Monday, April 8, 2013

အိမ်နီးချင်းနဲ့ စကားများပြီး ရဲစခန်းမှာ အတိုင်ခံရပြန်တဲ့ Justin Bieber


ပရိသတ်ဘ၀င်မကျစရာဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုဆို သ လို ဆက်တိုက် ဖြစ်ပေါ်နေတဲ့ အဆိုတော် Justin Bieber ဟာ သူ့ရဲ့ Believer World Tour ကမ္ဘာလှည့် ဖျော်ဖြေ ပွဲစဉ် တစ်ရပ် အဖြစ် ပိုလံ နိုင်ငံမှာ ဖျော်ဖြေ ခဲ့ပြီး နောက် ဂျာမနီ နိုင်ငံကို ပွဲမကူးခင် ခဏတာ အနားယူရန် အမေ ရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့ကို မတ် ၂၆ ရက်နေ့က ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ရောက်
 ရောက်ချင်း ဆောက်နဲ့ ထွင်းဆိုသလိုပဲ အိမ်နီးချင်း တစ် ဦးက Bieber မရှိခိုက် သူ့နေအိမ်ဟာ သူငယ်ချင်းတွေ ပါ တီပွဲကျင်းပရာ နေရာ ဖြစ်ပြီးပတ်ဝန်းကျင်မခံသာ လောက်အောင် ဖြစ်နေတာကြောင့်Bieber ရောက် လာချိန်မှာလာရောက်တိုင်တည် ပြောကြားရင်းအဆင်မပြေ ဖြစ်ကာBieberရဲ့လုံခြုံရေး အစောင့်ေ တွ က အဆိုပါ အိမ်နီးချင်းကို နေအိမ် ၀န်းထဲကနေ အပြင်သို့ ခေါ်ထုတ် သွားခဲ့ရသည်။ 
အဲဒီ အိမ်နီးချင်းက မနက်ခင်းမှာ ဖြစ်ခဲ့တဲ့ စကား အချေအတင် ဖြစ်မှုမှာ Justin Bieber က ကိုယ်ထိ လက်ရောက် ကျူးလွန် ခဲ့သည့် အပြင် ခြိမ်းခြောက် ပြောကြားမှု တွေလည်း ပြုလုပ်ခဲ့ကြောင်း ရဲဌာ နမှတိုင်ချက်ဖွင့်ခဲ့ပါသည်။လော့စ်အိမ်ဂျလိစ်ရဲအဖွဲ့ကအမှုကို စုံစမ်း စစ်ဆေးဖို့ လက်ခံ ထားကြောင်း လည်း သိရပါတယ်။ Bieber ဟာ ပိုလန် နိုင်ငံ Lodz မြို့ ဖျော်ဖြေပွဲ ပြီးနောက် လေဆိပ်ကို တန်းဆင်းပြီး အမေရိကန် ပြည်ထောင်စုကို ပြန်လာခဲ့ တာပါ။ အဲဒီမှာလည်း ကားပေါ်က ဆင်းလာ ကတည်းက အပေါ် အိင်္ကျီ ချွတ်ပြီး ကိုယ်ပိုင်း ဗလာကျင်းလျှက် အနေအထားနဲ့ Lodz လေဆိပ်ထဲကို ၀င်ရောက်လာခဲ့တယ်ဟုဆိုပါတယ်။ရေခဲမှတ် အောက်ရောက်အောင် အေးမြတဲ့ ရာသီ ဥတု ဖြစ်ပေ မယ့် စစ်ဆေးရေး ဂိတ်အ၀မှ အင်္ကျီချွတ် ပြစရာ မလိုတော့ဘူးပေါ့ ဆိုတဲ့ အကြောင်း ပြ ချက်ပေး ကာ ကိုယ်တစ်ပိုင်း ဗလာနဲ့ ပိုလန် နိုင်ငံ Lodz မြို့ လေဆိပ် ထဲကို ၀င်ရောက်ခဲ့တဲ့ Justin Bieber ဟာ ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ လော့အိန်ဂျလိစ် ကို ပြန်လာ ခဲ့တာပါ။ 
Myanmar Daily News မှ ကူးယူ ဖော်ပြသည်။

No comments:

Post a Comment