Wednesday, April 10, 2013

အာဆီယံမှာ ဆင်းကတ်ဈေး အသင့်တော်ဆုံး ဖြစ်လာတဲ့ မြန်မာနိုင်ငံ

From : ...http://www.mmdailystar.com/2013/04/blog-post_2770.html

အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ
 မြန်မာနိုင်ငံဟာ ဆင်းကတ်ဈေးနှုန်း အ သင့်တော်ဆုံးနိုင်ငံ တစ်နိုင် ငံ ဖြစ် လာ တယ်လို့ သိရပါတယ်။ Yangon Heartz Media မှ ကိုဇော်ဇော်မျိုးလွင်က “ငွေဖြည့် ကတ်ရဲ့ ကန့်သတ်ချက်က အာဆီယံမှာ ဈေးအချိုဆုံးပဲ၊ ဆင်း ကတ်ဈေးနှုန်း ကလဲ အာဆီယံ မှာ ဈေးအသက်သာဆုံးပြောလို့ရတယ်
” လို့ ပြောပါတယ်။ “အာဆီယံမှာ အလ ကားပေးတယ် ဆိုတာက permanent   ပေး ထားတာ မဟုတ်ဘူး။ တစ်လ နှစ်လပဲ ပေးတာ၊ ဆိုလိုတာက နံပါတ်က ပုံသေမရဘူး။ ပြီးတော့ ကန့်သတ် ချက်တွေလဲ ရှိသေးတယ်” လို့ ကိုဇော်ဇော်မျိုးလွင်က ဆိုပါတယ်။ T-Bit Solution မှ ကိုသက်အောင်မင်းလတ်က “ငွေဖြည့်ကတ် ကန့်သတ်မှုကတော့ ဂျပန်တွေ၊ ကိုရီးယားတွေထက်တောင် သက်သာ တယ်။ အာဆီယံမှာလဲ သက်သာတယ်။ အခုတောင် ဒီလောက်အ ထိ ဈေးသတ် မှတ်ထားနိုင်ပြီ ဆိုရင် နောက်ပိုင်း အော်ပရေတာတွေ ပေါ်လာပြီး တိုင်တွေလဲ တစ်ဆင့်ပြီးတစ်ဆင့် အပြည့် အဝ ဖြစ်လာ ရင်တော့ ဒီထက်ပို အဆင်ပြေလာဖို့ပဲ ရှိပါတယ်” လို့ ပြောပါ တယ်။

 နောက်လာမယ့် အော်ပရေတာတွေက အခုလက်ရှိ သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း ထိန်းပြီး ဆက်လုပ်သွားနိုင်ဖို့ကတော့ ဆက်သွယ်ရေးရဲ့ frame work ထိန်းချုပ်မှုနဲ့ပဲ ဆိုင်တယ်။ ပြိုင်ဆိုင်တယ် ဆိုတဲ့ နေရာမှာ ဈေးနှုန်းရော၊ ဝန်ဆောင်မှုပိုင်းပါ ပါတယ်လို့ ကိုသက်အောင်မင်း လတ်က ဆိုပါတယ်။ နိုင်ငံတကာမှာတော့ ဝန်ဆောင်မှုပိုင်းကို အဓိက ပြိုင်ဆိုင်ကြပြီး ပြည် တွင်းမှာ အော် ပရေတာတွေ ပေါ်လာရင်တော့ MMS နဲ့ Video Call စနစ်တွေ ရရှိလာနိုင်မယ်လို့ အိုင်တီပညာရှင်တွေက ခန့်မှန်းကြပါတယ်။ 

Yangon Heratz Media မှ ကိုဇော်ဇော်မျိုးလွင်က “အမေရိကဘက်က ကုမ္ပဏီတွေ ရမယ်လို့လဲ ကြားတယ်၊ အဓိကက အော်ပရေတာကို ပြည်တွင်းပဲ ပေးပေး၊ ပြည်ပပေးပေး လူထုအတွက် ထိရောက်တဲ့ ဝန်ဆောင်မှု ပေးနိုင်ဖို့ပဲ လိုတယ်။ ပြောခတွေကို အချိန်ပိုင်းနဲ့ လျှော့တာ၊ family tree ပုံစံ ဆွေမျိုး ချင်းပြောရင် လျှော့ပေးတာ၊ ပလန်တွေကတော့ မျိုးစုံပဲ” လို့ ပြောပါတယ်။ အခုလက်ရှိ နိုင်ငံတော်ရဲ့ ဆင်းကတ် ချပေးမယ့် ပလန်က ကောင်းပါတယ်။ ဆိုင်တွေက ဝယ်မအောင်းရဲတော့ဘူးပေါ့။ သူတို့ ငွေဖြည့် ထားလည်း သုံးနေရမှာလေ။ ကတ်တွေ ပိတ်ခံရမယ်ဆိုတာက ရှိသေးတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အခုတော့ မြို့နယ်ရုံးတို့ ဘာတို့မှာ ရောင်းမယ်ထင်တယ်လို့ ကိုဇော်ဇော်မျိုးလွင်က ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၉ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment