
ယင်းလေ့ကျင့်ရေး အစီအစဉ်၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အင်အား ၁၀၀ ခန့်နှင့် ဗြိတိန် ရဲအရာရှိများ လက်တွေ့ သရုပ်ပြခြင်းနှင့် ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းကဆိုသည်။
မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများ၌ အသင်းကြီး အချင်းချင်း တွေ့ဆုံသည့်ပွဲများ၌ နှစ်ဖက်အသင်း ပရိသတ်များ ပဋိပက္ခ ဖြစ်ပွားတတ်ရာ ၂၀၁၃ နေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲ ၏ နောက်ဆုံးပွဲစဉ်၌ ရန်ကုန် ယူနိုက်တက်အသင်းနှင့် နေပြည်တော် အသင်းတို့ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ဝဏ္ဏသိဒ္ဓိ အားကစား ကွင်းရှိ ထိုင်ခုံငါးရာကျော် ပျက်စီးခဲ့ရသည်။
ယင်းပဋိပက္ခ ဖြစ်စဉ်မှာ မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲ သက်တမ်းတစ်လျှောက် အကြီးမားဆုံး ရန်ပွဲအဖြစ် မှတ်တမ်းတင်ခဲ့ရပြီး ရန်ကုန် ပရိသတ်များ ကွင်းအတွင်းမှ ထွက်ခွာရန် အချိန်ကြာမြင့်စွာ စောင့် ဆိုင်းမှု များ ဖြစ်ခဲ့ရသည်။
(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ အုပ်စုနောက်ဆုံး ပွဲစဉ်ဖြစ်သော မြန်မာအသင်းကို အင်ဒို နီးရှားအသင်းက အနိုင်ရရှိခဲ့သည့် ပွဲတွင်လည်း မြန်မာ ပရိသတ်များက သုဝဏ္ဏကွင်းရှိ ပွဲကြည့်စင်မှ ထိုင်ခုံ များကို ဖျက်ဆီးခြင်း၊ နိုင်ငံတော် အလံများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ဥရောပသမဂ္ဂ အစီအစဉ်ဖြင့် ဗြိတိန် ရဲအရာရှိများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၄၀၀၀ ကို ယူရိုငွေ ၁၀ သန်း အကုန်အကျခံ၍ ၂၀၁၃ ခုနှစ် နိုဝင်ဘာလဆန်းက အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်း သင်ကြားပေးခဲ့ သည်
No comments:
Post a Comment