Monday, February 16, 2015

ဝန်ထမ်းများ လစာငွေအရစ်ကျစုဆောင်း၍ အိမ်ရာဝယ်ယူနိုင်မည့်အစီအစဉ် စတင်မည်


ဝန်ထမ်းများရရှိသည့်လစာဝင်ငွေကိုအရစ်ကျစနစ်ဖြင့်စုဆောင်းပြီးအိမ်ဝယ်ယူနိုင်သည့်စနစ် မကြာ မီစတင်နိုင်တော့မည်ဖြစ်ကြောင်းမြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနညွှန်ကြားရေးမှူး ဒေါ်မီမီတင် က ပြောသည်။
ယင်းစနစ်တွင် အစိုးရနှင့် ပုဂ္ဂလိက၀န်ထမ်းများ အကျုံးဝင် မည်ဖြစ်ပြီး နိုင်ငံတကာ၌ ၀န်ထမ်း များ လစာကို လစဉ်စုဆောင်းကာ အိမ်ရာဝယ်နိုင်မည့် စနစ်များရှိပြီး မြန်မာနိုင်ငံတွင်လည်း အကောင် အထည်ဖော်ရန် ဆောင်ရွက်နေကြောင်း အဆိုပါညွှန်ကြားရေးမှူးက ဆိုသည်။
‘‘ဒီစနစ်ပေါ်လာရင် အစိုးရ က လက်ရှိဆောက်လုပ်နေတဲ့ အိမ်ရာစီမံကိန်းတွေကို လက်လှမ်းမီ သွားလိမ့်မယ်’’ဟု ၎င်းက ဆိုသည်။
အဆိုပါစနစ် အကောင်အထည်ဖော်ရန် လက်ရှိ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ် က နိုင်ငံခြားဘဏ်များနှင့် ချိတ်ပြီး ချေးငွေများရရှိရန် စီစဉ် ထားကြောင်း သိရသည်။ ထို့ ကြောင့် အဆို ပါချေးငွေများ ရရှိ နိုင်ပါက ယင်းစနစ်ကို စတင်နိုင် မည်ဖြစ်ကြောင်း သိရသည်။
‘‘စင်ကာပူတို့ ကိုရီးယားတို့ မှာ အဲဒီစနစ်က အရမ်းအောင် မြင်ခဲ့တယ်။ ဒါပေမဲ့ လူတွေလက် ထဲမှာ အရစ်ကျတွေဝယ်တာများကုန်တော့လကုန်ရင်သုံးစရာမရှိတာကများတယ်’’ဟု Moving Myanmar စီးပွားရေးပညာရှင် ဦးလှဖေကသုံးသပ်သည်။
ယခုစနစ်သည် ပြည်သူများ အတွက် မရင်းနှီးသောကြောင့် အကောင်အထည်ဖော်ရာတွင် အ ခက်အခဲရှိနိုင်ပြီး အစိုးရ၀န်ထမ်း များ၏ လစာသည်စားဝတ်နေရေး အတွက် လုံလောက်မှုမရှိ၍ စု ဆောင်းရန်ဆိုသည်မှာ မဖြစ်နိုင် ကြောင်း အစိုးရ၀န်ထမ်းတစ်ဦးက ၎င်း၏အမြင်ကိုပြောသည်။
လက်ရှိတွင် မြို့ရွာနှင့်အိုး အိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက အစိုးရ ၀န်ထမ်းနှင့် ၀င်ငွေနည်းလူတန်း စားများအတွက် ရည်ရွယ်ကာ တစ်နိုင်ငံလုံးတွင် အိမ်ရာစီမံကိန်းများ ဆောင်ရွက်နေပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အခန်းရေ လေး သောင်းကျော် ထွက်ပေါ်လာနိုင် ကြောင်း ဌာနက ခန့်မှန်းထား သည်။နိုင်ငံတော်သမ္မတကလည်း ၂၀၁၄ ဒီဇင်ဘာ ၂၇ရက် ရခိုင်ခရီးစဉ်တွင် ၀န်ထမ်းများအတွက် တစ်ဦးချင်းဝင်ငွေ စုဆောင်းသည့် စနစ်ကို အကောင်အထည်ဖော် ဆောင်ပြီး ကိုယ်ပိုင် အိမ် ရာဖြင့် နေထိုင်နိုင်ရန် အိမ်ရာများ အ ကောင်အထည် ဖော်ပေးမည်ဟု ပြောကြားခဲ့သည်။ ၀န်ထမ်းများ အခမဲ့ဆေးကုသရေး၊ ကျန်းမာရေးနှင့် ပတ်သက်သည့် အရေးပေါ်ကိစ္စများတွင် အထောက်အပံ့ရရန် ဆောင်ရွက်ပေးမည်ဟု ၎င်းက ဆက်လက်ပြောသည်

No comments:

Post a Comment