Monday, February 16, 2015

DNA စစ်ဆေးချက်အရ ကချင်ဆရာမနှစ်ဦးကို သတ်သူသည် ကျေးရွာအတွင်းမှ လူငယ်တစ်ဦးဖြစ်နေသည်ဟုဆို

မူဆယ်မြို့နယ် ကောင်းခါးကျေးရွာတွင် ကျောင်းဆရာမ နှစ်ဦးဖြစ်သောမရမ်နုဂျာ(၁၉)နှစ် နှင့် မေခေါင်ဆန်
(၂၀နှစ်) တို့နှစ်ဦးမှာဇန်န၀ါရီ၂၀ရက်တွင်၎င်းတို့နေထိုင်ရာ အိမ်အတွင်း ဒဏ်ရာ များဖြင့် သေဆုံး ခဲ့ကြရပြီး DNA စစ်ဆေးချက်အရ ကချင်ဆရာမ နှစ်ဦးကို သတ်သူမှာကျေးရွာအတွင်းမှ လူငယ် တစ်ဦးဖြစ်နေ ကြောင်းသိရသည်။
အဆိုပါ လူသတ်မှုအတွက် တပ်မတော်မှ သံသယရှိသူ (၃၀)ဦး နှင့် အဆိုပါ ကျေးရွာမှ သံသယ ရှိသူ ၁၀ ဦးတို့၏ ဆံပင်နမူနာများရယူပြီး DNA ကိုစစ်ဆေးခဲ့ရာ ဆရာမများနေသော အိမ်အနီး တွင် နေထိုင်သူမာကီးဆိုသူ၏ DNA နှင့်သေဆုံးသူ ဆရာမများထံတွင် တွေ့ရသော လူသတ် သမား ၏ DNA မှာ တူညီနေသည်ကို တွေ့ရကြောင်း လူသတ်မှုဖြစ်ပြီးနောက်နေ့နံနက်တွင် သူငယ်ချင်းတစ်ဦးက ဆရာမများအိမ်သို့သွားရန် မာကီးကိုဝင်ခေါ်ခဲ့ရာ မာကီးကလိုက်လာပြီးမှ ဗိုက်နာသည်ဟု ဆိုကာ ကျန်ခဲ့ကြောင်းနှင့် ဆရာမများ အသတ်ခံရသည်ကိုတွေ့ပြီး မာကီးထံ သွားပြောရာမာကီးက တုန်လှုပ်မှုမရှိဟု စစ်ဆေးရရှိထားကြောင်းလည်း သက်သေဆိုင်ရာ တာဝန် ရှိ သူများ ထံမှ သိရသည်။
ထို့အပြင် မာကီး၏ မိဘနှစ်ဦးက မာကီးအိမ်တွင် မရှိဟု ထွက်ဆိုသော်လည်း ထိုအိမ်သို့ရောက် ရှိနေသည့်ဧည့်သည် နှစ်ဦးက မာကီးသည် အခင်းဖြစ်သည့်နေ့က အိမ်တွင်ရှိနေကြောင်း ထွက်ဆို ခဲ့ကြ သည်။ ယခုအခါ မာကီး သည် တိမ်းရှောင်နေပြီး ရွာခံတို့က မာကီး သည် KIA တပ်ရင်း ၃၆ တွင် သွားရောက် ခိုလှုံနေသည်ဟု ပြောဆိုနေကြကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်တွင် သေဆုံးခဲ့သူ ဆရာမ နှစ်ဦး၏ နေအိမ်မှာ ဘုရားကျောင်းဝင်းအတွင်း တည် ရှိပြီး ညဥ့်နက်ချိန်တွင် အော်သံများကြောင့် အနီးရှိအိမ်မှာ ဒေါ်နော်ဂျာမိုင်က သွားရောက်တံ ခါးခေါက်ခဲ့aသ်ာလည်း ပြန်ထူးခြင်းမရှိပဲ နံနက် ဆရာမများကျောင်း သို့ ရောက်မလာ သဖြင့် ကျောင်းသားများက အိမ်သို့သွားကြည့်မှ သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း ယင်းဖြစ်ရပ်နှင့် ပတ်သတ်၍လည်း အင်တာနက် စာမျက်နှာများနှင့်မီဒီ ယာများတွင် ရွာသို့ဖြတ် သွားသော တပ်မတော် စစ်ကြောင်း က တပ်မတော် သားများက သတ်ဖြတ်သကဲ့သို့ ရေး သား ဖော်ပြမှုများရှိခဲ့ကြောင်း သိရသည်။
သို့သော်ကျေးရွာလူကြီးများနှင့် ဘုရားကျောင်း သင်းအုပ်ဆရာတို့ကမူ တပ်မတော် စစ်ကြောင်း များ ရွာအတွင်းဖြတ်သွားပြီးနောက်မှ ဖြစ်သဖြင့် တပ်မတော်မှ မဖြစ်နိုင်ကြောင်း ပြောဆို ခဲ့သည်။ထိုရွာသည် ဇန်န၀ါရီ ၁၄ ရက်က တပ်မတော် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ သည့် နေရာဖြစ်ပြီးမူးယစ်ဂိုဏ်းသားများကိုးကန့်သောင်းကျန်းသူများအခြေချနေထိုင်သည့် နေရာဖြစ်ကြောင်း လည်း သိရသည်။
တပ်မတော်စစ်ကြောင်းများ အနေဖြင့် မူဆယ်မြို့ကို စိုးမိုးထားသော ပွိုင့် ၄၆၅၁ တောင်ကြောပေါ် သို့ ကေအိုင်အေ အင်အား ၈၀ ခန့်ဝင်ရောက်လာသဖြင့် ၀ိုင်းပတ်ပိတ်ဆို့ရန် ချီတက် ခဲ့ခြင်ြး ဖစ်ကြောင်း တပ်မတော်ဘက်မှ သိရသည်။

Tomorrow News Journal

 

No comments:

Post a Comment