Thursday, February 6, 2014

ဘင်္ဂါလီအမတ်များကို လွှတ်တော် ကြောက်သလော

မွေးမြူရေးနှင့် ရေလုပ်ငန်း
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်
များနှင့် ပတ်သက် ၍ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်မှ လောင်းလုံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်
စားလှယ် ဦးအောင်စိုးက ဖေဖော်ဝါရီလ ၄ရက်တွင် ပြည်သူ့လွှတ်တော် တွင် အရေးကြီးအဆို တင်သွင်းလိုက်သည်။
ဝန်ကြီးဦးအုန်းမြင့်၏ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းရှိ ကျေးရွာနှစ်ခုတွင် "ဘယ်ကောင်မှ ဂရုမစိုက်ဘူး။ ကြိုက်တဲ့ကောင်ပြော၊ ရေးချင် တဲ့ကောင်ရေး ကျွန်တော်ကလည်း ပုဆိုးလှန်ပြလိုက်မယ်။ ဒီလိုမျိုးနေခဲ့တဲ့ ကောင်လေ၊ သေ မှာတောင်မကြောက်တဲ့ကောင်၊ ကျွန်တ်ာက ဘာကိုကြောက်ရမှာလဲ" စသဖြင့် ပြောကြား ခဲ့ခြင်းဖြစ် ပြီး ဝေဖန်မှုများ အများအပြားခံခဲ့ရသည်။
မောင်တောမြို့နယ် ဒူချီရာတန်းအနောက်ရွာ မီးလောင်မှုနှင့် ပတ်သက်၍ မောင်တောမြို့ နယ် ပြည် သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် (ခ) ဦးအဒူရော်ဇက် ကို ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် DVB သတင်း ဌာနက မေးမြန်းရာတွင် ဦးရွှေမောင် က "ရဲက ထိန်းချုပ်ထားလို့ အပြင် လူဝင်နိုင်စရာ အကြောင်း မရှိ ဘူး။ အပြင်လူဝင်ပြီးမှ မီးရှို့တယ် ဆိုရင်လည်း ဒါကို ရဲက မိမှာပဲ။ ဒါ တစ်ချက်။ နောက်တစ်ချက်က အဲဒီ အနီးပတ်ဝန်းကျင်က ရွာတွေက လူတွေ က ကျွန်တော့်ကို တယ် လီဖုန်းနဲ့ သေချာခိုင်မာစွာ သတင်းပို့တာ ကတော့ အဲဒီ ရဲတွေ ကိုယ်တိုင်ပဲ မီးရှို့ ခဲ့တာ သူတို့မြင် တယ်" ဟု ပြောကြားခဲ့ပါသည်။

အဆိုပါမီးလောင်မှုအား မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး၊ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး၊ ပြည် နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်း (ခ) ဂျာဟင်းဂီးရ်နှင့် တာဝန်ရှိသူများ တစ်အိမ် ချင်း လိုက်လံ ကြည့်ရှုစစ်ဆေးသည့် အခါတွင် နေအိမ်ခေါင်မိုးများပေါ်တွင် ကောက်ရိုးထုံးများ ပစ်တင်ထားခြင်း၊ နေအိမ် ထဲတွင် ထင်းများ စုပုံထားခြင်းများ တွေ့ရတဲ့အတွက် ရှို့မီးဖြစ် သည်ဟု ယူဆရကြောင်း၊ အဆိုပါ ဘင်္ဂါလီ များသည် နောက်တစ်နေ့ အီးယူကိုယ်စားလှယ်များလာမည်ဖြစ်၍ အချိန်ကိုက်ပြီး ကိုယ့်အိမ်ကို မီးရှို့ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ချက်များ ကို ဖတ်ရှုကြားသိရ ပါ သည်။

ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအကြား ပဋိပက္ခများမှာ လွန်ခဲ့သော တစ်နှစ် ခန့် က စတင်ခဲ့ပြီး ယခုအချိန်တွင် ပဋိပက္ခများ ငြိမ်သက်နေသော်လည်း နိုင်ငံတကာ က မြန် မာအစိုးရ အပေါ် ဘင်္ဂါလီများကို ဖိနှိပ်သည်ဆိုပြီး စွပ်စွဲမှုများ ရှိနေဆဲဖြစ်သည်။ ဒူချီရာ တန်းအလယ်ရွာတွင် ရဲတပ်ကြပ်ကြီးတစ်ဦး အသတ်ခံရခြင်းကို မှေးမှိန်စေရန် ဘင်္ဂါလီ ၄၀ ကျော် သေ ဆုံးခဲ့ရသည်ဟု နိုင်ငံ တကာ မီဒီယာများတွင် လိမ်လည်ဖော်ပြခဲ့ကြသဖြင့် မဟုတ် မှန်ကြောင်း နှင့် ဖြစ်စဉ်အမှန်ကို အစိုးရတာဝန် ရှိသူများက နိုင်ငံတကာသံတမန်များအား ရှင်းလင်း သည့်နေ့တွင် ဒူချီရာတန်း အနောက်ရွာ မီးလောင် ခဲ့ခြင်းဖြစ်ပါသည်။

ထိုသို့ မီးလောင်သည့် ဖြစ်စဉ်အပေါ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်က အထောက်အထား လုံးဝမရှိပဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို စွပ်စွဲပြောဆိုခြင်းသည် နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံ၏ ပုံရိပ် ကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ရသည်။ သို့ရာတွင် ဇန်နဝါရီလ ၂၉ ရက်က လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် ၏ ပြောကြားချက်နှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စား လှယ်များအနေဖြင့် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ရန် အဆိုတင်သွင်းသည်ကို ယနေ့အထိ မတွေ့ရပါ။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်သည် လုံးဝမဖြစ်သင့်သော ပြောကြား ချက်ဖြစ် ပြီး လွှတ်တော်တွင် အရေးတကြီးအဆိုတင်သွင်းဆွေးနွေး သည်မှာ ဖြစ်သင့်သောကိစ္စဖြစ်ပါသည်။ အလားတူ ပင် လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်၏ ပြောကြားချက်မှာမူ နိုင်ငံတကာ တွင် မြန်မာနိုင် ငံ ၏ သိက္ခာကို များစွာကျဆင်းစေသည့်အတွက် အလေးထား အရေးယူဆောင် ရွက်ရမည့် ကိစ္စဟု သုံးသပ်ရသည်။

သို့သော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် လတ်တလော ပေါ်ပြူလာဖြစ်နေသည့် ဝန်ကြီး ဦးအုန်းမြင့် ကိစ္စကို အလေးထားပြီး အရေးကြီး အဆိုတင်သွင်းခဲ့သော်လည်း အမျိုးသားရေးဖြစ် သည့် ဘင်္ဂါလီပြဿနာနှင့် ပတ်သက်ပြီး အယ်ဂျာဇီးယား သတင်းဌာနနှင့် လွှတ်တော်ကိုယ်စား လှယ် ဦးရွှေမောင် တွေ့ဆုံရာ တွင် ဦးရွှေမောင်၏ ပြောကြားချက်များ၊ ယခု ဒူချီရာတန်းရွာ မီးလောင်မှုနှင့်ပတ်သက်ပြီး ဦးရွှေမောင်၏ ပြေကြားချက် များနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိပါ။ သို့ဖြစ်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် ဘင်္ဂါလီပြဿနာကို လက်ရှောင် ထား သလောဟု မေးစရာရှိပါသည်။

အလားတူပင် အာဏာရကြံ့ခိုင်ရေးပါတီအနေဖြင့် ၄င်းတို့၏ ပါတီဝင် များဖြစ်သော ဘင်္ဂါလီ ကိုယ်စား လှယ် များ၏ တရား လက်လွတ်ပြောကြား ချက်များကို ထိန်းသိမ်းရန် တာဝန်ရှိသော် လည်း ယခု အချိန်ထိ အရေးယူဆောင်ရွက် ခြင်း မရှိပါ။

သမတဦးသိန်းစိန် အစိုးရအနေနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်၏ ပြောကြားချက် များနှင့် ပတ်သက်ပြီး ယနေ့ ညနေ လေးနာရီတွင် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ဦးရွှေမောင်၏ Facebook စာမျက်မှာတွင် တင်ထားသည်ကို တွေ့ရသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် ၏ ပြောကြား ချက်များနှင့် ပတ်သက်ပြီး လွှတ်တော်က အရေးယူ နိုင်ရေး အဆိုတင်သွင်းပေး ပါရန်နှင့် ဘင်္ဂါလီအမတ်များကို လွှတ်တော် အတွင်းမှမောင်းထုတ်နိုင်ရန် လိုအပ်သည့်လွှတ်တော် ကိုယ်စားလှယ်များအား တာဝန်မှပြန်လည် ရုတ်သိမ်းသည့် ဥပဒေကို အမြန် ပြ ဌာန်း ပေး ရန် တောင်းဆိုပါသည်။

ပြည်သူ့အာဏာ

No comments:

Post a Comment