Saturday, December 6, 2014

သာသနာတော်သန့်ရှင်းရေး ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးတွင် လုပ်ဆောင် မည်

ရန်ကုန်၊ ဒီဇင်ဘာ ၃-
သာသနာ တော်သန့်ရှင်းရေးအတွက်

 ရဟန်း သံဃာနှင့် သီလရှင်အတုများကို 
ဖမ်း ဆီးအရေးယူမှုများ ရန်ကုန်တိုင်း ဒေသကြီး တစ်ခုလုံးတွင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သာသနာတော် သန့်ရှင်းရေး အတွက် ရန်ကုန် တိုင်းဒေသကြီး တွင် သာသနာတော် ညှိုးနွမ်းစေ ရန် ပြုလုပ်နေသည့် ရဟန်း၊ သံဃာနှင့် သီလရှင်များကို အရေးယူမှုပြုလုပ် နိုင်ရန်သာသနာတော်ထိန်း သိမ်း စောင့်ရှောက်ရေး

အဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ရန် ကုန်တိုင်းတစ်တိုင်းလုံးတွင် လုပ် ဆောင်သွားရန်ရှိကြောင်းနှင့် ဒီဇင် ဘာ ၃ရက်မှစတင်ကာ ကမာရွတ် မြို့နယ်တွင် ယင်းအစီအစဉ်ကို စတင်ခြင်းဖြစ်ကြောင်း ကမာရွတ် မြို့နယ်မှ ရဲမှူးဇော် ဝင်း က ဒီမိုကရေ စီတူဒေးသတင်းစာသို့ ပြောသည်။
''ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပဲ သံဃာ့အဖွဲ့အစည်းတွေနဲ့ သက် ဆိုင်ရာအဖွဲ့ အစည်းတွေအား လုံး တွေ့ဆုံဆွေးနွေးခဲ့ကြပြီး သာသနာ တော်သန့်ရှင်းရေး လုပ်ငန်းတွေလုပ် ဖို့ ဆုံးဖြတ်ခဲ့ကြ တာပါ။
သတ်မှတ်ထား တဲ့ရက်တွေကလွဲရင် အလှူခံတာတွေ ရှိလာရင် စစ်ဆေး မှူတွေ ပြုလုပ် သွားပြီး အရေးယူသွားမှာပါ။ တစ် ပတ်ကိုနှစ်ကြိမ် ပုံမှန်လုပ်ဆောင် သွားမှာပါ''ဟု ရဲမှူးဇော်ဝင်း က ပြော သည်။
ယင်းသို့စစ်ဆေးရာတွင် သာ သနာ့ဝန်ထမ်းဖြစ်ကြောင်း အထောက် အထား မပြနိုင်ခြင်း၊ သီတင်းသုံးရာ ကျောင်းတိုက်မရှိခြင်းတို့ကို စစ်ဆေး ခြင်းဖြစ်ပြီး အထောက်အထားမပြ နိုင်ပါက ပထမအကြိမ်အဖြစ် သတိ ပေးပြီး နောက် တစ်ကြိမ် ထပ်မံကျူး လွန်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျင့်ဝတ်များနှင့် မညီညွတ်သော ရဟန်းသံဃာ များ၊ သီလရှင်များကို အရေးယူဆောင်ရွက်ရန်နှင့် သာသ နာတော် သန့်ရှင်းရေး လုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် ရန်ကုန် တိုင်းဒေသကြီး ဂိုဏ်းပေါင်းစုံ တိုင်း၊ ခရိုင်၊ မြို့နယ်သံဃနာယကအဖွဲ့နှင့် သီလရှင်အမှုဆောင်များ ညှိနှိုင်းအ စည်းအဝေးကို နိုဝင်ဘာ ၂၆ရက် တွင် ရန်ကုန်တိုင်းဒေသကြီး သံဃ နာယကအဖွဲ့ရုံးအတွင်းရှိ မင်္ဂလာ ဈေး ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့် မြို့နယ်သံဃနာယက ဆရာတော်တစ် ပါး၏မိန့်ကြားချက်အရ သိရသည်။
ဆရာတော်က ''အဲဒီနေ့က အ စည်းအဝေးကို ရဟန်းသံဃာ၊ သီလ ရှင်ပေါင်း ခြောက်ရာနီးပါး တွေ့ဆုံ ဆွေးနွေးပြီး ရန်ကုန်တိုင်းအတွင်းမှာ သမဏသာရုပ္ပမဖြစ်တဲ့ အလှူခံခြင်း၊ မူးယစ်သောက်စားခြင်း၊ ဘောလုံး ကစားခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း စတာတွေလုပ်တာတွေကို တားမြစ် ပြီး ကြည်ညိုဖွယ်ကောင်းတဲ့ ရဟန်း သာမဏေ၊ သီလရှင်တွေပေါ်ထွန်း လာစေဖို့ သံဃာ့အဖွဲ့အစည်းအ သီးသီးနဲ့ ကျောင်းထိုင်ဆရာတော် တွေက ထိန်းသိမ်းကြဖို့ ဆွေးနွေးတိုင် ပင်ခဲ့ကြတာကနေ အခုလို သာသ နာတော် သန့်ရှင်းရေးလုပ်ဖို့အတွက် ဆုံးဖြတ်ခဲ့ကြတာပါ။
မြို့အဖိတ်နဲ့၊တောအဖိတ်နေ့တွေမှာပဲ အလှူခံခွင့် ရှိတော့မှာဖြစ်သလို နယ်ကျော်ပြီး အသံချဲ့စက်တွေနဲ့ အလှူခံတာတွေ့ ရင် အသံချဲ့စက်တွေပါ သိမ်းသွားတာ မျိုးတွေ လုပ်မှာပါ''ဟု မိန့်သည်။
မြန်မာနိုင်ငံတွင် သာသနာတော် သန့်ရှင်းရေးအတွက် အရေးယူခဲ့သည် များရှိပြီး ၁၉၈၈နောက်ပိုင်းတွင်မူ အရေးယူမှုအားနည်းခဲ့ပြီး ယခုအ ချိန်တွင် တစ်နိုင်ငံလုံးတွင် သာသ နာတော် သန့်ရှင်းရေးလုပ်ငန်းကို မဖြစ်မနေလုပ်ရန် လိုအပ်လာပြီဖြစ် ကြောင်း အသက် ၈၂နှစ်အရွယ် ဘာသာရေးလိုက်စားသူ တစ်ဦးဖြစ် သည့် ဦးဖိုးထွေးက ပြောသည်။
ယင်းက ''အရင်တော်လှန်ရေး ကောင်စီလက်ထက်က သာသနာ တော် ညှိုးနွမ်းအောင်လုပ်တဲ့ ရဟန်း တွေကို အရေးယူမှုတွေပြုလုပ်ခဲ့တာ မှာ ပုပ္ပားဆရာတော်တို့လို၊ ယောက် ကော်ဆရာတော်တို့လို ဘုန်းကြီးတွေ ပါ ပါခဲ့ပါတယ်။
သာသနာတော် သန့်ရှင်းပြီး တည်တံ့ပြန့်ပွားမှသာ ဗုဒ္ဓ အလိုကျဖြစ်မှာပါ။ ဒီနေ့ဒီအချိန်မှာ သာသနာသန့်ရှင်းရေးက တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ကို မဖြစ်မနေ လုပ်သင့်နေပါပြီ''ဟု ဆိုသည်။
ရန်ကုန်မြို့အတွင်း လူစည် ကားရာလမ်းများ၊ ကားမှတ်တိုင်များ၊ ဈေးများနှင့် လက်ဖက်ရည်ဆိုင်များ နှင့် ရပ်ကွက်များတွင် ရဟန်းသံဃာ နှင့် သီလရှင်အယောင်ဆောင်၍ ပြည် သူများထံမှ အလှူငွေလိုက်လံတောင်း ခံမှုများမှာ နေ့စဉ်နှင့်အမျှ နေရာ တိုင်း၌ ဖြစ်ပွားနေကြောင်း ပြည်သူ များ၏ ပြောကြားချက်အရသိရသည်။
''မြန်မာလူမျိုးတွေ ထုံးစံအရ သင်္ကန်းခြုံထားတာမှန်းသိရင်တောင် လှူကြတာပဲလေ။ ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းဘဝတုန်းက မုဆိုးက မြားနဲ့လာပစ်တုန်းကတောင် စစချင်း မှာ တုံ့ပြန်ဖို့လုပ်ပေမယ့် မုဆိုးခြုံ လာတဲ့ သင်္ကန်းကိုတွေ့တော့ မသတ် တဲ့အပြင် အစွယ်ကိုတောင် ကိုယ်တိုင် ဖြတ်ပေးတာမျိုး ရှိခဲ့တာပဲလေ။
အ ခု ဒီလိုသာသနာတော် သန့်ရှင်းရေး လုပ်မယ်ဆိုရင်တော့ ရန်ကုန်မြို့အ တွင်းမှာ နေ့စဉ်တွေ့နေရတဲ့ ကျင့်ဝတ် နဲ့မညီတဲ့ ရဟန်းတွေနည်းသွားရင် ပြည် သူတွေအနေနဲ့လဲ တကယ့် သာ သနာ့ဝန်ဆောင်တဲ့ ရဟန်းသာမဏေ၊ သီလရှင်တွေကို လှူဒါန်းခွင့်ရလာ မယ်ဆိုတော့ ကောင်းတာပေါ့ဗျာ''ဟု ကမာရွတ်မြို့နယ်တွင် နေထိုင်သည့် ဦးစိုးဝင်းက ပြောသည်။
ကမာရွတ်မြို့နယ်၊ လှည်းတန်း ဈေးမှ သစ်သီးရောင်းဆိုင်ပိုင်ရှင် တစ်ဦးက လှည်းတန်းမှတ်တိုင်မှာ နေ့ဆွမ်းမစားရသေးဘူးတို့၊ ဖိနပ် ပြတ်လို့ဆိုပြီး အလှူခံနေတဲ့ ရဟန်း အယောင်ဆောင်တွေရှိနေတာ နိစ္စ ဓူဝသွားနေရတဲ့ ပြည် သူတွေ အသိ ပါ။
ဈေးထဲမှာလဲ အမြဲလိုလို လိုက် အလှူခံနေတဲ့ သီလရှင်တွေရှိပါတယ်။ အခုတာဝန်ရှိသူတွေက အဖိတ်နေ့ နဲ့ ရက်ကြီးရက်မြတ်တွေမှာပဲ အလှူခံ လာသူတွေကိုထည့်ပါ၊ ကြားထဲမှာ ရဟန်းတွေ၊ သီလရှင်တွေ အလှူခံ လာရင် သက်ဆိုင်ရာကို အကြောင်း ကြားပါလို့ လိုက်ရှင်းပြနေတော့ နောက်ပိုင်းဆို ရဟန်း၊ သီလရှင် အ တုအယောင်တွေ လျော့သွားမယ် ထင်ပါတယ်''ဟု ပြော သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၌ ဘုန်းတော်ကြီးကျောင်းပေါင်း ငါး ထောင်ကျော် ရဟန်းသာမဏေပေါင်း ကိုးသောင်းခြောက်ထောင်ကျော်နှင့် သီလရှင်ကျောင်းပေါင်း ငါးရာကျော် နှင့် သီလရှင်ပေါင်း တစ်သောင်းနှစ်
ထောင်ကျော်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၁၉၈ဝပြည့်နှစ်၊ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး ပထမအကြိမ် ဂိုဏ်း ပေါင်းစုံအစည်းအဝေးကြီးတွင် သတ် မှတ်အတည်ပြုထားသော ဂိုဏ်းကြီး ကိုးဂိုဏ်းရှိရာရန်ကုန်တိုင်း အတွင်း ခြောက်ဂိုဏ်းသာရှိကြောင်း သိရ သည်။
NH (Kalay)

No comments:

Post a Comment