Tuesday, April 8, 2014

လောကမှာ ရှာတဲ့အရာ တွေ့မည်သာ...

လမ်းထိပ်မှာ မုံ့ဟင်းခါးဆိုင် တစ်ခုရှိတယ် အရပ်ထဲက သူတွေသာမက အပြင်ကနေ ကားတွေ နဲ့လာလာစားကြတယ် ရောင်းဈေးက တစ်ပွဲကို abc ရတယ် တစ်နေ့ကို ပွဲ #### လောက် သူရောင်းနေ ရတယ် တစ်ခါတစ်ရံ အော်ဒါတွေ ရလို့ အခန်းအနားတွေသူလိုက်ရောင်းပေးရ တာတွေရှိတယ်။ သူတို့ ဝယ်တဲ့ မုံဖတ်ဆိုင် ငါးဆိုင် နဲ့ ဈေးထဲက သူတို့ သုံးတဲ့ ပစ္စည်းဝယ်တာတွေ လုပ်လေ့ရှိတယ် သူတို့ အရင်းက xxx လောက်ဘဲ ရှိတာကို လာစားတဲ့သူတွေက xyz ပေးတယ်
ဒါကြောင့် သူတို့ အတော်ချမ်းသာလာကြတယ်။
နောက်တစ်ဦးကလည်း မုံ့ဟင်းခါးချက်တတ်တယ်လို့ သူကိုယ်သူထင်တယ် သူဟာပိုကောင်းတယ်လို့ လဲ သူဖာသူပြောတယ် သူလည်းဆိုင်ထပ်ဖွင့်တယ် သူဆိုင်ကလည်း abc နဲ့ရောင်းတယ် လူတွေ သိပ်လာမစားကြဘုး လျော့ရောင်းကြည့်တယ် မလာဘူး ဟိုသူသုံးတဲ့ ကုန်ကြမ်းတွေနဲ့ ဟိုတစ်ယောက် သုံးတာလည်းတူတူဘဲ သုံးတယ် သို့သော် မရောင်းရတဲ့ အတွက် မကုန်တဲ့ ဟင်းတွေ က ရှုံးလာတယ် ရင်းထားတဲ့ အိုးတွေ ခွက်တွေဖိုးက အလကားဖြစ်နေတယ် တစ်နေကုန် ဘာမှမလုပ်ရဘဲ လာစာသူထိုင်စောင့်နေရတော့ အခြားအလုပ်လည်း မလုပ်ရတော့ ငွေမဝင်ဘူး။
ဒီလိုဆိုရင် လောကကြီးက မတရားတာလား ရပ်ကွက်ထဲက လူတွေမျက်နှာလိုက်တာလား အဖြစ်အပျက်က သဘာဝမကျတာလား ကံကြောင့်လား နောက်လူက မလုပ်တတ်တာလား ဘာလားညာလားတွေးတော်နိုင်တယ်။
တကယ်တော့ ဘွဲရတဲ့သူချင်းတူတူ တို့ ပညာတတ်တာချင်းတူတူတို့ ကြိုးစားတာချင်းတူတူတို့ ရင်းနှီးမြုတ်နှံတာချင်းတူတူတို့ ဆိုတာနဲ့ အတူတူပြန်ရရမယ်ဆိုတာ တကယ်တော့ မသေချာပါဘူး။ ဒီဘွဲရရင် ဒီလခပေးရမယ် ဒီလုပ်သက်ရှိရင် ငါဒီလောက်တန်တယ် ဒီလောက်ငါလုပ်နိုင်ရင် ဒီလိုပေးရမယ်ဆိုတာက သူဖာသူသတ်မှတ်ကြတာတွေလို့ ပြောနိုင်ပါတယ်။
တကယ်တော့ ကိုယ်မုံဟင်းခါး လူတွေဘာလို့ လာမစားတာလဲဆိုတာကို အဖြေရှာဖို့ မကြိုးစား ဘဲ လောကကြီးဆိုတာမတရားဘူးဆိုတာ သက်သေပြဖို့ ကြိုးစားနေရင် ကိုယ်ဘာလိုနေ လဲဆိုတာကို ကိုယ်ဖာကိုမမြင်နိုင်ရင် အောင်မြင်သူတွေရဲ့ လှို့ဝှက်ချက်ကို မြင်အောင်မကြည့်နိုင်ရင် အချိန်အတိုင်းအတာတစ်ခုရင်းပြီး ယုံကြည်မှု့ကို မတည်ဆောက်နိုင်ရင် တော့ စိတ်မွန်းကျပ်နေတဲ့ သူတစ်ဦးအနေနဲ့ ဘဲ နေထိုင်ရမှာပါ။ ကံကြောင့်ဘဲဖြစ်ဖြစ် ဝီရိယကြောင့်ဘဲဖြစ်ဖြစ် ဉာဏ်လိုတာ ဘဲဖြစ်ဖြစ် တတ်နိုင်သလောက်ဖြည့်ပြီး အကြိမ်ကြိမ်မကြိုးစားဘဲ မတရားဘူး တရားတယ် ပေ တံကြီးနဲ့ ဘဲ နေရင်တော့ လှပတဲ့ အနာဂတ်တွေရဖို့ ခက်ပါတယ်။ ရောင်းနေတဲ့ မုံဟင်းခါးတိုင်ဘေး

မှာ မြီးရှေ ဆိုင်လေးထွက်လာပြီး မုန့်ဟင်းခါးဆိုင် လူမရှိတော့ဘဲ လူတွေ မြီးရှေဆိုင်မှာလာတိုးနေ တာ လည်း ဖြစ်တတ်တာဘဲနော်သတိထားဖို့ ပြောတာပါဘာလို့လည်းဆိုတော့ လူတွေက တစ်ဦးနဲ့  တစ်ဦး တကယ်မတူပါဘူး။ နောက် ဈေးဝယ်တွေ ဖောက်သယ်တွေ လက်ခံသူတွေ ရဲ့ ပေတံနဲ့ ကိုယ်ဖာကိုယ်တိုင်းနေတဲ့ ပေတံတွေမတူနိုင်ကြပါဘူး။ တကယ်တော့ လောကကြီးဆိုတာ ငယ်ငယ်က အတန်းထဲက အဆင့် သတ်မှတ်ချက် မှာလို အဆင့် ၁ က အတော်ဆုံးလို့ မယူဆကြပါဘူး။ ဒီလိုမရိုးရှင်းတဲ့ အမှန်တရားတွေကို ပေးထားချက်လို့ လက်မခံနိုင်ရင် ကိုယ်ဖာကိုယ် တည်ဆောက်ထားတဲ့ မူဝါဒတွေနဲ့ ဘဲ ဖြစ်သင့်တယ် ဖြစ်ရမယ် အော်နေရင်တော့ ကိုယ်ဘဲ ဘောင်ပြင် ရောက်သွားမှာပါ။

သမတကြီးလင်ကွန်း ကြီးမြတ်သူမဖြစ်ခင် ဘယ်လောက် ရှုံးနိမ့် ခဲ့ရသလဲ Apple ရဲ့ စတိဂျော့ကရော ခွက်ခွက်လန်အောင် မရှုံးဘူးသူလား သူတို့ရော လုပ်တိုင်းတင့်တယ်ခဲ့သူတွေလား။ လျှမ်းလျှပ်တောက်နေခဲ့တဲ့ Nokia အခု ဘယ်ရောက်သွားပြီလည်း အခုလပ်တလော BlackBerry Sony Motorolla တွေ ရော ဘာဖြစ်ကုန်တာလဲ သူတို့ က မတတ်ကြလို့လား မသိလို့လားလို့ မေးစရာရှိပါတယ်။ နပိုလီယံလည်းနောက်ဆုံးတော့ စစ်ရှု့းခဲ့ရတာပါဘဲ။တကယ်ဖြစ်တာကို ဘဲ ဘာကြောင့် အဖြေရှာစေချင်ပါတယ် ဘယ်လိုဖြစ်သင့်တာ မဖြစ်လို့ မဖြစ်သင့်ဘူး ပြောလို့ မရပါဘူး။ လောကကြီး ကို ရွဲလို့မရပါဘူး သူအလုပ်သူလုပ်နေတာက စနစ်ကျနေပြီးသားပါ တကယ်တော့ ရှင်သန်သူတွေဆိုတာ ပတ်ဝန်းကျင်ကို လိုက်ပြီး လိုတာပြောင်းနိုင်သူတွေပါ လိုတာတွေပြောင်းတာကို လိုက် ဖြည့်နေနိုင်သူပါ ဘဝဆိုတာတကယ်တော့ ကိုယ်ဖန်တီးတာပါ။ သူများဖန်တီးတာ ခံနေတာကို က သူဖာသူအဲလိုဖြစ်အောင်ဖန်တီးနေတယ်လို့ တွက်နိုင်ပါတယ် အဖြေရှာတွေ့နိုင်ကြပါစေ။


ရဲမြတ်သူ

No comments:

Post a Comment