Friday, December 5, 2014

မီဒီယာတွေ ဖုံးကွယ်လိုက်တဲ့ သတင်းတစ်ပုဒ်

တပ်မတော်ဆေးရုံကြီး ကုတင် (၁၀၀၀) သို့ 
ယနေ့ ရောက်ခဲ့ပါတယ်။
ကြားကား(အောက်ဆိုဒ်ကား)တစ်စီး

 တိမ်းမှောက်မှုကြောင့် လူနာသတင်းမေးအမှု အခင်းအခြေအနေ ယာဉ်ထိန်းတပ်ဖွဲ့၏ အရေးယူဆောင်ရွက်မှုပါ အပါအဝင်ပေါ့။
ဖြစ်စဉ်က ၃၀ / ၁၁/ ၂၀၁၄ ပါ။
နံနက် ၃း၃၀ ဝန်းကျင်ဆိုတော့ ဈေးကြို

ကား(နံနက်ခင်းဈေးများတွင် အဆင်သင့်ရောင်းချနိုင်ရန်ဈေးသည်များစီးနေသော ကား)ဖြစ် ဟန်ရှိပါတယ်။မိတ်ဆွေတစ်ဦးရဲ့ ဆွေမျိုးကဒါဏ်ရာပြင်းထန်စွာရပီး လမ်းပေါ်လဲနေတယ်ဟုဆိုပါ တယ်။အချိန်က လူအသွားအလာနည်းပါးချိန် ဖြစ်လို့ကူညီမည့်သူမရှိပါဘူး။
ဒါဏ်ရာ အနည်း ငယ်ရသူ ၄ ဦးလောက်ရှိတယ်ဆိုပါတယ်။
တပ်မတော် ဆေးရုံမှ အရာရှိ တစ်ဦးမှ အခင်းဖြစ်နေရာသို့ သွားရောက်ကူညီပြီး တပ်မတော်ဆေး ရုံ ကုတင်(၁၀၀၀) မင်္ဂလာဒုံ မှာဘဲ တက်ရောက်ဆေးကုသစေခဲ့ပါတယ်။ဒါဏ်ရာ ငယ်သူများ ကတော့ ဆေးရုံမှ လိုအပ်သော ကုသမှု ပေးပြီး နံနက်လင်းတော့ဆေးရုံမှ ဆင်းသွားကြပါတယ်။ ဒါဏ်ရာပြင်းထန်သူ အတွက် အချိန်နဲ့ တပြေးညီ ကုသမှုပြုပီးဦးခေါင်းပိုင်းခွဲစိတ်ရန် သက်ဆိုင် ရာ ဆေးတပ်၏တာဝန်ရှိသူများထံဆင့်ကဲသတင်းပို့ပါတယ်။သာမန်အရပ်သားတစ်ဦးဖြစ်နေပါသော် လည်းရန်ကုန်ဆေးရုံကြီးသို့ ပြောင်း၍ကုသပါက လမ်းခုလတ်တွင် အသက်စိုးရိမ် ရပါ သဖြင့် ဤတပ်မတော်ဆေးရုံတွင်သာ ချက်ချင်းခွဲစိတ်ကုသဖို့ ညွန်ကြားပါတယ်။
သာမန် ပြည်သူတစ်ဦး၏ အသက်ကို ကယ်တင်လိုက်ခြင်းပါဘဲ။အားလုံး အခမဲ့ပါ။လူနာများအား မည်သည်ဆေးရုံ မဆို ကုသပေးရမည်ဟုဆိုသော်လည်း လက်တွေ့ခွဲစိတ်ရမည့်အချိန်မှာ လို အပ်သော ဆရာဝန်ကြီးများ အဆင်သင့်ရှိနေခြင်း ညွန်ကြားချက်များ လိုက်နာခြင်းကိုလေး စားပါသဖြင့် ဤစာပိုဒ်အားတင်ပါသည်။
ဘယ်သတင်း ဘယ်ဂျာနယ် မှာမှတော့မတွေ့သေးပါဘူး။ကျနော် စာဖတ်အားနည်းတာလည်းဖြစ်
ချင်ဖြစ်မှာပါ။
တပ်မတော်ဆေးရုံကြီး ကုတင်(၁၀၀၀)မင်္ဂလာဒုံ အားလေးစာဂုဏ်ယူမိပါတယ်။
ဦးလေးနို


No comments:

Post a Comment