Thursday, February 6, 2014

စတင်ရုံတင်ပြီဖြစ်သော ၃၉ ဗိုက်ပူ

စတင်ရုံတင်ပြီဖြစ်သော ၃၉ ဗိုက်ပူ
ရန်ကုန် ဖေဖော်ဝါရီ ၁
လူချောနှင့် စိန်ပေါမှာ ညီအစ်ကို ဝမ်းကွဲ
 ဖြစ်ပြီး စိန်ပေါ၏ ဖခင် ရုတ်တရက် ကွယ်လွန်တော့ ကြွေးတချို့နှင့် ဗိုက်ပူ 
ဘတ်စကား အိုကြီး တစ်စီး အမွေ အဖြစ် 
ကျန်ရစ် ခဲ့သည်။ သူတို့ နှစ်ယောက်
ဘတ်စကားကို နေအိမ်လုပ်ပြီး လုပ်ကိုင် စားသောက် နေခဲ့ရသည်။ တစ်ရက်
ဘတ်စကား ပေါ်မှာ လူငယ်တစ်ယောက် ခွေခွေလေး အိပ်နေလို့ မောင်းချပေမဲ့မရ၊ သူက သူ့နာမည် ဆန်နီ ဖြစ်ကြောင်းနှင့် အလုပ်ပေးပြီး အတူ နေခွင့် ပြုဖို့ တောင်းပန်သည်။ တစ်နေ့တွင် လူချောက ဆန်နီ့ကို ယောက်ျားဟန် ဆောင်နေသော မိန်းကလေး ဖြစ်မှန်း သိသွားသည်။ တစ်ဆက်တည်းဆို သလိုပင် လူချောက စိန်ပေါ၏ အဖေ ပိုင်သော ဆုတံဆိပ် ကို အတုနှင့် လဲ၍ ရောင်းစားရန် ကြံသည်ကို ဆန်နီက မိသွားပြီး ဆန်နီက သူမိန်းကလေး ဖြစ်သည်ကို ဖုံးဖိ ထားဖို့ လူချောကို ပြောသည်။ လူချော၏ တံဆိပ် ရောင်းစားမည့် အကြံအစည် ကိုလည်း သူဖုံးထား ပေးမည်ဟု အပြန်အလှန် သဘောတူ ခဲ့ကြပြီး သူတို့ နှစ်ဦး၏ ကိစ္စကို လျှို့ဝှက်ထားဖို့ သဘော တူခဲ့ ကြသည်။ ထိုသို့ တစ်ယောက် နှင့်တစ်ယောက် အကာ အကွယ် ပေးကြရင်း နှစ်ဦးသား ရင်ခုန် ဇာတ်လမ်း စကြသည်။ အဆိုပါ နေရီမင်း၏ ဇာတ်လမ်းကို နေစိုးသော် ဇာတ်ညွှန်း ရေး၍ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က နေတိုး၊ ဝေဠုကျော်၊ ရဲအောင်၊ စိုးမြတ်သူဇာ၊ ဝတ်မှုံရွှေရည်၊ ချောရတနာ၊ မေသဉ္ဇာဦး စသည့် အနုပညာရှင် များစွာ ပါဝင် အားဖြည့်လျက် ရိုက်ကူးတင် ဆက်ထားခြင်းဖြစ်သည်။
ယနေ့မှ စတင်၍ ရန်ကုန်မြို့ရှိ သမ္မတ၊သွင်၊ မင်္ဂလာ၊ Junction Square၊ Junction၊ (မော်တင်)၊ Top Royal နှင့် မန္တလေးမြို့ရှိ ဝင်းလိုက်၊ မြို့မတို့၌ ရုံတင် ပြသ နေပြီဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment