Friday, February 26, 2016

ပြည်သူနှင့် တန်သော အစိုးရ

ဖေဖော်ဝါရီ ၂၁၊ ၂၀၁၆ ဘယ်လိုဖြစ်တာလဲ…  “ပြည်သူ့အသံ၊ 
 လွတ်တော်အသံဆို"၊ ခုတော့ အာဏာရှင်လွှတ်တော် ဖြစ်နေပြီ၊ 
“ပြည်သူ့အသံလွှတ်တော်အာခံ"၊"လွှတ်တော်ရာဇသံ ပြည်သူနာခံ"
 ပြောသာပြောရတာ၊ လုပ်ငန်းမကျွမ်း ကျင်လို့ ကိုယ်တိုင်ကျူရှင် တက်နေရမှဖြင့် ဒီလိုပြုမူပြောဆိုတာတွေ ထွက်လာရတာလည်း 
အဆန်းတကြယ်တော့ မဟုတ်ပါဘူး။အာဏာရှင် စနစ်ချင်း အတူတူသာဆိုရင် ဘာမသိညာမသိအာဏာရှင်တွေ အောက် မှာနေနေရဖို့  ပြည်သူတွေ ရဲ့ရွေးချယ်မှု့ အတိုင်း ကိုယ်ဒဏ် ကိုယ်ခံပဲ အစိုးရတစ်ရပ်သည် ပြည်သူနှင့်တန်သော အစိုးရပဲဖြစ်ပါလိမ့်မယ်။
ဖွဲ့ စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၅၄ အရ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးရပ်ရွာအေးချမ်းသာယာရေး ဒါမှမဟုတ် တည်ဆဲဥပဒေတွေနဲ့ မဆန့်ကျင်ရင် နိုင်ငံသားတိုင်းဟာ မိမိတို့ ရဲ့ယုံကြည်ချက် ထင်မြင်ချက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်

ရှိပါတယ်။
လွှတ်တော်ရဲ့  လုပ်ဆောင်ချက်တွေကိုလည်း ပြည်သူတွေအနေနဲ့ တည်ဆဲဥပဒေတွေနဲ့အညီ လွတ်လပ်စွာ ဝေဖန်ပြောဆို ရေးသားခွင့်ရှိပါတယ်။ ဒီလို ရေးသားတဲ့အခါမှာ ဥပဒေနဲ့  ညှိစွန်းတဲ့ အရေးအသားမျိုးပါရင် အမှုဖွင့် အရေးယူနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ ဝေဖန်ရေးသားချက်တွေကို ဟိုလိုရေးပါ၊ ဒီလိုရေးပါ၊ ဟိုလိုမြင်ပါ ဒီလိုမြင်ပါဆိုတဲ့ သဘောဆောင်တဲ့ လွှတ်တော်ရဲ့ ထုတ်ပြန်ချက်မျိုးဟာ အခြေခံဥပဒေပါ နိုင်ငံသားတို့ရဲ့  မူလ အခွင့်အရေးကို ထိပါးလွှမ်းမိုးတဲ့ သဘောဆောင်တယ်လို့  ထင်မြင်ယူဆမိပါတယ်။

ကိစ္စတစ်ခုဟာ ဘက်ပေါင်းစုံ ရူထောင့်ပေါင်းစုံက အမြင်ပေါင်းစုံ ရှိနေမှာပါ။ လွှတ်တော်ကြီးရဲ့အကြိုက် လူတိုင်း လိုက်မမြင်နိုင်ပါ။ ထပ်ပြောပါရစေ … လွှတ်တော်က လုပ်ဆောင်တဲ့ ကိစ္စရပ်တွေကို ကြိုက်သူ ရှိသလို မကြိုက်သူလည်း ရှိမှာပါ။ ကြိုက်ကြောင်း မကြိုက်ကြောင်း ဝေဖန်ရေးသားသူတွေလဲ လူမျိုးစုံ ရှိကြမှာပါ ဝေဖန်ချက်ဟာ ဥပဒေနဲ့ အညီ ရေးသားဝေဖန်ဖို့ သာ လိုပါတယ်။

စစ်တပ်က အသွင်ပြောင်းတွေ အများဆုံးပါတဲ့ အရင် လွှတ်တော်ကတောင် ဒီလိုမျိုး ပြည်သူကို ဟိုလိုမမြင်ဖို့  ဒီလိုမမြင်ဖို့ သတိပေးတဲ့ ကြေညာချက်မျိုး မထုတ်ပြန်ခဲ့ဘူးပါ။ လွှတ်တော်ဆိုင်ရာ လုပ်ငန်းများရှင်းလင်း ဆွေးနွေးခြင်းအစီအစဉ်အကြောင်း လုံးဝ မဝေဖန်ခဲ့ပေမယ့် ယခုပြည်ထောင်စုလွှတ်တော်ရဲ့ ထုတ်ပြန်ချက် ကိုတော့ ပြင်းပြင်းထန်ထန် ရှုံ့ချကန့် ကွက်ပါတယ်။

ပြောင်းလဲချိန် တကယ်ကို တန်ပါပြီ ......။

ဇင်လင်းသန့်

No comments:

Post a Comment