Tuesday, April 30, 2013

ပိုးသတ်ဆေးမသုံး ကွန်ပျူတာဖြင့်သာ ခြင်နှိမ်နှင်းနည်း

တကယ်အသုံးဝင်တဲ့နည်းလမ်းဖြစ်ပါတယ်။ ခြင်
 ဆေး  ခွေ နဲ့၊ ခြေဆေး ရည်ဘူး အနံ့ များနဲ့ ခြင် ကို နှိမ်နှင်းတာ ထက်စာရင် အများကြီး အကျိုးရှိ တဲ့ နည်းလမ်းဖြစ်ပါတယ်။ ပိုက်ဆံလည်းမကုန်၊ ကျန်းမာ ရေးလည်းညီညွတ်စေ ပါတယ်။ ကွန်ပျူ တာနဲ့Soundboxရှိရင်လုပ်လို့ရတဲ့နည်းလမ်း  ဖြစ်
ပါ တယ်။
တုန်ခါမှု-Vibrationအသံနဲ့ ခြင်တွေကိုအခန်း
 တွေကနေ နှင်ထုတ်နိုင်တဲ့ နည်းလမ်း ဖြစ်ပါ တယ်။ ပုဇင်းရင်ကွဲ တစ်ကောင်ရဲ့ အသံ တုန်ခါမှု ပမာဏ ရှိတဲ့ Audio file ကိုဖွင့်ပေးလိုက်ရင် ခြင် များသူ့အလိုအလျောက်ထွက်ပြေးမှာဖြစ်ပါတယ်။ဒီတော့အခန်းတစ်ခန်းလုံးကြားရလောက်အောင်   မြည်မယ့် စပီကာတော့ လိုအပ်ပါတယ်။ နည်း စနစ်ကျကျဆိုရင် အခန်း ရဲ့ လေး ဘက်လေးတန်မှာ စပီကာလေးလုံးချပြီးတစ်လုံးနဲ့တစ်လုံးကြားနိုင် လောက်တဲ့အနေအထားလို့ဆိုပါတယ်။ အမှန်တော့ စပီကာတစ်လုံးတည်း ရှိလည်း တစ်ခန်းလုံး ကြားနိုင်လောက်တဲ့ အသံထိ မြင့်တင်ပေးရင် ရပါတယ်။ စပီကာ ပိုရှိလေကောင်းလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါ အဆင့် အတိုင်းသွားရန် လိုအပ်ပါတယ်။
၁။ အောက်ပါ လခ့်မှ tonegen ဆော့ဖ်ဝဲအား ဒေါင်းလုခ်ဆွဲပါ။
၂။ ပြီးတော့ tnsetup ကို click နှိပ်ပြီး Install လုပ်နိုင်ပါတယ်။ (software က file size လည်း မကြီးတဲ့ အတွက် Install လုပ်တာ အင်မတန်မြန်ပါတယ်။)
၃။Installလုပ်ချိန် ပေးထားတဲ့ ဆော့ဖ်ဝဲတွေထဲမှာNCHToneGeneratorကိုတော့အမှန်ခြစ် ပေးရပါမယ်။ အားလုံးအမှန်ခြစ်ပြီးကူးလည်း ရပါတယ်။ ကျန်တာကတော့ အခြား နေရာမှာ အသုံးပြု ရတဲ့ ဆော့ဖ် ဝဲများ ဖြစ်ပါတယ်။ 
၎။ NCH Tone Generator ကို Install လုပ်ပြီးပြီဆိုရင် သူ့ရဲ့  icon လေးကို Double click နှိပ် ဖွင့် နိုင်ပါတယ်။ 
၅။ Application မြင်နေရပေမယ့် ဘာမှမလုပ်ပဲ Enter တစ်ချက်ခေါက်ပါ။
၆။ Frequency ဘယ်လောက်ထားမလဲလို့ မေးတဲ့ Box လေးပေါ်လာပြီး 57.00HZ ဖြည့်ပေးရပါမယ်။ 
၇။ Play လုပ်နိုင်ပါပြီ။ Play လုပ်လိုက်ရင်တော့ Vibration 57Hz အဆင့်ရှိတဲ့ အသံထွက်လာ မှာ ဖြစ်ပါတယ်။ ဒီတော့ တစ်ခန်းလုံးကြားရလောက်တဲ့ အသံအနေအထားကို ကိုယ်တိုင်ချိန်ဆ ယူနိုင် ပါ တယ်။ 
ဒီတော့ အိမ် ပြတင်းပေါက်၊ တံခါးပေါက်များဖွင့်ထားပြီး ယင်း Audio ကိုဖွင့်ပေးရမှာ ဖြစ်ပါတယ်။ မိနစ် အနည်း ငယ်ဖွင့်ပြီး ခြင်မရှိလောက်တော့ဘူးဆိုရင် ပြန်ပိတ်နိုင်ပါပြီ။
ယင်း Application ကိုအခြား အော်ဒီယို စမ်းသပ်မှုတွေမှာလည်း လိုသလို အသုံးပြုနိုင်ပါသေးတယ်။ စာ ဖတ်သူတို့ အသုံးပြုလို့ အဆင်ပြေမယ်လို့ မျော် လင့်ပါတယ်။
Dolllay 99 
Credit : Here

No comments:

Post a Comment