Saturday, December 6, 2014

အမေရိကန်လူ့အခွင့်အရေးအရာရှိထံသို့ KIA ၏ ဥပဒေမဲ့လုပ်ရပ်များအား ဖြေရှင်းပေးရန် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ တောင်းဆို

ဒီဇင်ဘာလ ၅ ရက်၊ ၂၀၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ခေမာသီ ရပ်ကွက်ရှိ၊ ရှမ်းဓမ္မာရုံ၌ အမေရိကန်သံရုံးမှ လူ့အခွင့်အရေးအရာရှိ Mrs.Thu huynhthi nyuyen နှင့် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(မြန်မြာ

ပည်မြောက် ပိုင်း)တို့ ဒီဇင်ဘာ ၃ ရက်  ညနေ ၄ နာရီခွဲမှ ၆ နာရီခွဲခန့်အထိ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ရှမ်းမျိုးနွယ်စုရေးရာ အကြံပေး ဦးစိုင်းထွန်းအေးမှ ရှမ်းမျိုးနွယ်

စုရေးရာအဖွဲ့ ဖွဲ့စည်းရခြင်းမှာ ကချင်ပြည်နယ်တွင် ရှမ်းလူမျိုးများ ဖိနှိပ်ခံနေရခြင်း၊ လူ့အခွင့် အရေး ချိုးဖောက်ခံရခြင်းများကြောင့် ကချင်ပြည်နယ်ရှိ မြို့နယ်ပေါင်းစုံအစည်းအဝေးပြုလုပ်၍ ဖွဲ့စည်းခဲ့သည်မှာ ၂ နှစ်နှင့် ၆ လရှိပြီဖြစ်ကြောင်း၊ ကချင်ပြည်နယ်တွင် KIA အဖွဲ့သည်လက်နက် ကိုင်ပြီး လူသစ်စုဆောင်းမှုများ အဓမ္မပြုလုပ်လျက်ရှိကြောင်း၊ ၁၉၇၆ ခုနှစ်တွင် ဗလမင်းထင် တံတားထိပ်ရှိ ရှမ်းရွာလေးအားKIAမှမီးရှို့ဖျက်ဆီးပြီး မောင်းထုတ်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
KIA အဖွဲ့မှ ရှမ်းမျိုးနွယ်စုများအား အများဆုံးစုဆောင်းလျက်ရှိကြောင်း၊ အသက်မပြည့်သည့် ရှမ်းမိန်းကလေးများ အား အဓမ္မစုဆောင်း၍ ၎င်းတို့တပ်ဖွဲ့ဝင်များနှင့် သဘောမတူဘဲ အိမ်ထောင် ချပေးလျက်ရှိကြောင်းနှင့် ဆက်ကြေး ကောက်ခံမှုများ ကျူးလွန်နေကြောင်းတို့ကိုလည်း တင်ပြခဲ့ သည် ဟု ယင်းအဖွဲ့မှ ဦးစိုင်းခင်မောင်အေးမှ ဆိုသည်။
၂၀၁၄ ခုနှစ်တွင် KIO ဆက်ဆံရေးရုံ၌ အလွတ်သဘောငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဖမ်းဆီးခံ ရှမ်း လူမျိုး(၂၀၀) ကျော်အား ပြန်လွှတ်ပေးရန် တောင်းခံခဲ့ရာ ယနေ့အချိန်ထိ ပြန်မ လွှတ်ပေးသေးကြောင်းကိုလည်း တင်ပြဆွေးနွေးခဲ့ သည်ဟု သိရသည်။
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ တာဝန်ရှိသူတစ်ဦးက ကချင်ပြည်နယ်တွင် သုံးပုံနှစ်ပုံမှာ ရှမ်းလူမျိုးများ သာဖြစ်ပြီးနှစ်ပေါင်း ၂၀၀၀ ခန့် ကတည်းက နေထိုင်ခဲ့ကြောင်း၊ ကချင်လူမျိုးများမှာ နှစ် ၂၀၀ ခန့်သာရှိသေးကြောင်း၊ နိုဝင်ဘာ ၁၉ ရက် တွင် ဖြစ်ပွားခဲ့သော ဗိုလ်လောင်း ၂၃ ဦး သေ ဆုံးမှုဖြစ်စဉ်ကြောင့် KIA အဖွဲ့နှင့် အခြားလက်နက်ကိုင်အဖွဲ့များမှ တပ်မတော်အား နောက် ဆုတ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ တပ်မတော်သည် မျှတသောအုပ်ချုပ်မှုရှိသောကြောင့် နောက် ဆုတ်လိုက်ပါက ရှမ်းလူမျိုးများ အန္တရာယ်နှင့် ကြုံတွေ့နိုင်သောကြောင့် KIA အဖွဲ့အား ဖိအားပေးနိုင်ရန် တင်ပြတောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။
စိုင်းတင်ဝင်း

No comments:

Post a Comment