Tuesday, December 2, 2014

NLD ပါတီ၏ ကြေညာချက် တပ်မတော်သားမိသားစုကြီး တစ်ခုလုံးကို နာကျည်းစေပြီး ပိုမို စည်းလုံးသွားစေသည် ဟု ဆို Nov 28, 2014

NLD ကြေငြာချက်အားတွေ့ရစဉ်
Friday, November 28, 2014
နိုဝင်ဘာလ ၂၄ ရက်နေ့တွင်
 ထုတ်ပြန်ခဲ့သော NLD ပါတီ၏  ထုတ်ပြန်ကြေညာ ချက်ကြောင့် တပ်မတော်သား များနှ င့် ယင်းတို့၏
 မိသားစုဝင်များ အားလုံးကို ပြင်းပြင်းထန်ထန် နာ ကျည်းစေပြီး ပိုမို၍ စည်းလုံးသွားစေခဲ့ကြောင်း သတင်း ရရှိသည်။
“ကျွန်တော်တို့ နာတယ်။ ကျွန်တော်တို့က ဒီနိုင်ငံ နဲ့ ပြည်သူတွေအတွက် အသက်ပေးပြီး တာဝန် ထမ်းဆောင်နေတာပါ။ အသိအမှတ်မပြုချင် နေပါ။ အသိအမှတ်ပြုမှုတွေကို ကျွန်တော်တို့ မျှော်လင့်ပြီး လုပ်နေတာ မဟုတ်ဘူး။ ဒါပေမယ့် KIA ဘက်က ရပ်တည်ပြီး တပ်မတော်ကို လက်ညိုးထိုး ပြစ်တင် ရှုတ်ချ လိုက်တဲ့ NLD ရဲ့ လုပ်ရပ်ကို နာတယ်။ ဒါပေမယ့် တစ်ခုတော့ ကောင်းပါတယ်။ ခုလို သိလိုက်ရတဲ့အတွက်။ ကျွန်တော်တို့ တပ်မတော်ကို ကျွန်တော်တို့ကိုယ်တိုင်ပဲစည်းလုံးရမယ်။ ထိန်းသိမ်းရမယ် ဆိုတာ သိလိုက်ရတဲ့အတွက်။ ဘယ်ခွေးသူခိုး နိုင်ငံရေးသမားမဆို ယုံကြည်လို့ မရတော့ဘူး။ စဉ်းစားကြည့်ရင် ခံပြင်းဖို့ ကောင်းပါတယ်” ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်အရာရှိတစ်ဦးက ပြောဆိုသည်။

“ခင်ဗျားတို့ NLD ပါတီက လူတွေ ထောင်ကျတန်းကျ နေခဲ့ရတယ်။ မှန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြောချင်တာက ခင်ဗျား အပြင်သွားရင် ဘယ်ဖိနပ် စီးရမလဲ ရွေးနေတဲ့အချိန်မှာ ကျွန်တော်တို့မှာ ဖိနပ်စီးစရာ ခြေထောက် မရှိဘူး။ ခင်ဗျားတို့ မော်တော်ကားကြီးတွေ တ၀ီဝီနဲ့ သွားနေတဲ့အချိန်မှာ ကျွန်တော်တို့ ရဲဘော်တွေ ချိုင်းထောက်တောင် ကောင်းကောင်း မရှိဘူး။ အခုတော့ ဒီကြေညာချက်နဲ့ ကျွန်တော်တို့ အားလုံးရဲ့ အမုန်းကို ရယူသွားခဲ့တာပေါ့” ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆော်ငလျက် ရှိသော တပ်ကြပ်ကြီး တင်ဦးက ဆိုသည်။

“လွှတ်တော်အမတ်တွေ လစာ ၁၆ သိန်း ရဖို့ အသဲအသန် ကြိုးစားနေချိန်မှာ ကျုပ်တို့ စစ်သည်တွေ ဘယ်လို နေထိုင်စားသောက်နေရသလဲ စဉ်းစားကြည့်မိရဲ့လား။ ခင်ဗျားတို့ ပြောတဲ့ တိုင်းပြည်အတွက် ဆိုတာက တစ်လကို ၁၆ သိန်းယူဖို့။ ကျုပ်တို့ ပြောတဲ့ တိုင်းပြည်အတွက် ဆိုတာက ခုလို ဒုက္ခဆင်းရဲတွေ ခံရဖို့။ ခေတ်အဆက်ဆက်ဗျာ။ ကျောင်စိမ်းတွေ မှောင်ခိုထုတ်၊ မူးယစ်ဆေးဝါးတွေ သွင်း၊ သစ်တွေ ဒလဟော ခိုးထုတ်၊ ဓါးပြသာသာ သောင်းကျန်းသူတွေ ထိတော့ ကျုပ်တို့ တပ်မတော်ကို ကဲ့ရဲ့ရှုတ်ချတယ်။ အေး ကောင်းပြီ။ မင်းတို့ နိုင်ငံရေး သမားတွေကို မယုံဘူး။ မင်းတို့ NLD ဆို အဝေးက ရှောင်ရမယ်။ နောက်ဆိုရင် တိုင်းပြည်အတွက် ဆိုတဲ့ စကားကို ထည့်မပြောစမ်းပါနဲ့ဗျာ။ ရင်နာလွန်းလို့ပါ” ဟု ၄င်းက ပြော သည်။
“ကျွန်မ ယောင်္ကျား KIA နဲ့ တိုက်ပြီး တိုက်ပွဲကျခဲ့တာ။ အခု ကျွန်မသားလေး တပ်ထဲမှာ ရှိတယ်။ ကျွန်မ ဂုဏ်ယူတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက ဒီလို ပြောတယ် တဲ့လား။ တပ်မတော် ဆိုတာ ဘာလဲ သိရဲ့လား မေးလိုက်ချင်ပါတယ်။ ပညာတတ်ကြီးပေါ့။ ဒါပေမယ့် အထင်မကြီးဘူး လို့ပဲ ပြောလိုက်ပါရစေ။ မရှက်ဘူးလား လို့လဲ မေးချင်ပါတယ်။” ဟု ဒေါ်တင်တင် ၀င်းက ဆိုသည်။
ထိုသို့ NLD ပါတီ၏ ကြေညာချက် ထုတ်ပြန်မှုအပေါ် တပ်မတော်သားများ၊ ယင်းတို့ မိသားစု ၀င်များ က ပြင်းပြင်းထန်ထန် တုံ့ပြန်မှုများ ထွက်ပေါ်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ ညစာစားပွဲ ဖိတ်ကြားမှုကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ပယ်ချခဲ့သည်။ သို့သော် နိုဝင်ဘာလ ၂၇ ရက်နေ့ညတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အတော်များ များသည် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ဖိတ်ကြားသော ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

PP™

No comments:

Post a Comment