Tuesday, December 2, 2014

လျှပ်တစ်ပြက် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကို ဓားတစ်ချောင်း ကိုင်ဆောင်မှုကြောင့် ခြေချုပ်ဖြင့် အရေးယူ

Dec 1, 2014 ရန်ကုန်၊ နိုဝင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးတွင် နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲသို့ သတင်းလာယူသော လျှပ်တစ်ြ ပက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ထံမှ အရှည်နှစ်ပေ နီးပါးရှိ ဓားမြှောင်တစ်ချောင်းကို ရှာဖွေ သိမ်း ဆည်း ရမိသဖြင့် ခြေချုပ်ခံဝန် ရေးထိုးစေခဲ့ကြောင်း ဒဂုံမြို့မ ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသ ည်။
အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများကို အမှတ် ၄ ဂိတ်ပေါက်တွင် စစ်ဆေရေး ဆောင် ရွက် ခဲ့ရာမှ လျှပ်တစ်ပြက်ဂျာနယ်မှ အယ်ဒီတာချုပ် ဦးမြတ်ခိုင် မောင်းနှင်လာသော ကိုယ်ပိုင် ယာဉ် နောက်ခန်းအတွင်းမှ အရှည် ၂၃ လက်မရှိ ဓားမြှောင်တစ်ချောင်းကို သိမ်းဆည်းရမိ ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးရေး ဆောင်ရွက်ခဲ့သော ရဲတပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။

“သူတစ်ဖက်သားကို ရန်ပြုဖို့ ဓားဆောင်ထားတာ မဟုတ်ပေမယ့် ဒီလို သမ္မတပွဲမျိုးကို ဓားမယူလာ သင့်ဘူး။ လက်နက်ကိုင်ဆောင်မှု ၁၉ (င) နဲ့ အမှုဖွင့်ရင် အနည်းဆုံး ထောင်သုံးနှစ်ကျမှာ။ ဒါပေမဲ့ သူ့ကို ငဲ့ညာပြီးတော့ အာမခံရတဲ့ ခြေချုပ်နဲ့ပဲ သတိပေး ဆောင်ရွက်ထားတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဆိုသည်။ အဆိုပါ ငါးမန်းသွားစိတ်နှင့် မျှောကြောင်းများ ပါသော ဓားမြှောင် ယူဆောင်လာသောကြောင့် ဒဂုံမြို့မ ရဲစခန်းမှ ဦးမြတ်ခိုင်က ခြေချုပ်ခံဝန် ပြုလုပ်ထားကြောင်း၊ လက်နက်ကိုင်ဆောင်မှုဖြင့် အမှုမဖွင့်ထားခြင်းမှာ ပုဂ္ဂိုလ်ရေးအရ နားလည် ယုံကြည်မှုကြောင့် ဖြစ်ကြောင်း ဒဂုံမြို့မ ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

“ကိုယ့်အန္တရာယ် ကိုယ်ကာကွယ်နိုင်အောင် ဓားဆောင်ထားတာပါ။ အခုမှ မဟုတ်ဘူး နဂိုထဲက ဓားဆောင်တတ်တဲ့ အကျင့်ရှိတယ်။ ဒီအစည်းအဝေးကို ဓားယူလာဖို့ ရည်ရွယ်ချက်နဲ့ သယ်ဆောင်ခဲ့တာ မဟုတ်ပါဘူး” ဟု ဦးမြတ်ခိုင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးတွင် ယခုနှစ်အတွင်း ဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့စဉ် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် တစ်ဦးထံမှ သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

နိုင်ငံတော်အစိုးရ အနေနင့် နိုင်ငံသားများ၏ လုံခြံရေးကို အပြည့်အဝ တာဝန်ယူရမည်ဖြစ်ပြီး မလုံခြုံတော့ဟု ခံစားရပါက ခုခံကာကွယ်ရန် လက်နက်များ ကိုင်ဆောင်လာနိုင်ကြောင်း၊ လူသတ်မှု ကျုးလွန်လာသူများမှာ ထောင်ဒဏ် ၇ နှစ် အထက် ချမှတ်ခံရသောလည်း လွတ်ငြိမ်းချမ်းသာခွင့်များကြောင့် ၃ လေးနှစ်အတွင်း ပြန်လည် လွတ်မြောက်လာသဖြင့် နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ရန် ဝန်မလေးတော့ကြောင်း တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောကြားသည်။

“သူတို့တွေ ရဲကိုတောင် ဓားနဲ့ ဝင်ခုတ်နေတာ၊ ကိုယ်က ဘာမှ ဆောင်ခွင့်မရတော့ မတော်ပြသနာဖြစ်ရင် ခေါင်းငုံပြီး နေရုံပဲ၊ ပြီးတော့ ကားတွေ အပြိုင်မောင်းလာတဲ့ အသံကြားရင် လမ်းလေးချပြီး ရပ်နေရတာ” ဟု အငှားယာဉ်မောင်း တစ်ဦးဖြစ်သူ ဦးကျော်ကိုက ပြောကြားသည်။

No comments:

Post a Comment