Monday, February 3, 2014

ဦးထင်လင်းဦးသည် NLD ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် မဟုတ်၍ အပြောအဆို ဆင်ခြင်ရန်လို ဟု ဆို

မြန်မာအမျိုးသားကွန်ယက်၏
 ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်
 ပြုလုပ်မည့် အခြေခံဥပဒေ 
ပုဒ်မ ၅၉ ထောက်ခံပွဲကို
 နှောက်ယှက်ရန် ထုတ်ဖော်ပြော
ကြားခဲ့သော ဦးထင်လင်းဦး
သည် NLD ပါတီ၏ ပြောခွင့်ရ
ပုဂ္ဂိုလ် မဟုတ်ကြောင်း သိရသည်။

NLD ပါတီတွင် တရားဝင် ပြောရေးဆိုခွင့် ရှိသူများ သီးခြားတာဝန်ပေးအပ်ထားကြောင်း၊ ဦးထင်လင်းဦးသည် ပြန်ကြားရေးအဖွဲ့တွင် ပါဝင်သော်လည်း ပြောရေးဆိုခွင့် မရှိကြောင်း NLD ပါတီ၏ တရားဝင်ပြောခွင့်ရပုဂ္ဂိုလ်၊ ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့် ကပြောသည်။

တရားဝင် ပြောခွင့်ရသူ မဟုတ်ဘဲ ဤသို့ ပြောဆိုနေခြင်းကြောင့် NLD ပါတီ အပေါ် အထင်အမြင် လွဲမှားနိုင်ကြောင်း၊ ပါတီင်္၏ မူဝါဒများနှင့် ဆန့်ကျင်နေသော လုပ်ရပ်များ လုပ်ဆောင်ခဲ့ပါက မည်ကဲ့သို့ အရေးယူမည်နည်း ဆိုသော မေးခွန်းအား ဦးဝင်းမြင့်က "ဒါကတော့ ပြောခွင့်ရ အဖွဲ့ ဖွဲ့ထားတယ် ဆိုကတည်းက ပါတီနဲ့ ပတ်သက်ရင် တရားဝင် ဖြေရှင်းဖို့ ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ ဦးထင်လင်းဦးကြောင့် ပြည်သူတွေကြားမှာ အထင်အမြင် လွဲမှားစရာတွေ ဖြစ်ပေါ်နိုင်တယ် ဆိုရင်တော့ ဦးထင်လင်းဦးကို ပါတီစည်းကမ်းအရ အရေးယူရမှာပဲ ဖြစ်ပါတယ်။ ဦးထင်လင်းဦး အနေနဲ့လည်း ကိုယ့်ကိုယ်ကို သိပြီး ပြောတာ ဆိုတာ ဆင်ခြင်သင့်တယ်လေ။ ကျွန်တော်တို့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီစည်းကမ်း ဖောက်ဖျက်ရင်တော့ ခွင့်မလွှတ်ပါဘူး။ ဒီပါတီထဲမှာ နေရင် ပါတီ စည်းကမ်းကို လိုက်နာရမှာပါ" ဟူ၍ ပြန်လည်ဖြေကြားခဲ့သည်။

ပွဲဖျက်မည် ဟု ထုတ်ဖော်ပြောကြားခဲ့သော ဦးထင်လင်းဦးက ဖေဖော်ဝါရီလ ၂ ရက်နေ့ ဆွေးနွေးပွဲသို့ သွားရောက်ခြင်း မပြုတော့ ဟု ထုတ်ဖော်ပြောကြားထားကာ ဟောပြောမည့်ပုဂ္ဂိုလ်များတွင် တစ်ဦးအပါအ၀င် ဖြစ်သော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေကမူ NLD ပါတီမှ ကြိုက်သည့်သူ လာရောက်၍ မေးခွန်းထုတ်နိုင်ကြောင်း တရားဝင် လမ်းဖွင့်ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

"NLD ပါတီ ကြောက်သွားတာတော့ မဟုတ်ဘူး။ ဦးထင်လင်းဦး မဟုတ်ဘဲ ကျန်တဲ့သူတွေ လာမယ် လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ကြိုက်သလို လာခဲ့၊ ထိပ်တိုက်ရှင်းဖို့ ကျွန်တော်တို့ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ အမျိုးသားရေးကို NLD က ထိပ်တိုက်တွေ့ချင်သပ ဆိုရင်တော့ welcome ပါပဲ" ဟု မြန်မာအမျိုးသားကွန်ယက်မှ ပြောဆိုလိုက်သည်။

NLD ပါတီအသိုင်းအ၀ိုင်းမှ ကြားသိရသော သတင်းများအရ ဦးထင်လင်းဦးသည် NLD မှ ကွဲထွက်သွားသော NDF ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ် စသည်တို့နှင့်လည်း အငြင်းပွားမှုများ မကြာခဏ ဖြစ်ပွားတတ်သဖြင့် သတိပေးထိန်းသိမ်းရန် လိုအပ်ကြောင်း ရှုမြင်ထားကြသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာအမျိုးသားကွန်ယက်မှ ဦးစီးပြုလုပ်သည့် ဆွေးနွေးပွဲတွင် NLD ပါတီမှာ မည်သို့မည်ပုံ နှောက်ယှက်မှုများ ပြုလုပ်လာမည်မှာ စောင့်ကြည်ဖွယ်ရာ ကောင်းနေကြောင်း သိရသည်။ မြန်မာအမျိုးသားကွန်ယက်ကမူ အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်လိုသူ မည်သူ့ကိုမဆို အထူး ဖိတ်ကြားထားကြောင်း သိရှိရသည်။ 
From:OE

No comments:

Post a Comment