Friday, February 26, 2016

အစိုးရသစ် အမည်နဲ့ တက်လာမြည့် ပုဂ္ဂိုလ် များသို့

ခင်ဗျားတို့---
(၁) ဦးနှောက်နည်းတာလား
(၂) အစိုးရအလွှဲ အပြောင်းထိ ဘာလို့ မစောင့် နိုင်တာလဲ---
(၃) ခင်ဗျားတို့ ဘာဆုကြီးရနေနေ ဦးရဲထွတ် တို့ ဦးဇော်ဌေးတို့လို စည်းထဲ ဘောင်ထဲကနေ သက်သေ သာဓက နဲ့ ထောက်ပြနိုင်အောင် ကိုယ့် emotion ကိုထိမ်းနိုင်အောင် ကြိုးစားဦး
(၄)လွှတ်တော်အမတ်တယောက်ရဲ့ဂုဏ်သိက္ခာ နဲ့ အညီ ပြောဆိုတတ်ဖို့ ခင်ဗျားတို့အမေ ဆီ မှာ သင်ဦး သင်ပြီးပြီဆိုရင်တော့ ဘာမှ မပြောတတ်ဘူး။
(၅) လွှတ်တော်ထဲ ပြောချင်ရာအဆိုတင်ပြီးမှ ကျွန်တော် ကျွန်မ ကဖြင့် ကြားတာပဲ ဆိုပြီး ရပ်ကွက် ဆန်ဆန် ပြောလို့မရဘူး။ တိကျသေချာဖို့လိုတယ်။
(၆)အဲလိုတွေ ပြောလို့ ရှေ့အမတ်တွေဝန်မင်းတွေတုန်းကရောဆိုပြီး ပြန်ချိန်မထိုးနဲ့ ရှေ့လူတွေနဲ့ တန်းညှိရင် ခင်ဗျားတို့ နိုဗယ် Quality နဲ့ ( ပြောင်းလဲချိန် တန်ပြီဆိုတဲ့) စကား မြောင်း ထဲ ရောက်သွားမယ် ချီးတွင်းထဲကျသွားမယ် ( ဗေလုဝ ခေါင်းမှာ ဂျိုပေါက် လာလိမ့်မယ်။
(၇) လွှတ်တော်ထဲ ခြေချတာ (၁) လ မပြည့်သေးဘူး ခင်ဗျားတို့ ရှေ့ တာဝန်မလွှဲသေးတဲ့ ဝန်မင်းတွေကို ဌာနတွေ ကို အစစ လိုက်ထောက်ရအောင် ခင်ဗျားတို့ တကယ်ပဲ ဝန်ကြီးဌာန တိုင်းရဲ့ အလုပ်တွေ ကိုယ့်မဲဆန္ဒနယ်မြေတွေကို လေ့လာပြီးပြီလား နောက်ထပ် ဘယ်နှနှစ်စာ plan တွေ ဆွဲပြီးလို့ အမတ် တစ်ယောက်အဖြစ် Perform လုပ်ဖို့ Ready ဖြစ်ပြီလား။
(၈) ဝေဖန်မယ့် စီမံကိန်တွေရဲ့ စာချုပ်တွေကို ဖတ်ဖူးလား။ မဖတ်ဖူးတောင်အတိအကျပြောနိုင်သူ တာဝန်ရှိသူ ပါဝင်ပက်သက်သူတွေနဲ့ တွေ့ ပြီးပြီလား။ သက်သေ အထောက်အထား ဗွီဒီယိုတွေ ဓါတ်ပုံတွေရော ရှိလား။


(၉) ဘောလုံးသမားတွေဟာ ဘယ်လောက်အဆင့်မြင့်တဲ့ ကွင်းမှာပဲ ကန်ခဲ့ကန်ခဲ့ လက်ရှိ မိမိ ရောက်နေတဲ့ နိုင်ငံနဲ့ ကွင်းအထာကိုတော့ သိဖို့ လိုအုပ်တယ်။ ခင်ဗျားတို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်မှာ သဘောတူ လက်ခံပြီး ရွေးကောက်ပွဲ ဝင်လို့ မဲနိုင်ပြီး လွှတ်တော် ထဲ ခြေချခွင့် ရတယ် ဆိုတာ မမေ့ပါနဲ့။ နိုင်ငံရေး သမားကောင်းမှန်ရင် ဘယ်လောက် တင်းကြပ် တဲ့ ဖွဲ့စည်းပုံ ဖြစ်နေပါစေ Policy တွေပေါ်မှာ Well Player အဖြစ် Perform လုပ်နိုင်တယ်။ ဥပဒေတစ်ကြောင်းပြင်ပေးပါ အကြော် အော်နေတာ ဗိုက်ဆာလို့အော်နေတဲ့ မူကြိုကျောင်းသား
လိုပဲ--- ပြင်နိုင်မယ့် နည်းလမ်းကို ရှာနိုင်ဖို့လိုတယ်။
(၁၀) နိုင်ငံတိုင်းဟာ သူလှို့ဝက်ချက်နဲ့ သူရှိတယ်။ ပြည်ပ အစိုးရ လူတွေ ကို အစိုးရ မဖြစ်ခင် ကတည်းက လွှတ်တော်ထဲခေါ် အထုပ်ဖြေနေတာ ခင်ဗျားတို့ တချိန် အဲဒီ အကျိုးဆက်ကြောင် အကြပ်ရိုက်လိမ့်မယ် အခက်တွေ့လိမ့်မယ်---/
(၁၁) ဒီအချိန်ကျမှ ခင်ဗျားတို့အပြော နှစ်(၅၀) လောက်တိုင်းပြည် ဖျက်လာပါတယ် ဆိုတဲ့ အစိုးရကို ၁ လ ၂ လအတွင်း အလုပ်တွေ ဖျက်ခိုင်းရပ်ခိုင်းယုံ ဖျက်ပေးယုံနဲ့ ခင်ဗျားတို့ သူတို့ကို အကောင်းပြောမှာလား သူတို့လဲ သူတို့ Policy နဲ့ သူ လုပ်နေတာပဲ။ မကောင်ဘူးထင်ရင် ကိုယ့် လက်ထက်ရောက် တော့ ပြောင်းပေါ့
(၁၂) အာဏာ လွှဲခါနီး တကယ် နှာဖူး တွေ့ ဒူးတွေ့ လုပ်ရတော့မယ်ဆိုမှ ကတုန် ကရင် ဖြစ်နေတာလား ။ ကိုယ့် ကိုကိုယ် confident မရှိတာလာ။ ကိုာ်ပိုင် ယုံကြည်မှု ရှိသူတွေ ဟာ ဒီလို မနေဘူး----

( တိုးတက်ပါစေ မြန်မာပြည်--- အမတ်မင်းများ Good Luck ပါ )

ရွှေပြည်တော်

No comments:

Post a Comment