Wednesday, April 10, 2013

ဒုက္ခပါဘဲ..

ဆင်ဆာမရှိသည့်နောက်ပိုင်း စုတ်ပျက်သပ်နေသော မြန်မာမီဒီယာလောကတွင် Myanmar News Week ဂျာနယ်အား မော်ဒယ်အမရာငြိမ်းတရားစွဲပြန်

From : ..http://singaporefeelfeel.blogspot.com/2013/04/myanmar-news-week.html

မိုက်ကယ်လန်းမှအဆိုတော်တစ်ဦးနှင့်မော်ဒယ်အမရာငြိမ်းအား Myanmar News Week ဂျာနယ်မှမတရားစွပ်စွဲရေးသားထားခြင်းနှင့်ပတ်သတ်၍ အမရာငြိမ်းကအဆိုပါဂျာနယ်အားအသရေဖျက်မှုဖြင့်တရားစွဲဆိုသွားမည် ဖြစ်ကြောင်း မော်ဒယ်အမရာငြိမ်းက ယနေ့ခေတ်သို့ပြောကြားသည်။

မော်ဒယ်အမရာငြိမ်းနှင့်မိုက်ကယ်လန်းအဖွဲ့မှအဆိုတော်တစ်ဦးတို့သည် ငပလီကမ်းခြေရှိ Amazing Hotel ကြော်ညာအတွက် ဓာတ်ပုံမိုးမင်းနှင့် ရိုက်ကူးခဲ့သည်။ အဆိုပါရိုက်ကွင်းမှဓာတ်ပုံအားအမရာငြိမ်းကသူမ၏ Facebook ပေါ်တွင်တင်ထားခဲ့ပြီးကြော်ညာရိုက်ကွင်းမှပုံဖြစ်ကြောင်းရေး သားထားသည်ဟုအမရာငြိမ်းကဆိုသည်။

" ဒီကိစ္စနဲ့ပတ်သတ်ပြီးမဖြစ်မနေတရားစွဲဆိုသွားမှာပါ သတင်းမီဒီယာတစ်ခု အနေနဲ့ သတင်းကိုအမှားအမှန်မစိစစ်ပဲနဲ့ဖော်ပြခဲ့တာဟာတာဝန်ရှိပါတယ် ကျွန်မအဲဒီဂျာနယ်တိုက်ကို သုံးခါတိတိဖုန်းဆက်ပါတယ် လက်ခံစကားပြော တဲ့အမျိုးသမီးက အယ်ဒီတာရောတာဝန်ခံအယ်ဒီတာရောဘယ်သူမှမရှိဘူး လို့ပြောပါတယ် ကျွန်မဆက်တဲ့အချိန်ကနေ့လည်ဘက်ရုံးချိန်ပါ ကျွန်မကို ဒီကိစ္စနဲ့ပတ်သတ်ပြီးသူတို့ဖက်ကအခုချိန်ထိပြန်လည်ဖြေရှင်းတာမလုပ်သေးပါဘူး တရားဝင်မီဒီယာတစ်ခုအနေနဲ့ online ပေါ်ကကောလာဟလတွေကို အတည်မပြုပဲလက်လွတ်စပယ်မရေးသင့်ပါဘူး" ဟုအမရာငြိမ်ကဆိုသည်။

Myanmar News Week ဂျာနယ်သည် အမရာငြိမ်း၏ Facebook ပေါ်မှ ပုံအားခွင့်ပြုချက်တောင်းယူသုံးစွဲခြင်းမဟုတ်သည့်အပြင် အမရာငြိမ်း၏ ဂုဏ်သိက္ခာညှိုးနွမ်းစေသည့်အရေးအသားများဖြင့်ကူးယူဖော်ပြခဲ့ခြင်းကြောင့် အသရေဖျက်မှုဖြင့်တရားစွဲဆိုသွားမည်ဖြစ်သည်ဟုဆိုသည်။

မော်ဒယ်အမရာငြိမ်းသည် ၂၀၁၂ခုနှစ်မှစ၍ Idea မဂ္ဂဇင်းမျက်နှာဖုံးတွင်
မော်ဒယ်အဖြစ်စတင်သရုပ်ဆောင်ခဲ့ကြောင်းသိရသည်။
FROM-ယနေ့ ခေတ်
COMMENT(1).............
Myanmar News Week ဂျာနယ်ကစဉ်းစားဆင်ခြင်နိုင်တဲ့ဦးနှောက်မရှိတာတော9လောက်ကိုရှိတယ်..သတင်းမခိုင်လုံဘဲအဆင့်မရှိတဲ့ Page က တင်ထားတဲ့ Post ကို ဂျာနယ်ထဲထည့်ပြီး Public ကိုချပြတယ်..အဲ့မိန်းကလေးရဲ့နေပုံထိုင်ပုံ..မိသားစုအသိုင်းအဝိုင်းကိုလည်းမကြည့်ဘဲရေးရဲတာတော့အံ့သြလို့မဆုံးဘူး..
သူတို့ဂျာနယ်ရောင်းရရေးပဲခေါင်းထဲမှာရှိတယ်.. မိန်းကလေးတစ်ယောက်ဘယ်လောက်သိက္ခာကျပြီး ..ဝမ်းနည်းသွားမလဲမစဉ်းစားဘူး..
ဒီလောက်ငပလီကဟိုတယ်ကြော်ငြာပါလို့သေအောင်ပြောနေကြတာကိုရေးရဲတယ်နော်..ရေးပေါ့တရားစွဲရုံအပြင်မရှိပါဘူးငါတို့ဘက်ကလဲ.. စာမျက်နှာအပြည့်ကာယကံရှင်ကိုတောင်းပန်ရင်တောင်းပန်ပါ..မတောင်းပန်ရင်ဥပဒေဆိုတာရှိတာပဲ..
နင်တို့စော်ကားချင်တိုင်းစော်ကားလို့မရပါဘူး :(
COMMENT(2).................
သတင်းတစ်ခုကိုသေချာမသိပဲ Myanmar News Week Journal ကစော်ကားထားတာကြီးပါ..
ဒါက ငပလီက Amazine Hotel ကြော်ငြာရိုက်ထားတယ်ဆိုတာသက်သေထူပေးနိုင်တဲ့သူတွေအများကြီးပါ... ငပလီကိုသွားတုန်းက .. Emerald အမေရော ညီမရောပါသလို.. မိုက်ကယ်လန်းရဲ့ ဇနီးနဲ့ကလေးတွေလည်းပါပါတယ်..
မနက်ကအစောကြီး Emerald ဖုန်းဆက်လာတယ်.. အရမ်းစိတ်ညစ်လို့တဲ့..
ကိုယ်မဟုတ်ပဲနဲ့အစွပ်စွဲခံရတာကြီးကို... အဲ့ဒီ့နေရာမှာသူတို့အမေတွေ..အမတွေသာဆိုသူတို့ဘယ်လိုနေမလဲ...???
မီဒီယာဆိုတာမရှိမဖြစ်ဆိုတာလက်ခံပါတယ်... အခုဟာက မိန်းကလေးတစ်ယောက်ကိုဘလိုင်းကြီးစော်ကားလိုက်တာပါ..
ရိန်းတို့တောင်..ရိန်းတို့ပုံအောက်မှာ.. ရိုင်းရိုင်းစိုင်းစိုင်းတစ်ခုခုလာရေးရင်မခံနိုင်ကြပါဘူး..
သူ့နေရာမှာဝင်ပြီးနေပေးကြည့်ကြပါဦး !!!! Fuckkk Offf Bitchhhhhhhhhhhhhh :((((
 
.. www.MyanmarExpress.net

No comments:

Post a Comment