Tuesday, February 17, 2015

သမ္မတအဖြစ်အရွေးခံရေးထက် တပ်မတော်၏ရှေ့ရေးကို ပိုမိုအာရုံစိုက်မည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား


စောမြင့်သန်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
၂ဝ၁၅ ခုနှစ် တွင် သမ္မတအဖြစ် ဝင်ရောက် အရွေးခံရန် ထက် လတ်တလောတွင် တပ်မတော်၏ ရှေ့ရေးကို ပိုအာရုံစိုက်ပြီး လုပ်မည်ဖြစ် ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားလိုက် သည်။
လက်ရှိတွင် လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲ၌ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်အား သမ္မတနေ ရာအတွက် ခန့်မှန်းပြောဆိုမှုများ ရှိနေပြီး ယင်းခန့်မှန်း ချက်များအတိုင်း နိုင် ငံရေးလော

ကကို ဝင် ရောက်ပြီး နိုင်ငံတော် သမ္မတ နေရာအ တွက် အရွေးခံရန် အစီအစဉ် ရှိ၊ မရှိကို ဖေဖော်ဝါရီ ၁၄ ရက်က နေပြည်တော် တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဖလားဝါးနယူးစ်ဂျာနယ်နှင့် သီးသန့်တွေ့ ဆုံစဉ် ယင်းကဲ့ သို့ ပြောကြားခဲ့ခြင်း ဖြစ် သည်။
''ဒီမေးခွန်းက ခဏခဏအမေး ခံနေရတဲ့ မေးခွန်းဖြစ်ပါတယ်။ အခုက တော့ ကိုယ်က ၂ဝ၁၅ ခုနှစ်မှာ အသက်မ ပြည့်သေးပါဘူး။ ၂ဝ၁၆ ခုနှစ်အထိ တာ ဝန်ထမ်းဆောင်ခွင့် ရှိပါသေး တယ်။ နောက် တစ်ခုက တပ်မတော်ရဲ့ကာကွယ်ရေး တာ ဝန်ယူမှုအပိုင်းကို လုပ်ရတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ တာဝန် အင်မတန်ကြီးပါတယ်။ ဒီအတွက် တော် တော့ကို ခေါင်း ခဲပြီးတော့ အလုပ် လုပ်ရ ပါတယ်။ နံပါတ်တစ် တပ်တွေရဲ့ ဆောင် ရွက်ချက်၊ နံပါတ်နှစ် ရှေ့တန်း တိုက်ပွဲတွေမှာတပ်မတော်သားတွေအကျများလာတဲ့အတွက်ဘာများ ပြောစရာရှိလည်းလို့ မေးနိုင် တယ်။
လူတွေကလည်း စိုးရိမ်ကြောင့် ကြမှုတွေရှိနေတော့ တပ်တွေရဲ့ အရည် အသွေးတိုးတက်အောင် အများကြီး လုပ် ရပါတယ်။ နောက်ပြီးတော့ ခေတ်တွေက လည်း ပြောင်းနေပြီ။ အရင်တုန်းက ရိုင် ဖယ်လောက်နဲ့ ပစ်တာကနေ နောက်ပိုင်း မောင်းပြန်ရိုင်ဖယ်၊ အဲဒီကနေ ဒီဘက်ခေတ် ဆိုရင် အီလက်ထရောနစ်သုံးတဲ့ ခေတ်ကြီး ကို ရောက်လာတဲ့အချိန်မှာ ဒီထက် ပိုတိ ကျတာတွေ ပေါ်လာ တယ်။ ဒါတွေကိုအမီ လိုက်နိုင်ဖို့ တပ်မတော်ကို အလျင်မီအောင် လုပ်နေရတာတွေ ရှိပါတယ်။ သူ့ကဏ္ဍနဲ့ သူ လုပ်နေတာတွေ ရှိပါတယ်။ ဒီလိုမှ ကိုယ်တို့မလုပ်ဘူးဆိုရင် တပ်မတော်ဟာ ကျန်ခဲ့ လိမ့် မယ်။ ဒါကြောင့် ဒီဟာကို အာ ရုံစိုက်ပြီးတော့ လုပ်နေရတယ်''ဟု တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ဖလားဝါးနယူးစ် ဂျာနယ် သို့ ပြောသည်။
တပ်မတော်ကာကွယ်ရေး ဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ''ဒါကိုရည်ရွယ်ပြီးတော့မှ ဒီဟာကို (နိုင်ငံ တော် သမ္မတနေရာ) ဦးစားပေး မလုပ်နိုင် သေးပါဘူး။ တပ်မတော်အပိုင်းက ပိုအ ရေးကြီးတယ်။ နောက်ပြီး တိုင်းပြည်တည် ငြိမ်အေးချမ်းရေးက အင်မတန်အရေးကြီး တာ။ အခု အပြင်မှာဖြစ်နေတဲ့ ကိစ္စရပ် တွေကို ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံအ တွက် အင်မတန်မှ အရေးကြီးတဲ့ အကြောင်း အရာတစ်ခုပါ။ ဒါကို အောင်မြင်အောင် လုပ်မှရမှာ။ ဒါကို အောင်မြင်ဖို့အတွက် ဆိုရင် တပ်က အကုန်လုံး တက်ညီလက် ညီ အင်နဲ့အားနဲ့ လုပ်နိုင်မှရမယ်။ ဒါကို အာရုံစိုက်ပြီး လုပ်နေပါတယ်လို့ ပြောချင် ပါတယ်''ဟု ဆက်ပြောသည်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပ ဒေအရ နိုင်ငံတော်သမ္မတနေရာအား ရွေး ချယ်တင်မြှောက်ရာတွင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုသမ္မတတစ်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ် စား လှယ် အစုအဖွဲ့များမှ ဒုသမ္မတတစ် ဦးနှင့် ယင်းလွှတ်တော်နှစ်ရပ်ရှိ တပ်မ တော်သား ကိုယ်စားလှယ် များ အစုအဖွဲ့ မှ ဒုသမ္မတတစ်ဦး ပေါင်း သုံးဦးကို ရွေး ချယ်တင်မြှောက်ပြီးယင်းတို့ သုံးဦးအနက် တစ်ဦးကို ပြည်ထောင်စုလွှတ်တော် ကိုယ် စားလှယ်များက ဆန္ဒမဲပေး ကာ နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ရမည်ဖြစ်သည်။
၂ဝ၁၅ ခုနှစ် ရွေးကောက် ပွဲ အား ယခုနှစ် အောက်တိုဘာလကုန်ပိုင်း နှင့် နိုဝင်ဘာလ ပထမဆုံး အပတ် တွင် ကျင်း ပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ကြေညာ ထားသည်။ ယင်း ရွေးကောက်ပွဲမှတစ်ဆင့် နိုင်ငံတော်သမ္မတ နေရာအတွက် လက်ရှိသမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့လေးဦးမှာ နိုင်ငံ တော် သမ္မတနေရာအတွက် ဖြစ်နိုင်ခြေ များ သည့် ပုဂ္ဂိုလ်များအဖြစ် နိုင် ငံရေးလေ့ လာသူ အများစုက ထင်ကြေးပေးထား သည်။

No comments:

Post a Comment