Tuesday, April 1, 2014

အစိုးရနှင့် ပြည်သူတို့ အကြား အစဉ်တစ်စိုက် ကြိုးပမ်းခဲ့ကြသော အတိုက်အခံတို့ ၏ ကျရှုံးမှု

သမ္မတကြီး တာဝန်ယူပြီး
ခါစ အချိန်အတွင်းမှာပင်
ပြည်တွင်း အကျပ်အတည်း 
တစ်ခုဖြစ်သည့် မြစ်ဆုံ
စီမံကိန်းအား အပြစ်ရှာ၍ 
အစိုးရအဖွဲ့အား ထောက်
ပြဝေဖန်၍ တိုက်ခိုက်ခဲ့သည်။
=========================
သို့သော် သမ္မတကြီး မှ ပြည်သူ များအား ကတိပေးခဲ့သည်။ မိမိ ၏ သက်တမ်းတွင်လုံးဝမပြု
လုပ်ပါ။နိုင်ငံတစ်ကာ ခုံရုံးမှ အရေးယူဆောင် ရွက်လျှင်လည်း တာဝန်ယူ ဖြေရှင်းမည်ဟုဆိုခဲ့သည်။
--------------------
နောက်တစ်ဖန် လက်ပန်းတောင်း တောင်အရေးအခင်းအားဖန်တီး၍ ထပ်မံ နားလည်မှုနှင့် ယုံကြည်မှု ကင်းစေရန် ထပ်မံဖန်တီး ခဲ့ကြပြန်သည်။သို့သော် ထိုအရေးအခင်း ဖြိုခွင်းမှုနှင့်ပါတ် သတ်၍ အတိုက်အခံ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စုံစမ်းစစ်ဆေးရေး ကော် မရှင် ခေါင်းဆောင်အနေဖြင့် တာဝန်ယူဆောင်ရွက်သောအခါ အမှန်၊အမှားအဖြေအား တိ ကျစွာ ထွက်ပေါ် လာပြီး ဒေါ်စုကိုယ်တိုင်လက်ပန်းတောင်း ဒေသခံများနှင့် စကားများသည်အထိဖြစ်ခဲ့ သည်။
---------------------
ရခိုင်အကျပ်အတည်း ပေါ်ပေါက်လာပြန်သော အခါအတိုက်အခံခေါင်း ဆောင်ကြီးမှ OIC နှင့်ပါတ် သတ်၍ နှုတ်ဆိတ်နေပြီး ပြည်သူနှင့်အစိုးရအား ထိပ်တိုက်တွေ့စေရန် ဖိအားတစ်ခု ဖန်တီးပြန် သည်။သို့သော် သမ္မတကြီးမှ ပြည်သူလူထုမှ လက်မခံသောOIC အားလုံးဝလက်မခံ ဟု ပြတ်သား စွာ ကြေငြာခဲ့သည်။
-----------------------
ရခိုင်မြေ အကျပ်အတည်းတွင်ပင် UN အား ဖိအားပေးစေနိုင်ရန် လှစ်ဟ၍ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင်ဘင်္ဂလီကုလားများအား ထည့်သွင်းကောက်ခံစေရန် ဖန်တီး မှုပြုလုပ်ခဲ့သည်။
သို့သော် သမ္မတကြီးမှ UN အားပြည်တွင်းရေးတွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုစေရန် ပြတ်သား စွာ ကြေငြာချက်ထုတ်ခဲ့ပါသည်။
-----------------------
အမျိုးဘာသာစောင့်ရှောက်လိုသူများမှ မျိုးစောင့်ဥပဒေအား တင်သွင်းရန် ကြိုးပမ်းကြသော အခါ နိုင်ငံတစ်ကာလူ့အခွင့်အရေးစံချိန်စံညွန်း များနှင့်ထိုးချကာပြည်သူများနှင့် သံဃာများ ၊သံဃာများ ၊ပြည်သူတို့နှင့် အစိုးရကြားအကျပ်အတည်းအား ဘေးမှ တွန်းပို့ခဲ့ပြန်သည်။သို့သော် သမ္မတကြီးမှ အမျိုးဘာသာအား အလေးထား၍ ဥပဒေပြုပေးနိုင်ရန် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သော
လွှတ်တော်သို့သဝဏ်လွှာပေးပို့ ၍ တောင်းဆိုခဲ့ပါသည်။
-----------------------
ယခု ရိုဟင်ဂျာအား တိုင်းရင်းသားအမည်ဖြင့် သန်းခေါင်စာရင်း ကောက်ခံစေရန် အတိုက်အခံခေါင်းဆောင်ကြီး၏ နှုတ်မှပင် ဖွင့်ဟ၍ တိုင်းရင်းသားဖြစ်သင့်ကြောင်း နိုင်
ငံတကာတွင်ပြောဆို၍ အစိုးရနှင့်ပြည်သူတို့ အကြားကြီးမားသော အကျပ်အတည်းတစ်ခုအား ထပ်မံဖန်တီး ယူပြန်သည်။
သို့သော် သမ္မတကြီး ဦးသိန်းစိန်မှ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် မည်သည့်နိုင်ငံများ၏ဖိအား များကိုမှ မမှုပဲ ရိုဟင်ဂျာအား လုံးဝထည့်သွင်း
မကောက် ဟုပေးထားထဲ့သော ကတိကို ထပ်မံ၍ တည်ခဲ့ပြန်ပါသည်။
------------------------

No comments:

Post a Comment