Monday, February 3, 2014

၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ

From : .https://www.facebook.com/photo.php?fbid=654665107908981&set=a.620422957999863.1073741934.438995926142568&type=1&theater
 
၁။ မည်သူမဆို နိုင်ငံတော်၏ လုံခြုံရေးကို ဖြစ်စေ ၊နိုင်ငံတော်၏ အကျိုးစီးပွားကို ဖြစ်စေ နစ်နာရန် အလို့ ဌာ -
(ကက) ပိတ်ပင်ထားသောနေရာကို ချဉ်းကပ်လျှင်သော်လည်းကောင်း ၊ဖြတ်ကျော်လျှင်သော် လည်းကောင်း ၊ထိုအရပ် အနီးအနားတွင် ရှိနေလျှင်သော် လည်းကောင်း ၊ထိုအရပ်ကို ၀င်ရောက် လျှင်သော် လည်းကောင်း ။

(ခခ) ရန်သူတစ်ဦးအား တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက်၍ ဖြစ်စေ ၊အသုံးကျစေလိုသည့် ၊အသုံးကျစေ မည့် ၊ အသုံးကျစေရန် ကြံရွယ်၍ ၊ရုပ်ပုံ ၊ နယ်ပုံ ၊ မှတ်စု တစ်ခုခုကို ပြုလျှင်သော် လည်းကောင်း ။

(ဂဂ) ) ရန်သူတစ်ဦးအား တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက်၍ ဖြစ်စေ ၊အသုံးကျစေလိုသည့် ၊အသုံး ကျစေ မည့် ၊အသုံးကျစေရန်ကြံရွယ်၍၊လျှို့ ဝှက်သောအမှုထမ်းသုံး၊အရာထမ်းသုံးစကားကို  ဖြစ်စေ ၊စကားဝှက်ကို ဖြစ်စေ ၊ရုပ်ပုံ ၊ နယ်ပုံ ရေးသားချက် ၊ မှတ်စု ၊ အခြားစာတမ်း အမှတ်အသား သတင်း တစ် ခုခုကို ဖြစ်စေ ရယူလျှင်သော် လည်းကောင်း ၊ စုဆောင်းလျှင်သော် လည်းကောင်း ၊ပုံနှိပ်  ထုတ်ဝေလျှင်သော် လည်းကောင်း ၊ အခြားသူ တစ်ဦးဦးအား သတင်းပေးလျှင်သော် လည်းကောင်း
ထိုသူအား ထောင် ၃ နှစ်အထိ ချမှတ်နိုင်သည် ။
ထို့ ပြင် ခုခံတိုက်ခိုက်ရန် ပြုလုပ်ထားသော လက်နက်တိုက် ၊ (ကြည်း)(ရေ)(လေ) တပ်တစ်ခုခုကို ထားရာဒေသ ၊၎င်း တပ်တစ်ခုခု၏ တပ်နယ် တစ်ခုခု ၊မိုင်း၊ မိုင်းများပြုလုပ်ရာဒေသ ၊ စက်ရုံ ၊ သင်္ဘောကျင်း ၊ စစ်စခန်းသင်္ဘော ၊ လေယာဉ်ပျံတစ်စီးစီး နှင့် စပ်လျဉ်း ၍ထိုပြစ်မှုကို ကျူးလွန် လျှင်သော် လည်းကောင်း ၊
(ကြည်း)(ရေ)(လေ) တပ် ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း ၍အခြားနည်းဖြင့် ကျူးလွန် လျှင်သော် လည်းကောင်း ၊
လျှို့ ဝှက်သော အမှုထမ်းသုံး ၊ အရာထမ်းသုံး စကား တစ်ခုခုနှင့် စပ်လျဉ်း ၍ကျူးလွန်လျှင်သော်  လည်းကောင်း ၊
ထိုသူအား ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည် ။
( နိုင်ငံတော် ၏လျှို့ ဝှက်ချက် နှင့်အစိုးရအဖွဲ့ ဝင်များ၏လျှို့ ဝှက်ချက်...မကွဲပြားသေးသောမီဒီယာသ မား များသို့  ရည်ညွှန်းပါသည် )
 

No comments:

Post a Comment