက်သွားဖို့ သွေးထိုးလှုံ့ဆော်ထားတာ တွေ့ရပါတယ်။ အဲဒီလိုခေါင်း ဆောင်တစ်ယောက်က ငြိမ်းချမ်းရေးပျက်စီးရာပျက်စီးကြောင်း လှုံ့ဆော်စကားပြောတာဟာ အင်မတန်ဝမ်းနည်းစရာ

ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရနဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အချိန်တွေဘယ်လောက်ကြာခဲ့သလဲဆိုတာ ပြန်စဉ်းစားသင့်ပါတယ်။
နှစ်ပေါင်း ၆၀ ကျော်ကြာမှ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့တဲ့ ကရင်ပြည်နယ်မှာ တစ်ကျော့ပြန်
တိုက်ပွဲတွေနဲ့ ငြိမ်းချမ်းရေး မဆိတ်သုဉ်းစေချင်ပါဘူး။ KKO၊ KNU/KNLA(PC)၊ KNU စတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ဒီနေ့ရရှိပြီးသား ငြိမ်းချမ်းရေး ကိုလည်း အပျက်ခံမှာမဟုတ်ဘူးလို့ ထင်မြင်ယူဆမိပါတယ်။ KKOက လူမိုက်လူရမ်း ကားတစ်ယောက်ကြောင့် KKO တစ်ဖွဲ့လုံး ဒုက္ခ မရောက်စေချင်ပါ။ ပြဿနာအရင်းခံကို အဖြေရှာပြီး စေ့စပ်ညှိ နှိုင်းခြင်းကသာ အကောင်းဆုံးအဖြေ လို့ ဆိုချင်ပါတယ်။ဒါကို နယ်ဒါးမြက အတွေးအမြင်ကျဉ်းမြောင်းတဲ့စကားတွေ ပြောထွက် လာတာ ကတော့ အံ့အားသင့်စရာကာင်းပါတယ်။ နယ်ဒါးမြက တိုက်ခိုက်မှုများသည် အမြန်လမ်း မကြီး လုံခြုံရေးအတွက် မဟုတ်ကြောင်း၊ ကရင် ပြည်နယ်အား ထိန်းချုပ်ရန် သာဖြစ်ကြောင်း၊ မိမိတို့၏ ပိုင်နက်နယ်မြေဖြစ်သည့်အတွက် ထိုနေရာတွင် ၀င်ရောက်နေထိုင်ပိုင်ခွင့်ရှိကြောင်း၊ အမြန် လမ်းမကြီးလုံခြုံရေးအတွက် ဆောင်ရွက်ရန် မည်သည့်အကြောင်း ရင်းမျှမရှိကြောင်း ပြောကြား သွားတာဖြစ်ပါတယ်။ လမ်းမကြီးလုံခြုံရေးအတွက် အစိုးရတပ်က မရှိလို့မဖြစ်ပါဘူး။ BGF အပါအ၀င်ပေါ့၊ ဟိုတစ်လောက ကရင်ပြည်နယ် ၀န်ကြီးချုပ် ယာဉ်တန်းကို စောဆန်းအောင်တား တယ်။ ဂိတ်တွေဖွင့်ပြီး ခရီးသွားပြည်သူတွေဆီကနေ ဆက်ကြေး ကောက်တယ်။ ဒါတွေဟာ ခွင့်လွှတ်လို့ရတဲ့ ကိစ္စ မဟုတ်ပါဘူး။ တရားဥပဒေစိုးမိုးရေးကို အစိုးရတပ်က တာဝန်ယူရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ စောဆန်းအောင်ဟာ လက်နက်ကိုင်အဖွဲ့ဖြစ်နေတဲ့အတွက် ပစ်ရယ် ခတ်ရယ်လုပ်လာရင် ဖြေရှင်းလို့ရအောင်ပါ။အခုလည်းကြည့်လေ။လမ်းကင်းလုံခြုံရေးယူဖို့ အေးအေးဆေးဆေးဖယ်ခိုင်းတာကို သေနတ်နဲ့စပစ်ပြီး တိုက်ပွဲတွေဖန်တီး တာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး KKO က အစိုးရနဲ့ညှိနှိုင်းနေပါတယ်။ BGF က စောချစ်သူပြောတာ လည်း ရှင်းနေတာပဲ။ အစိုးရတပ်နဲ့ BGF ပေါင်းပြီး တိုက်နေတာဟာ KKO ကို မဟုတ် ဘူး။ စောဆန်းအောင်နဲ့ စောကျော်သက်တို့ ၂ ဦးကိုပါလို့ ပြောပါတယ်။ ဒါကို KNDO ခေါင်းဆောင် နယ်ဒါးမြမသိရော့သလား။ တိုက်ပွဲတွေမှာ KNDO ပါဝင်မယ်ဆိုတာ ဘယ်သူ့ ဘက်ကလဲ။ BGF ဘက်ကလား ဒါမှမဟုတ် စောဆန်းအောင် ဘက်ကလား။ စောဆန်းအောင်ဘက်ကပါမယ်ဆိုရင်တော့ နယ်ဒါးမြကိုလည်း စောဆန်းအောင်နဲ့ အမှတ်တူ သတ်မှတ်ရတော့မှာဖြစ်ပါတယ်။ အစိုးရတပ်နဲ့ BGF ပူးပေါင်းအဖွဲ့က စောဆန်းအောင် အဖွဲ့ကို ချေမှုန်းရင်း KNDO ကိုပါ တိုက်ရမလိုဖြစ်သွားပါလိမ့်မယ်။

အမှားအမှန်မခွဲခြားဘဲ မီးလောင်ရာလေပင့်လုပ်လာရင်တော့ နယ်ဒါးမြကိုလည်း ငြိမ်းချမ်းရေးမလိုလားသူ အဖြစ်သတ်မှတ် ရပါတော့မယ်။ ခက်ခက်ခဲခဲရယူခဲ့တဲ့ ကရင်ပြည်နယ်ငြိမ်းချမ်းရေးကို ဖျက်ဆီးဖို့ကြိုးစား မယ်ဆိုရင်တော့ နယ်ဒါးမြဟာ သမိုင်း တရားခံဖြစ်သွားပါလိမ့်မယ်။ ဖအေလုပ်သူKNDO
ခေါင်းဆောင်ဗိုလ်မြရဲ့ နာမည်ဆိုးကိုသားလုပ်သူ နယ်ဒါးမြက လိုက်နင်းတော့ မလို့လား။ လိုက်နင်းမယ်ဆိုရင်တော့ ကရင်ပြည်သူတွေရဲ့ စိတ်ထဲမှာရရှိပြီးသား ငြိမ်းချမ်းရေး ကိုဖျက်ဆီး သူအဖြစ်သတ်မှတ်ကြတော့မှာပဲ ဖြစ်ပါတယ်။ KNU က မူတူးဆေးဖိုး၊ KNU/KNLA (PC)က စောဌေးမောင်၊ KKO က စောလားဘွယ်တို့က ငြိမ်းချမ်းရေးတည်မြဲအောင် ကြိုးပမ်းနေချိန်မှာ KNDO ခေါင်းဆောင် နယ်ဒါးမြက ဖျက်ဆီးဖို့ကြိုးစား နေတာကတော့ စိတ်မကောင်းစရာလို့
ပဲ ပြောချင်ပါတယ်။

စောအယ်ဖော

No comments:

Post a Comment