Saturday, December 6, 2014

ယခုဘဏ္ဍာနှစ်ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှု ကန်ဒေါ်လာ ၁၂၉ သန်းကျော် လျော့ကျ

ရန်ကုန်၊ ဒီဇင်ဘာ ၎
ပြည်ပနိုင်ငံ များ သို့ ယခုဘဏ္ဍာနှစ်အတွင်း သတ္တု တွင်းထွက် ပစ္စည်းများတင်ပို့ရာတွင် 

 ကျောက်စိမ်းတင်ပို့မှုမှာ ယခင် ဘဏ္ဍာနှစ် ကာလတူထက် ကန်ဒေါ်လာ၁၂၉သန်းကျော် 
 လျော့ကျသွား ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီး  ဌာနမှ သိရသည်။ယခုဘဏ္ဍာနှ စ် နိုဝင်ဘာ ၂၈
ရက်ထိ ပြည်ပနိုင်ငံများသို့ ကျောက် စိမ်းတင် ပို့မှု မှာ ယခင်ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာသန်းပေါင်း ၁ဝဝ၂ ဒသမ ၉သန်းတင် ပို့ သော် လည်း ယခုဘဏ္ဍာ နှစ်တွင် ကန်ဒေါ်လာသန်းပေါင်း ၈၇၃ ဒသမ၈သန်း သာ တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်း ဝယ်ရေးနှင့် စားသုံးသူရေး ရာဦးစီး ဌာန မှ တာဝန်ရှိသူတစ်ဦး က''ဒီ ဘဏ္ဍာ နှစ် မှာ ကျောက် စိမ်းတစ်ခုတည်း ပစ္စည်း ရော ၊ ငွေကြေးတန် ဖိုးရော လျော့လာ တယ်။ တခြားကျောက် မျက်ရတနာ တွေ၊ သတ္တုတွင်းထွက် ပစ္စည်းတွေ မှာလဲတင်ပို့တဲ့ပစ္စည်းတွေက လျော့လာ ပေမယ့် ငွေကြေးတန်ဖိုးတက်လာတာ တွေ့ရ တယ်''ဟု ပြောသည်။
ကျောက်စိမ်းကို ပြည်ပနိုင်ငံ များသို့ ယခုဘဏ္ဍာနှစ်အတွင်းတင် ပို့မှုမှာ ပင်လယ်ရေကြောင်း မှ ကန် ဒေါ်လာ၂၇၁သန်းကျော်၊ နယ်စပ်စ ခန်းများမှ ကန်ဒေါ်လာ၆ဝ၂သန်း ကျော် စုစုပေါင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သန်းပေါင်း ၈၇၃သန်း ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။
ယင်းက''ကျောက်စိမ်းကဒီနှစ် မှာ ပင်လယ်ရေကြောင်းထက်နယ်စပ် စခန်းတွေက ပိုပြီးပြည် ပနိုင်ငံကို တင်ပို့လာတယ်။ အရင်နှစ်ကတော့ နယ်စပ်ရော ပင်လယ်ရေကြောင်းဘက် ကတင်ပို့ ကြပေ မယ့် ဒီနှစ်မှာ ပင်လယ် ရေကြောင်းက တင်ပို့တာတော်တော် လျော့လာ တယ်''ဟုပြော သည်။

ကျောက်စိမ်းအပါအဝင်ပြည် ပနိုင်ငံသို့ သတ္တုတွင်းထွက်ပစ္စည်း တင်ပို့ရာတွင် ယခင်ဘဏ္ဍာနှစ်ထက် ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၂၂ ဒသမ၈၂၂ သန်း လျော့ကျတင်ပို့ခဲ့ ပြီး နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၉၄ဒသမ၃ ၉၈သန်း ပိုမိုတင်ပို့ခဲ့ခြင်း ကြောင့် ယခင်ဘဏ္ဍာနှစ်ထက်ကန် ဒေါ်လာ၇၁ ဒသမ ၅၇၆သန်း ပိုမိုတင် ပို့ခဲ့ကြောင်း သိရသည်။

TEEP

No comments:

Post a Comment