Monday, February 3, 2014

သေနင်္ဂဗျူဟာနဲ့ အူယားဖားယားနိုင်ငံရေး

လူထု ဆန္ဒ ၊ လူထုဆန္ဒ နဲ့ ညာချ ဖို့ မကြိုးစားပါနဲ့  NLD
   ဗိုလ်စိန်မှန်ကစားကွင်းမှာ
 ၅၉(စ)ထောက်ခံပွဲ ကျင်းပပုံတွေကို
 ဒီနေ့ ဝေဝေဆာဆာလေးမြင်
လိုက်ရသည် ဘက်တစ်ဘက် 
အနေနဲ့လည်း တွေ့ရသေးသည် 
ကုန်လွန်ခဲ့တဲ့လတွေကလည်း 
NLD ကဦးဆောင်ပြီး၅၉(စ)
ကို ကန့်ကွက်ဖို့နဲ့ အခြေခံဥပဒေကို ပြင်ဖို့ အနယ်နယ်အရပ်ရပ်မှာ လုပ်နေတာတွေ့ခဲ့ရသည် ဒါလည်း ဘက်တစ်ဘက်ဖြစ်နေသည် ထောက်ခံ ဘက်နဲ့ ကန့်ကွက်ဘက်နှစ်ခုအကြားမှာ ကွာခြားချက်တွေ ကိုလည်း လှမ်းမြင်ရသည် ဘာတွေ ကွာခြားသလဲ ကန့်ကွက်အုပ်စု NLD(ဘက်တစ်ဘက်) လုပ် ခဲ့ သည့် ကန့်ကွက်ပွဲသည် အရင်ဖြစ် သည် ထောက်ခံအုပ်စု(ဘက်တစ်ဘက်)သည် နောက်မှဖြစ် သည် ဒီလိုဖြစ်လာရခြင်း အကြောင်း ရင်းခံတွေလဲ သမိုင်းတကွေ့မှာ ရှိခဲ့ကြသည်၊ ကုန်လွန်ခဲ့တဲ့ စစ်အာ ဏာ ရှင် လက်ထက်မှာ NLD အုပ်စုတွေ ပုံစံအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖေါ်မှုတွေ တည်ရှိခဲ့ကြသည် အဲဒီကာလတွေမှာ စစ်အစိုးရ အုပ်စုက အမြဲတမ်းလက်ဦးမှု ရယူပြီးနှိမ်နင်းမှုတွေ ပြုခဲ့သည်၊ ခြုံငုံပြီး သုံးသပ်ရရင် NLD ကခံမြဲ ခံဘက်ကဖြစ်ခဲ့ပြီး စစ်အာဏာရှင်ကတော့ အပေါ်စီးကရရှိခဲ့သည့် ကာလတွေဖြစ်ခဲ့သည် နိုင်ငံတကာက ဘယ်လိုဘဲအော်နေနေ စစ်အာဏာရှင်ကြီးကတော့ သူလုပ် ချင် ရာကို ဦးတည်ချက်မပျက် လှမ်းမြဲ လှမ်းခဲ့သည်၊ ဒီလိုအခြေအနေမျိုးမှာ NLD အုပ်စုအပါအ ဝင် နိုင်ငံရေးသမားအများစုနိုင်ငံရေးပရိယာယ်ကြွယ်ဝမှုခေါင်းပါးခဲ့ခြင်းကြောင့်စစ်အာဏာရှင်တွေ  အသာစီးရခဲ့သည်လို့ဘဲ သုံးသပ်ချင်သည်။
    တချို့က စစ်အာဏာရှင်က ညစ်ပတ်လို့ လက်နက်နဲ့အုပ်ချုပ်လို့ NLD ကခံရတာပါ ဒေါ်အောင် ဆန်း စုကြည်ကိုလဲ ညစ်ပတ်ပြီး မတရားသဖြင့် ဖမ်းစီးထားတာပါဆိုတဲ့ အကြောင်းပြ ချက်တွေပေး ကြသည် ဘယ်နိုင်ငံက စစ်အာဏာရှင် စစ်အုပ်ချုပ်ရေးစနစ်က ပြည်သူတွေရဲ့ ဆန္ဒကို ဦးထိပ်ထား ဖူးပါ သလဲ ရိုးရှင်းတဲ့ဒီအချက်ကို နိုင်ငံရေးသမားတွေ မသိခဲ့တာလား ပြည်သူကို ပြာဖုံးဖို့ ကျိုးစား ခဲ့ကြ တာလားဆိုတာ သူတို့သာလျှင်အသိဆုံးဖြစ်ပေလိမ့်မည် ပို့အကြောင်းအရာကို ပြန်ကောက်ရ
ရင်တော့ ထောက်ခံသူနဲ့ ကန့်ကွက်သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှု နှစ်ခုမှာ ကွာခြားချက်တွေအနေနဲ့ ဒါတွေကို တွေ့ရသည်။
       ကန့်ကွက်သူ NLD အုပ်စုက ပြည်သူကို လှည့်ဖြားခဲ့သည်ကို တွေ့ရသည်ဘာတွေ လှည့်ဖြားခဲ့ သလဲဆိုရင်သူတို့ တင်တဲ့ ဆိုင်းဘုတ်က ခြေဥပြင်ပေးရေး ဆိုတဲ့ လူကြားကောင်းတဲ့ အကြောင်း အရာ ကို ခေါင်းစဉ်တပ်ပြီးတော့ အနှစ်သာရအားဖြင့် ၅၉(စ)ကို ပြင်ပေးဖို့ ပယ်ဖျက်ပေးဖို့ နဲ့ ဒေါ်စု သမ္မတဖြစ်ဖို့ အရေးတွေကိုဇောင်းပေးပြီး ဟောကြ ပြောကြသည် ပြည်သူကို မလိမ့်တပါတ်လုပ် သည်လို့ဘဲ ဆိုချင်သည်။ NLD တပ်ထားတဲ့ ခြေဥ ပြုပြင်ရေးသည် လွှတ်တော်မှာ၁၀၉ဦး ပါဝင် တဲ့ ကော်မတီဖွဲ့စည်းပြီး လေ့လာစုံစမ်း မှုတွေပြုဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားပြီး သားကိစ္စ ဒါကို NLDက လူထုဆန္ဒခံယူပွဲလုပ်ပြီး အခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ ပွဲတွေ လူစု လူဝေးတွေ အနယ်နယ်အရပ်ရပ်မှာ လုပ်နေတာက ရည်ရွယ်ချက်နဲ့ လုပ်နည်းလုပ်ဟန် ချွတ်ချော်နေပြီလို့ မှတ်ချက်ပြုလိုသည်။ NLD အပေါ်ထားတဲ့ နိုင်ငံတကာရဲ့ သဘောတရားကလဲ စစ်အာရှင်အစိုးရလက်ထက်ကထားခဲ့တဲ့ သဘောတရားနဲ့ မြန်မာနိုင်ငံမှာ လွှတ်တော်ပေါ်ပေါက်ပြီး ကာလမှာ ထားတဲ့သဘောထားဟာ တူညီမှုမရှိတော့ပါ ဒီအချက်ကို NLD အနေနဲ့ နောက်ကျမှ သိလိုက်ရသည် အမြဲတမ်း နိုင်ငံရေးသွေးနထင်ရောက်နေတဲ့ NLD ၂၀၁၀ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ ကြားဖြတ်ကာလမှ အူယားဖားယားပုဆိးုတိုတို ထမီတိုတို ဝတ်ပြီး လွှတ်တော်ထဲ ဒိုင်ဗင်ပစ်ဝင်ခဲ့သည်က အထင်ရှားဆုံး ဥပမာဖြစ်ခဲ့သည် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည့် NLD ရဲ့အမှားသည် ရာသက်ပန်ခရီးအတွက် ဟာကွက်ဖြစ်ခဲ့သည်ကို ခေါင်းဆောင်တွေ သိကြသည် လူသိရှင်ကြားအသိမပေးဘဲ (ကြိတ်ပြီး သိနေကြသည်)လူသိရှင်ကြားသိသွားရင် နိုင်ငံရေးဂုဏ်သိတ္ခာ
ကျမည်လည်းဖြစ်သည်ထို့အတွက်ကြောင့်အသံကောင်းကောင်းနဲ့ဟန်မပျက် အော်ကောင်းတိုင်း
အော်နေကြသည် နောက်လိုက်တွေလည်း ဘုမသိဘမသိဘဲယောင်မြဲတိုင်း ယောင်နေကြသည်၊ NLD အနေနဲ့ နိုင်ငံရေးပါးဝပြီး နိုင်ငံရေးပရိယာယ်ကြွယ်ဝခဲ့မည်ဆိုပါက ၂၀၁၀ ကို ခြေစုံပစ်ဝင်ရမည် ဒါဆိုရင် လွှတ်တော်အတွင်းမှာ ခြင်္သေ့တွေ ကြီးစိုးစနေရာမရှိဖြစ်မည်၊ အခုလွှတ်တော်အတွင်းမှာ ခြင်္သေ့တွေ ကြီးစိုးနေရခြင်းရဲ့ အဓိကတရားခံဟာ NLD ဘဲဖြစ်သည် NLD အနေနဲ့ အူယားဖားယားဖြစ်ရခြင်းသည် ။

  ၂၀၁၂ ကြားဖြတ်ကာလမှာတင်မဟုတ် လွှတ်တော်အတွင်းနိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးလုပ်ကွက်တွေ တိုင်းမှာ အူယားဖားယား ဖြစ်နေသည်ကို တွေ့ရသည်အူ
ယားဖားဇာတ်လမ်းသည် ၂၀၁၅ ရွေးကောက်ပွဲမှာ ဇာတ်ရှိန်အမြင့် ဆုံးဖြစ်ပေလိမ့်မည် NLD ရဲ့ အူယားဖား ဇာတ်ကွက်တွေ မြောက်များစွာရှိခဲ့သည့် အနက် ခြေဥပြင်ဆင်ရေးနဲ့ ၅၉(စ) ပြင်ဆင်ရေး
ဇာတ်ကွက်သည် နိုင်ငံရေးပါးဝမှု အကန်းကုန်ဆုံး ဇာတ်ကွက် တစ်ခုဖြစ်သည်ကို NLD ခေါင်းဆောင်ပိုင်းတွေ မသိခဲ့သည်မှာ နောက်လိုက်တွေအတွက် အလွန်ကို အန္တရာယ်ကြီးလှသည် အခြားတဘက်ကို ဆက်သွားပါအုံးမည် ဒီနေ့တော့ အိပ်ပျော်နေတဲ့ ခြင်္သေ့နိုးထလာပြီလို့ဘဲ
သုံးသပ်ချင်သည် ခြင်္သေံ့ကို နှိုးဆွပေးကြသည်လို့လဲ ကောက်ချက်ချလိုသည် ခြင်္သေ့ကို ဘယ်သူတွေ နှိုးကြသလဲဆိုတဲ့ နေရာမှာ မသဲမကွဲဖြစ်ရသေးသည်NLDရဲ့အူယားဖားယားဇာတ်ကွက်
တွေဆင်လာအပြီး ခြင်္သေ့ နိုးထလာမည်လို့ ကျုပ်အနေနဲ့ ထင်မြင်ပြီးဖြစ်သည် တရံရောအခါက ပြည်သူ့ဆန္ဒသဘောထားဆိုတဲ့ ခေါင်းစဉ်အောက်မှာ လက်သီးလက်မောင်းတန်းပြီး လူထုဆန္ဒခံယူပွဲတွေ ဖန်တီးခဲ့သည့် မြင်းကွင်းတွေကို ကိုယ်တိုင်းလည်း ကြုံဖူးကြလိမ့်မည် နေ့စဉ် TV သတင်းအပြီးတွင်းလဲ တွေ့မြင်ကြဖူးကြလိမ့်မည်။

    ဒါတွေကို ဘယ်သူတွေက လုပ်ခဲ့သည်ကိုလည်း အားလုံးသိကြပြီးဖြစ်သည် NLD ပြုလုပ်တဲ့ ကန့်ကွက်ပွဲမှာကြည့်ကြည့် ဘက်တစ်ဘက်လုပ်တဲ့ ထောက်ခံပွဲမှာ ကြည့်ကြည့် လုပ်နည်းလုပ်ဟန်က တရံရောအခါက ပြကွက်တွေနဲ့ တစ်ထပ်တည်းတူညီနေသည်ကို တွေ့ရသည် မတူညီတဲ့အချက်တော့ NLD လုပ်တဲ့ ကန့်ကွက်ပွဲမှာ စာဝေတာ အခြားတစ်ဖက်က ဝါဒဖြန့်တာတွေမရှိခဲ့အခုလုပ်တဲ့ ထောက်ခံပွဲမှာတော့
ထောက်ခံသူတွေ မပြင်သူတွေက သူတို့ရန်သူလို့ ဆိုထားကြသည် ဒီလုပ်ရပ်တွေကိုဘယ်သူ့လက်ချက်လဲလို့ မေးရင်ကျုပ်အနေနဲ့ ပြတ်ပြတ်သားသား ပြောချလိုက်မည် “NLD ရဲ့လက်ချက်ပါ”လို့ သန်းထွန်းခင်ဗျား ရမ်းသမ်းပြီး အပုဒ်ချနေတယ်လို့ဆိုရင် အထောက်အထားတွေနဲ့ ရှင်ပြပေးပါမည် ။
     ၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလက သင်္ဃန်းကျွန်းမှာ ဦးသိန်းညွန့် အပါအဝင် ၄ဦးက ကြံခိုင်ရေးကို ယှဉ်ပြိုင်ဖို့ ရွေးကောက်ပွဲဝင်ခဲ့သည် ကျုပ်တို့က အောင်နိုင်ရေးအတွက် ကြံ့ခိုင်ရေးကို မျက်နှာချင်းဆိုင်ပြီး စီးချင်းထိုးနေချိန်မှာ NLD အလေအလွင့်တွေက တံဆိပ်မထိုး အမည်မခံပါဘဲ စာရွက်တွေလိုက်ဝေနေကြသည် ကျုပ်တို့က ဒီလမ်းပြီးလို့ နောက်လမ်းမှာ ပန်းဖလက်တွေ ဝေနေ ချိန်မှာ ကျုပ်တို့ဝင်ပြီးတဲ့လမ်းတွေမှာ ရှိတဲ့ အိမ်တွေကို စာရွက်တွေ လိုက်ဝေကြတယ် ဘာစာရွက်တွေလဲဆိုရင် “ဒေါ်စုမပါတဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ကြ” “ ရွေးကောက်ပွဲနေ့မှာ မဲရုံကို မသွားကြဘဲ သပိတ်မှောက်ကြ” စတဲ့ စာရွက်တွေ လမ်းလျှောက်ပြီး တမျိုး စက်ဘီးနဲ့ တဖုံ လုပ်ကြံခဲ့ကြတာကို ကိုယ်တွေ့ ကြုံခဲံ့ခံစားခဲ့ရဖူးသူပါ၊ဒီကိစ္စတွေကိုသက်ဆိုင်ရာ ထောက်လှမ်းရေးနဲ့ ကော်မရှင်ကို သက်သေအထောက်အထားအပြည့်အစုံနဲ့ တိုင်ကြားခဲ့ပေမယ့်လည်း အရေးယူမှုတစ်စုံ တရာမရှိခဲ့ဘူး၊ အဲဒီအချိန်မှာ ဒီမိုကရက်အချင်းချင်း ဒီလိုဖြစ်နေတာကို ပိုပြီး သဘောကျနေခဲ့တာအမှန် အချုပ်အားဖြင့် ဆိုချင်သည် ထောက်ခံအုပ်စုနဲ့ ကန့်ကွက်အုပ်စုအတွင်း ပါဝင်တဲ့ ရိုးသားတဲ့ ပြည်သူဘယ်နှစ်ဦး ရာခိုင်နှုန်းဘယ်လောက်ရှိမယ်ဆိုတာခန့်မှန်းရအခက်သား သေချာတာကတော့ ထောက်ခံသူအုပ်စုနဲ့ ကန့်ကွက်သူ အုပ်စုနှစ်ခုမှာ ပါဝင်ခဲ့တဲ့ ပြည်သူဆိုတဲ့ အမျိုးအစားက ရာနှုန်းမပြည့်ပါ ဒီ့ထက်သေချာတာကတော့ ထောက်ခံသူအုပ်စုကရင့်ကျက်တယ် နိုင်ငံရေးပါးဝတယ် သေနကဗျူဟာတွေ
ပိုင်နိုင်ကြတယ် ကန့်ကွက်သူအုပ်စုမှာကအူယားဖားယားနိုင်ကြတယ်၊ရင့်ကျက်မှုမရှိ၊နိုင်ငံရေးပါးမဝသူများ
သာဘယ်လိုဘဲဖြစ်ဖြစ်ပါ ဒီကိစ္စက ဒီမှာတင်ပြီးမည်မဟုတ် ရှေ့ဆက်နိုင်ငံရေးခရီးအတွက် အနိဌာရုံတွေ အကြိုခင်းထားတဲ့ လမ်းတွေသာဖြစ်ပေလိမ့်မည် ဒီလမ်းသည် ဘက်နှစ်ဘက်စလုံး လျှောက်ကောင်း သည့်လမ်းမဟုတ်ပါ ဒီနေရာမှာ အထူးဆိုချင်သည်က NLD တွေ စပြီး ဖေါ်လို့ နောက်ကလိုက်သည့် ထောက်ခံသူ အုပ်စုမှာ အကြောင်းပြစရာတွေ တည်ရှိနေပေမယ့် ကန့်ကွက်သူ NLD အုပ်စုမှာက နိုင်ငံရေး လူကျွံဘောမိသွားပါပြီ ဘယ်လောက်ဂိုးတွေ သွင်းသွင်း ဂိုးမရနိုင်တော့ပါ NLD အနေနဲ့ ဒါကို ကိုယ့်အခြေအနေကိုယ် အမှန်အတိုင်းမသိမြင်ပါဘဲ ဆက်ပြီး အော်နေမယ်ဆိုရင် အခြေအနေတွေပိုပြီးရူပ်ထွေးလာပါလိမ့်မည်ဒီလိုရူပ်ထွေးမှုတွေပေါ်လာခဲ့ရင်
ရှေ့ဆုံးကခံရမှာက ပြည်သူတွေပါ ဒုတိယခံရမှာကဘုမသိဘမသိNLD အောက်ခြေတွေပါလို့
ဟောချက်ထုတ်လိုက်ချင်သည် ကျုပ်အနေနဲ့ အစိုးရိမ်ဆုံက အိမ်နီချင်းထိုင်းမှာလို အဖြစ်မျိုးဖြစ်မှာကိုပင်

သန်းထွန်း TGKN

No comments:

Post a Comment