Tuesday, February 4, 2014

ဆင်ဘိုမြို့နယ်ခွဲ လူထုအစည်းအဝေးမှ KIA အား ဆက်ကြေးမပေးတော့ကြောင်း ဆုံးဖြတ်

မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ဆင်ဘိုမြို့၌ (ယနေ့)  ၂၀၁၄ ခု၊ ဖေဖေါ်ဝါရီလ (၃) ရက်နေ့တွင် လူထုအစည်းအဝေးပွဲတစ်ရပ် ပြုလုပ်ကာ KIA အား ဆက်ကြေး မပေးဆောင်နိုင်တော့ကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ သိရှိရသည်။
ဆင်ဘိုမြို့ လူထုအစည်းအဝေးပွဲကို ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ဆင်ဘို)မှ
ဦးဆောင်ကျင်းပ ကာ ဆင်ဘိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံနှင့် ရက်ကွက်ပေါင်းစုံမှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖ များ တက်ရောက်ခဲ့ကြပြီး အဆိုပါ အစည်းအဝေးမှ KIA ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆန့် ကျင်သွားကြရန်နှင့် KIA အား ဆက်ကြေးမပေးဆောင်နိုင်တော့ကြောင်း ကြေညာချက် တစ် ရပ် ထုတ်ပြန်ခဲ့ တယ်လို့လည်း သိရှိရပါသည်။
"အဓိက ကတော့ KIA အဖွဲ့၏ နီးရာဓါးကို ကြောက်နေရ၍ ဆက်ကြေးပေးဆောင်နေရမှု၊ လူသစ်တောင်းခံနေရမှု စသည့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကို ယနေ့မှစ၍ ဆန့်ကျင်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ ဆက်ကြေးလည်း မပေးဆောင်နိုင်တော့ကြောင်း ဆင်ဘိုမြို့ ဤလူထုအစည်းအဝေးကြီးမှ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပါတယ်လို့ '' ဆင်ဘိုမြို့နယ်ခွဲ ရှမ်းမျိုးနွယ်စုရေးရာခေါင်းဆောင် ဦးစိုင်းမျိုးဝင်းမှ ပြောကြားသည်။

No comments:

Post a Comment