Tuesday, April 1, 2014

သြော် စစ်သား စစ်သား ..

ဗိုလ်ချူပ်တို့ ဂျပန်ကနေစစ်ပညာသင်ပြန်လာပီး ဗမာ လွပ်လပ်ရေး အတွက်ကြိုးပမ်းစဉ်တုန်းက
စိတ်ဓါတ် တတ်ကြွစေဖို့ မြန်မာစစ်သီချင်းတွေ

 ရေးဖို့ကြိုးစားကြပါတယ် ဂျပန်စစ်သီ ချင်းတွေကို မှီငြမ်းကာ မြန်မာစာသား ထည့်ပြီး ဆိုခဲ့တယ်လို့  ဖတ်ဖူးပါတယ် မည်သို့ပင်ဆိုစေ ကာမူ မြန်မာစစ်သီချင်းများဟာဆိုလိုက် တာနဲ့ စိတ်ဓါတ်တတ်ကြွလာတတ်ပါတယ် စစ်သားဟောင်းကြီးတွေဟာ သူတို့ငယ်ဘ၀တွေ
ပြောတိုင်း စခန်းကုန်းကို စစ်သီချင်းအော်ဆိုပြီး တက်သိမ်းခဲ့တဲ့ အကြောင်းလည်းကြားဖူးပါတယ်
ပြောရရင် ကျနော် သဘောကျတဲ့ နိုင်ငံတကာက ဗိုလ်ချူပ်တွေထဲမှာ ဂျပန်က ရာမာမိုတို ဂျာမဏီ က ရွန်းမဲစစ်တပ်တွေထဲမှာ ဂျပန်နဲ့ ဂျာမဏီကို သဘောကျပါတယ် ဂျပန်က မြန်မာတွေကို ဘယ် လိုနိုပ်စက်ခဲ့တယ်ဆိုတာလည်း သိပါတယ်။

   ဒါပေမယ့် ကျနော်ကြိုက်တာ သူတို့ ရဲ့စစ်သားစိတ်ပါ နေနတ်မျိုးနွယ်က ဆင်းသက်လာတယ်လို့  ခံယူထားတဲ့သူတို့ဟာ ဘယ်တော့မှရန်သူကို လက်နက်ချ အရှုံးမပေးပါဖူးတိုက်ပွဲတခုကို ဘယ်တော့ မှနောက်မဆုတ်ဘဲတိုက်ကြပါတယ် အသေသာခံသွားမယ် ဘယ်တော့မှ နောက်မဆုတ်တဲ့ အချက် ဟာ ဂျပန်စစ်ရှုံးရတဲ့ အချက်ထဲက တခုလို့  ဖက်ဖူးပါတယ် တဦးချင်း တယောက်ချင်းဟာ ဘယ်တော့မှ အသက်သေမှာကို မကြောက်ပါဖူး ဂျပန်လက်နက်ချ တုန်းက အမိန့်ကိုဖတ်ရတဲ့ ဂျပန်အရာရှိတွေဟာ သူတို့ အောက်ငယ်သားတွေရဲ့ သေနတ်ကစပြီး ဓါးမြောင်အကုန် သိမ်းပြီး အမိန့်ကိုဖတ်ရပါတယ် မသိမ်းရင်လည်း အမိန့်ကိုဖတ်ပြီးတာနဲ့ ဂျပန်စစ်သည်တော်တွေဟာ နေရာ မှာ တင် ကိုယ့်ကိုကိုယ့် အဆုံးစီရင်လိုက်ကြပါသတဲ့..။

သူတို့ အခေါ်ကတော့ ကာမိကာဇေ ပေါ့ သူတို့နေမျိုးနတ်နွယ်တွေဟာ ရန်သူသတ်ခံရတာထက်
ရန်သူကိုလက်နက်ချရတာထက် ကိုယ့်ကိုကိုယ်သတ်သေရတာမြတ်ပါသတဲ့ ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်လက်နက်ချမယ် ကြားတော့ ဂျပန်စစ်တပ်ထဲက စစ်သည်တော်အချို့ ဟာ ဂျပန် ဘုရင် နန်းတော်ကို ၀င်စီးကြပါသတဲ့ သူတို့အထင်ကတော့ သူတို့ ဂျပန်တွေဟာ ဘယ်တော့မှ ရန်သူကို လက်နက်မချသူတို့ဘုရင်ကို သူရဲဘောကြောင်တဲ့ ကောင်တွေက ၀ိုင်းအကျပ်ကိုင်ပြီး လက်နက် ချခိုင်း တယ်ထင်ပြီးနန်းတော်ကို ၀င်စီးကြတာပါ ဘုရင့်ကိုယ်ရံတော် တပ်ဖွဲ့ ဟာလည်း အပြင်း ထန်ပြန်ခုခံတဲ့ အတွက်နန်းတော်ရှေ့မှာ သွေးချောင်းစီးသွားပါတယ် ဒါပေမယ့် ဂျပန်ဘုရင်ကိုယ် တိုင် ရေဒီယိုကနေ လက်နက်ချကြောင်း ကြေညာလိုက်တဲ့အခါနန်းတော်ရှေ့မှာထပ်ပြီးသွေးချောင်း စီးပြန်ပါရောဝင်စီးဖို့ ကြိုးစားတဲ့ စစ်သားတွေဟာ နန်းတော်ရှေ့မှာဘဲ သူတို့ကိုယ်ကိုသူတို့ အဆုံးစီ ရင်သွားလို့ပါ။

သြော် စစ်သား စစ်သား ..
တိုက်တော့လည်းသူတို့  သေတော့လည်းသူတို့ လက်နက်ချလိုက်လို့  အိမ်ပြန်ရမှာကို မစဉ်းစား မိသားစုနဲ့ ပြန်တွေ့ဖို့ မစဉ်းစား တိုင်းပြည်အတွက်သာ စဉ်းစားသတဲ့ ကျနော် ငယ်ငယ်က အဖေနဲ့တွေ့ ချိန်ဟာ တနှစ်မှာ တလတောင်မပြည့်ပါ ရှေ့တန်းထွက်ရင် hino 10 စီးလောက်နဲ့ ဦးထုပ်တွေယမ်းပြ စစ်သီချင်းတွေ အော်ဆိုပြီး ထွက်သွားပြီး ပြန်ဝင်လာရင်တော့ ကားက 3 စီးတောင်မပြည့်ချင်ပါဒါပေမယ့်သူတို့တွေ ရှေ့တန်းမှာရန်သူနဲ့အသက်ချင်းထပ်ပြီးတိုက်နေတဲ့အချိန် မှာ ကျနော် သရေပင်း ပစ်လို့ကောင်းနေချိန်ပါ ကျောက်ဒိုးရိုက်လို့ ကောင်းနေချိန်ပါ ညဖက်မှာ အမေ့ရင်ခွင်မှာ ကောင်းကောင်းကြီးအိပ်နေချိန်ပါ ဟိုတုန်းက မြို့ကျော်ရင် တိုက်ပွဲဖြစ်တဲ့နေ ရာတွေဟာဒီနေ့ ခတ်မှာတော့ အေးအေးလူလူ ကူးသန်းသွားလာလို့ ရနေပါပြီ ရန်ကုန် ကွက် ကွက်လေးကျန်တဲ့အချိန်ကနေပြီး ဒီနေ့ခေတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ဆိုပြီး ဖြစ် လာတဲ့ထိမြန်မာစစ်သည်တော်တွေရဲ့ အသက်တွေ ခြေတွေ လက်တွေ ပုံအောပေးပြီး လဲယူခဲ့ရ တာပါဒီနေ့  အွန်လိုင်းမှာ စစ်ခွေးလို့ပြောလဲ ကျနော်ဟာ ကျေနပ်စွာခံယူ တဲ့သူ ပါ ဒီစစ်ခွေးတွေကြောင့်ဘဲ သူတို့တွေ အေးအေးလူလူ ဆန္ဒပြခွင့် လက်ဖက်ရည်ဆိုင်ထိုင်ခွင့် ဂျာနယ်ဖတ်ခွင့်တွေရလာတာဘဲမဟုတ်ပါလား တကယ်လို့သာ အဲ့လိုလဲမယူခဲ့ဖူးဆို ရင် နေ၀င် မီးမှိတ် တောထဲပြေးပုန်းနေရမှာ ဘယ်သူတွေပါလဲ ခုရော ကရင်ပြည်နယ်သွားဖို့ ဗီဇာလိုပါသလား ရှမ်းပြည်သွားဖို့ ဗီဇာလိုပါသလား ကျနော် 10 တန်းတုန်းကကျောင်းအုပ်ဆရာမကြီးက သူ့ငယ်စဉ် ဘ၀ပြန်ပြောတိုင်း သူမူလတန်း ကျောင်းသူဘ၀တုန်းက စာသင်ဖို့ကို တပ်က လုံခြုံရေးယူပေး ရပါ သတဲ့ စာသင်နေရင်းနဲ့ သေနတ်သံကို နားစွင့်နေရပါသတဲ့ သေနတ်သံကြားတာနဲ့ စာသင်ကျောင်းဘေးက ကတုတ်ကျင်းထဲ ပြေးပုန်းရပါသတဲ့ ကျနော်တို့ ခုလိုအေးအေးလူလူစာ သင်ရတာအင်မတန်ကံကောင်းတဲ့အတွက် စာကိုကြိုးစားဖို့  အမြဲမှာတတ်ပါတယ် စစ်သားတွေဟာ သူတို့ တာဝန်သူတို့ ကျေခဲ့ပါတယ် သူတို့အသက်တွေရင်းပြီး ဒီမြန်မာပြည်မြေပုံကို အကောင်းတိုင်း လက်ဆင့်ကမ်းပေးခဲ့ပါတယ်။
ကျဆုံးလေပြီးသော တပ်မတော်သားအပေါင်း ကောင်းရာသုဂတိလားပါစေ
အေးမောင်မောင်

No comments:

Post a Comment